About Better
Better ဆိုသည်မှာ ဘာလဲ။
Better သည် မြန်မာနိုင်ငံရှိ ငွေကြေးဝန်ဆောင်မှု ကုမ္ပဏီတစ်ခုဖြစ်ပြီး ပွင့်လင်းမြင်သာမှု၊ လိုက်လျောညီထွေပြောင်းလဲနိုင်မှုနှင့် ဆန်းသစ်တီထွင်မှုတို့ကို အခြေခံ၍ ဘဏ္ဍာရေးဆိုင်ရာ အခွင့်အလမ်းများ ပိုမိုရရှိစေရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိပါသည်။ ကျွန်ုပ်တို့၏ ရည်မှန်းချက်မှာ လူပုဂ္ဂိုလ်များနှင့် စီးပွားရေးလုပ်ငန်းများ၏ ဘဏ္ဍာရေးစီမံခန့်ခွဲမှု နည်းလမ်းများကို တိုးတက်ပြောင်းလဲစေခြင်းဖြစ်ပြီး တစ်နေရာတည်းတွင် ဝန်ဆောင်မှုပေးနိုင်သော ဘဏ္ဍာရေးဝန်ဆောင်မှုပေးသူအဖြစ် ရပ်တည်နိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။
ယုံကြည်စိတ်ချရမှုနှင့် တာဝန်ယူမှုကို အခြေခံ၍ မြန်မာပြည်သူများ၏ အိပ်မက်များကို အကောင်အထည်ဖော်နိုင်ရန်၊ ဘဏ္ဍာရေးဆိုင်ရာ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရန်နှင့် ပိုမိုကောင်းမွန်သော အနာဂတ်တစ်ခု တည်ဆောက်နိုင်ရန် အစဉ်တစိုက် ကူညီပံ့ပိုးပေးလျက်ရှိပါသည်။
Better ရဲ့ ဝန်ဆောင်မှုတွေကို ဘယ်သူတွေက အသုံးပြုနိုင်ပါသလဲ။
ပုံမှန်ဝင်ငွေရှိသူ မည်သူမဆို Better တွင် လျှောက်ထားနိုင်ပါသည်။ ထို့အပြင် Better နှင့် လက်တွဲထားသော ကုမ္ပဏီ/အဖွဲ့အစည်းများ၏ ဝန်ထမ်းများသည် အထူးအခွင့်အရေးများနှင့် အကျိုးခံစားခွင့်များကိုလည်း ရရှိနိုင်ပါသည်။
Better တွင် ဘယ်လို ဝန်ဆောင်မှုတွေရရှိပါသလဲ။
အီလက်ထရွန်နစ်၊ အိမ်အသုံးအဆောင်ပစ္စည်းများနှင့် အခြား လူသုံးကုန်ပစ္စည်း အမျိုးအစားများစွာကို Better စတိုး ဝန်ဆောင်မှုကိုမှ တဆင့် ရယူအသုံးပြုနိုင်ပါသည်။ ထို့အပြင် သင်၏ ပြန်လည်ပေးချေမှုမှတ်တမ်းနှင့် မှာယူမှုဆိုင်ရာ လုပ်ဆောင်ချက်များအပေါ် မူတည်၍ အနာဂတ်တွင် အခြားဝန်ဆောင်မှုများကိုလည်း အသုံးပြုနိုင်လာမည်ဖြစ်ပါသည်။
Better အက်ပလီကေးရှင်းကို အသုံးပြုရန်အတွက် အနည်းဆုံး Device OS ဘယ်လောက်ရှိရန် လိုအပ်ပါသလဲ။
Android ဖုန်းများအတွက် အနည်းဆုံး OS ဗားရှင်း 7.0 နှင့်အထက်၊ iOS ဖုန်းများအတွက် OS ဗားရှင်း 15.1 နှင့်အထက် လိုအပ်ပါသည်။ သတိပြုရန်မှာ Root ဖောက်ထားသော၊ Jailbreak လုပ်ထားသော ဖုန်းများ၊ Simulator တွင် အသုံးပြုသော စက်များ၊ သို့မဟုတ် Official Store မဟုတ်သော နေရာများမှ ဒေါင်းလုဒ်လုပ်ထားသော အက်ပလီကေးရှင်းများဖြင့် Better အက်ပလီကေးရှင်းကို အသုံးပြုရာတွင် အဆင်မပြေမှုများ ဖြစ်နိုင်ပါသည်။
Registration, Sign Up and Log In
Better တွင် အကောင့် ဘယ်လိုဖွင့်ရမလဲ။
Better အကောင့် အဆင့် ၁ ကြိုတင်စာရင်းသွင်းခြင်းအတွက် မည်သည့်ဖုန်းနံပါတ်ဖြင့်မဆို အကောင့်ဖွင့်၍ စာရင်းသွင်းနိုင်ပါသည်။
Better အကောင့် အဆင့် ၁ ဆိုတာဘာလဲ။
အကောင့်ဖွင့်ခြင်းအဆင့်တွင် ပထမဆုံးအဆင့်မှာ အဆင့် ၁ အကောင့်ဖွင့်ခြင်း ဖြစ်သည်။ အကောင့် အဆင့် ၁ ဖြင့် အက်ပ်အတွင်း ကြည့်ရှုနိုင်ပြီး လုပ်ဆောင်ချက်အချို့ကို ကန့်သတ်ထားမည် ဖြစ်သည်။ အဆင့်၁ အကောင့်ဖွင့်ခြင်းသည် ရိုးရှင်းပြီး မည်သည့်ဖုန်းနံပါတ်ဖြင့်မဆို အလွယ်တကူ စာရင်းသွင်းနိုင်ပါသည်။
Better အကောင့် အဆင့် ၂ ဆိုတာဘာလဲ။
သင့်တွင် အဆင့် ၁ အကောင့် ရှိပြီးသားဆိုပါက အဆင့် ၂ သို့ အလွယ်တကူ အဆင့်မြှင့်တင်နိုင်ပါသည်။ အကောင့် အဆင့် ၂ သည် ပစ္စည်းများ မှာယူခြင်းအဆင့်သို့ ဆက်လက်လုပ်ဆောင်နိုင်ခြင်းနှင့် ချေးငွေလျှောက်ထားခြင်း အပါအဝင် လုပ်ဆောင်ချက်အားလုံးကို အသုံးပြုခွင့် ပေးထားပါသည်။
Better အကောင့်အဆင့် ၂ မြှင့်တင်ရန် ဘယ်လိုလုပ်ဆောင်နိုင်ပါသလဲ။
အဆင့် ၂ သို့ မြှင့်တင်ရန် အောက်ပါအချက်အလက်များကိုထည့်သွင်းရန်လိုအပ်ပါသည်။
- အမည်
- မှတ်ပုံတင်အမှတ်
- Wave Level 2 အတည်ပြုထားသော ဖုန်းနံပါတ်
- အီးမေးလ် (ရှိပါက)
- ကျား/မ
- မွေးသက္ကရာဇ်
တင်ပြရမည့်စာရွက်စာတမ်းများ
- မှတ်ပုံတင်အရှေ့နှင့်အနောက်
- မိမိမှတ်ပုံတင်အား မျက်နှာနားတွင်ထား၍ ကိုင်ဆောင်ထားသောပုံ
မည်သည့်ဖုန်းနံပါတ်နှင့်မဆို အကောင့်အား စာရင်းသွင်းလို့ရပါသလား။
အဆင့် ၁ (ကြိုတင်စာရင်းသွင်းခြင်းအဆင့်) အတွက် မည်သည့်ဖုန်းနံပါတ်ကိုမဆို အသုံးပြုနိုင်ပါသည်။ သို့သော် အဆင့် ၂ သို့ မြှင့်တင်ရန်အတွက် Wave Level 2 အတည်ပြုထားသော ဖုန်းနံပါတ်ကို လိုအပ်ပါသည်။
စာရင်းသွင်းခြင်းအောင်မြင်ကြောင်း မည်သို့သိရှိနိုင်သလဲ။
သင်၏ စာရင်းသွင်းခြင်းကို စစ်ဆေးအတည်ပြုပြီး မိနစ် ၃၀ အတွင်း အတည်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ရလဒ်ကို အသိပေးသွားမည်ဖြစ်ပါသည်။
စကားဝှက်မေ့သွားပါက ဘယ်လိုလုပ်ရမလဲ။
Better အကောင့်အား အဆင့် ၂ သို့ မြှင့်တင်ထားပါက Login စာမျက်နှာရှိ ‘စကားဝှက်မေ့နေပါသလား' ခလုတ်ကို နှိပ်၍ သင်၏ Better အကောင့် အဆင့်၂ စာရင်းသွင်းထားသော ဖုန်းနံပါတ်ဖြင့် စကားဝှက်ကို ပြန်လည်သတ်မှတ်နိုင်ပါသည်။ တစ်ခါသုံးကုဒ်အတည်ပြုခြင်း အောင်မြင်ပြီးနောက် စကားဝှက်အသစ်ကို ဖြည့်သွင်းပေးရန် လိုအပ်ပါသည်။ အကယ်၍ သင်၏ Better အကောင့်သည် အဆင့်၁သာ ရှိသေးပါက အဆင့်၁လျှောက်ရာတွင် အသုံးပြုခဲ့သော ဖုန်းနံပါတ်ဖြင့် စကားဝှက်ကို ပြန်လည်သတ်မှတ်နိုင်ပါသည်။
ကျွန်ုပ်၏ Betterအကောင့်အားအဆင့် ၂သို့ မြှင့်တင်ထားသော်လည်း အကောင့်အခြေအနေမှာ ဆောင်ရွက်နေဆဲဟု ပြသထားသည်မှာ ဘာကြောင့်လဲ။
လက်ရှိတွင် သင်၏ အကောင့်အချက်အလက်များကို စစ်ဆေးအတည်ပြုနေပါသည်။ ကျွန်ုပ်တို့ဘက်မှ စစ်ဆေးအတည်ပြုပြီးပါက သင်၏အကောင့်အခြေအနေအား အပ်ဒိတ်ပြုလုပ်ပေးသွားမည်ဖြစ်သည်။
ကျွန်ုပ်အကောင့်အား အဆင့် ၂သို့ မြှင့်တင်ခြင်းအား ငြင်းပယ်ခံရပါသည်။ မည်သို့ ဆက်လုပ်သင့်ပါသနည်း။
အကယ်၍ သင်၏ အဆင့်၂ အကောင့်ကို ပယ်ချခံရပါက ပယ်ချရသည့် အကြောင်းရင်းနှင့် ပြင်ဆင်ရန်လိုအပ်သော အချက်အလက်များကို ကိုယ်ရေးအကျဥ်းတွင် ကြည့်ရှုနိုင်ပါသည်။ လိုအပ်သော အချက်အလက်များကို ပြင်ဆင်ပြီး ပြန်လည်တင်ပြပါက ကျွန်ုပ်တို့ သင်၏ အချက်အလက်များကို ထပ်မံစစ်ဆေးပေးမည်ဖြစ်သည်။
မျက်နှာအတည်ပြုခြင်းနှင့် လက်ဗွေရာအတည်ပြုခြင်းဆိုသည်မှာ ဘာလဲ။
မျက်နှာအတည်ပြုခြင်းနှင့် လက်ဗွေရာအတည်ပြုခြင်း ဆိုသည်မှာ အသုံးပြုသူ၏ မျက်နှာအလားအလာ သို့မဟုတ် လက်ဗွေရာကို အသုံးပြုပြီး အကောင့်သို့ လုံခြုံစွာ ဝင်ရောက်နိုင်ရန် အသုံးပြုသည့် အတည်ပြုနည်းလမ်းများ ဖြစ်သည်။
Applying a Loan
ချေးငွေကို မည်သည့်နေရာတွင် လျှောက်ထားနိုင်ပါသလဲ။
"ဝန်ဆောင်မှုများ" စာမျက်နှာ သို့ သွားရောက်ပြီး Better တွင် ရရှိနိုင်သော ဝန်ဆောင်မှုများအားလုံးကို ကြည့်ရှုနိုင်ပါသည်။ Retail ဝန်ဆောင်မှုတစ်ခုကို ရွေးချယ်ပြီး ရရှိနိုင်သော ထုတ်ကုန်များကို ကြည့်ရှုကာ လျှောက်ထားနိုင်ပါသည်။
လျှောက်ထားလိုပါက မည်သည့်စာရွက်စာတမ်းများ လိုအပ်ပါသလဲ။
မှာယူမှုများကို လျှောက်ထားရန် လိုအပ်သော စာရွက်စာတမ်းများသည် ဝန်ဆောင်မှုအမျိုးအစားနှင့် အသုံးပြုသူအမျိုးအစားအလိုက် ကွဲပြားနိုင်ပါသည်။ Better စတိုး ဝန်ဆောင်မှုအတွက် လိပ်စာအချက်အလက်၊ နေထိုင်ကြောင်းအထောက်အထား၊ အိမ်ထောင်စုစာရင်း၊ မိမိမှတ်ပုံတင်အားမျက်နှာနှင့် နီးကပ်စွာရိုက်ထားသောပုံ နှင့် အာမခံသူအချက်အလက်တို့ကို တင်ပြရန် လိုအပ်ပါသည်။
ဘဏ္ဍာရေးစီမံခန့်ခွဲခြင်းဆိုတာဘာလဲ။
ဘဏ္ဍာရေးစီမံခန့်ခွဲခြင်းဆိုသည်မှာ သင်ရွေးချယ်ထားသော ကနဦးပမာဏ (ရှိခဲ့ပါက) နှင့် ပြန်ဆပ်ရမည့် ကာလအပေါ် မူတည်၍ သင်၏ လစဉ်ပြန်ဆပ်ရမည့် ပမာဏနှင့် ရှိရမည့်လစဉ်ဝင်ငွေတို့ကို ပြသပေးမည် ဖြစ်သည်။
ကနဦးပမာဏဆိုတာဘာလဲ။
ကနဦးပမာဏသည် မှာယူမှုတစ်ခု၏ စုစုပေါင်းဈေးနှုန်း တစ်စိတ်တစ်ပိုင်းကို ပထမဦးဆုံး အကြိုပေးချေရမည့် ပမာဏ ဖြစ်သည်။ ကျန်ရှိသော ပမာဏကို ရွေးချယ်ထားသော ဘဏ္ဍာရေးအစီအစဉ်အတိုင်း အဆင့်ဆင့် ပေးချေသွားရမည်ဖြစ်သည်။
ဝန်ဆောင်ခပေးချေရန် လိုအပ်ပါသလား။
ဝန်ဆောင်မှုများနှင့် မှာယူမှုများပေါ်မူတည်၍ ဝန်ဆောင်ခ ကျသင့်မည်ဖြစ်သည်။ ဝန်ဆောင်ခသည် ကနဦးပမာဏနှင့်အတူ WavePay မှတဆင့်ပေးချေရမည်ဖြစ်ပြီး ပြန်အပ်ပမာဏအဖြစ် ပြန်လည်မရရှိနိုင်ပါ။
ပြန်ဆပ်ကာလဆိုတာဘာလဲ။
ပြန်ဆပ်ကာလသည် မှာယူမှုလုပ်ငန်းစဉ်အတွင်း မှာယူမှုစာချုပ်တွင် သဘောတူထားသည့် အချိန်ကာလကို ဆိုလိုသည်။ ရွေးချယ်နိုင်သော ပြန်ဆပ်ကာလများသည် ဝန်ဆောင်မှုများ၊ မှာယူမှုများ သို့မဟုတ် ထုတ်ကုန်များအပေါ် မူတည်၍ ကွဲပြားနိုင်ပါသည်။
ရှိရမည့် လစဥ်ဝင်ငွေ ဆိုတာဘာလဲ။
လစဥ်ဝင်ငွေ (လိုအပ်သည်)ဆိုသည်မှာ ချေးငွေလျှောက်ထားခွင့် ရရှိရန်အတွက် အနည်းဆုံးရှိရမည့် လစဉ်ဝင်ငွေ ပမာဏကို ဆိုလိုခြင်း ဖြစ်ပါသည်။
လစဉ်ပြန်ဆပ်ပမာဏ နှင့် စုစုပေါင်းလစဉ်ပြန်ဆပ်ပမာဏ ဆိုသည်မှာ ဘာလဲ။
လစဉ်ပြန်ဆပ်ရမည့် ပမာဏ ဆိုသည်မှာ ချေးငွေအတွက် လစဉ် ပုံသေပေးဆပ်ရမည့် ပမာဏကို ဆိုလိုခြင်း ဖြစ်ပါသည်။ စုစုပေါင်း လစဉ်ပြန်ဆပ်ရမည့် ပမာဏ ဆိုသည်မှာ ချေးငွေသက်တမ်းတစ်ခုလုံးအတွက် လစဉ်ပြန်ဆပ်ရမည့် ပမာဏအားလုံးကို စုပေါင်းထားသည့် ပမာဏကို ဆိုလိုခြင်း ဖြစ်သည်။
သတ်မှတ်ထားသော လစဥ်ဝင်ငွေနှင့် ကိုက်ညီမှုမရှိပါက မည်သို့ပြုလုပ်နိုင်ပါသလဲ။
သင်၏လစာဝင်ငွေသည် သတ်မှတ်ထားသော လိုအပ်ချက်များနှင့် မကိုက်ညီပါက၊ လျှောက်ထားမှုအား အတည်ပြုနိုင်ရန် လက်ရှိရွေးချယ်ထားသော ပမာဏထက် ကနဦးပမာဏ ရာခိုင်နှုန်းကို တိုးမြှင့်၍ ပေးချေနိုင်ပါသည်။
မိမိမှတ်ပုံတင်အား ကိုင်ထားပြီး မိမိမျက်နှာနှင့်အတူ ဓာတ်ပုံရိုက်ခြင်းဆိုသည်မှာ ဘာလဲ။
သင်၏မျက်နှာအနီးတွင် မှတ်ပုံတင်ကို ကိုင်ဆောင်ထားပြီး ကိုယ်တိုင်ရိုက်ထားသော ဓာတ်ပုံကို ဆိုလိုပါသည်။ မှတ်ပုံတင်ပေါ်ရှိ အချက်အလက်များကို ကြည်လင်ပြတ်သားစွာ မြင်နိုင်ရမည်ဖြစ်ပြီး အလွယ်တကူ ဖတ်ရှုနိုင်ရန် လိုအပ်ပါသည်။
နေထိုင်ကြောင်းအထောက်အထားဆိုတာ ဘာလဲ။
နေထိုင်ကြောင်းအထောက်အထားဆိုသည်မှာ သင်၏ လက်ရှိနေရပ်လိပ်စာ ပါရှိသော မကြာသေးမီက ထုတ်ပေးထားသည့် တရားဝင်စာရွက်စာတမ်းဖြစ်ပြီး ဥပမာ - မီတာဘေလ်၊ ဘဏ်စာအုပ်အရှေ့စာမျက်နှာ သို့မဟုတ် တိုက်ခန်း/အိမ် အငှားစာချုပ်တို့ ဖြစ်သည်။
သဘောတူညီကြောင်းစာချုပ်တွင် လက်မှတ်ဘယ်လိုရေးထိုးရမလဲ။
အော်ဒါမှာယူစဉ် Better အက်ပလီကေးရှင်းမှတစ်ဆင့် သဘောတူစာချုပ်အား ဒစ်ဂျစ်တယ်လက်မှတ် ဖြင့် လက်မှတ်ရေးထိုးနိုင်ပါသည်။
အီလက်ထရွန်နစ် လက်မှတ်ရေးထိုးခြင်းဆိုတာ ဘာလဲ။
ဒစ်ဂျစ်တယ် လက်မှတ်ဆိုသည်မှာ လုံခြုံသော အီလက်ထရောနစ် အမှတ်အသားတစ်ခုဖြစ်ပြီး၊ အီလက်ထရောနစ် ပစ္စည်းများမှတဆင့် လွယ်ကူစွာ လက်မှတ်ထိုးနိုင်သည်။ ထိုလက်မှတ်ကို မှာယူမှုအတည်ပြုစစ်ဆေးရန် အသုံးပြုနိုင်သည့်အပြင် လက်မှတ်ထိုးပြီးနောက် အခြားသူများမှ ပြင်ဆင်ခြင်း မပြုလုပ်နိုင်ပါ။
Better တွင် မှာယူလျှောက်ထားလိုပါက အာမခံလိုအပ်ပါသလား။
Better တွင် လျှောက်ထားရန် အာမခံသူ လိုအပ်ပါသည်။ အာမခံသူ၏ အချက်အလက်များဖြစ်သော အမည်၊ မှတ်ပုံတင်နံပါတ်၊ WavePay Level 2 ဖုန်းနံပါတ်နှင့် လိပ်စာတို့ကို ဖြည့်သွင်းပေးရန် လိုအပ်ပါသည်။
အာမခံသူသဘောတူညီချက်စာချုပ်အား ဘယ်လိုလက်မှတ်ရေးထိုးရမလဲ။
မှာယူမှု ပြုလုပ်ပြီးနောက် အာမခံသူထံသို့ လက်မှတ်ရေးထိုးရန် သဘောတူစာချုပ် Link ကို SMS မှတစ်ဆင့် ပေးပို့မည်ဖြစ်ပါသည်။ အာမခံသူသည် ၂၄ နာရီအတွင်း လက်မှတ်ရေးထိုးရန် လိုအပ်ပြီး၊ သတ်မှတ်ချိန်အတွင်း လက်မှတ်မရေးထိုးပါက အာမခံသူအသစ် ပြန်လည်သတ်မှတ်ရန် လိုအပ်ပါသည်။
ကျွန်ုပ်၏ ကုမ္ပဏီ/အဖွဲ့အစည်းနှင့်ချိတ်ဆက်ရန် အဘယ်ကြောင့် ဝန်ထမ်းသဘောတူညီချက်အား ပေးရန်လိုအပ်ပါသလဲ။
သဘောတူညီချက်ပေးခြင်းသည် ချေးငွေလျှောက်ထားမှု စိစစ်အတည်ပြုခြင်း (Loan Underwriting) အတွက် HR မှ သင်၏ အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များကို Better နှင့် မျှဝေနိုင်ရန် ခွင့်ပြုပေးခြင်းဖြစ်ပါသည်။သဘောတူညီချက် မပေးပါက အဖွဲ့အစည်းချိတ်ဆက်မှုကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်မည် မဟုတ်ပါ။
လက်မှတ်ထိုးထားသည့် စာချုပ်ဆိုသည်မှာ ဘာလဲ။
လက်မှတ်ထိုးထားသည့် စာချုပ်ဆိုသည်မှာ သင်အော်ဒါမှာယူစဉ် “အော်ဒါမှာယူမည်” စာမျက်နှာတွင် တွေ့မြင်နိုင်သော ငှားရမ်းဝယ်ယူခြင်းဆိုင်ရာ သဘောတူညီချက် စာချုပ်ကို ဆိုလိုပါသည်။စာချုပ်ပါ အချက်အလက်များကို ဦးစွာ သေချာဖတ်ရှုစစ်ဆေးပြီးမှသာ လက်မှတ်ရေးထိုးရန် လိုအပ်ပါသည်။
ဝန်ထမ်းအချက်အလက်များနှင့် ကုမ္ပဏီ/အဖွဲ့အစည်းအား ချိတ်ဆက်ထားခြင်းမရှိပါက မှာယူမှုများကို ပြုလုပ်နိုင်ပါသေးသလား။
ဝန်ထမ်းအချက်အလက်များ တင်ပြခြင်းမပြုလုပ်သော်လည်း ဆက်လက်အသုံးပြုပြီး မှာယူမှုများ ပြုလုပ်နိုင်ပါသည်။
Better တွင် ကျွန်ုပ်၏ ကုမ္ပဏီ/အဖွဲ့အစည်းများကို ထည့်သွင်းချင်သော်လည်း ကျွန်ုပ်၏ ကုမ္ပဏီ/အဖွဲ့အစည်းအား သင်တို့ဖော်ပြထားသော စာရင်းတွင် မတွေ့ရခြင်းမှာ ဘာကြောင့်လဲ။
Better နှင့် လက်တွဲထားသော ကုမ္ပဏီ/အဖွဲ့အစည်းများကိုသာ စာရင်းတွင် တွေ့မြင်နိုင်ပါသည်။ သင့်၏ ကုမ္ပဏီ/အဖွဲ့အစည်းကို စာရင်းတွင် မတွေ့ရှိပါက နောက်မှဖြည့်မည်ကိုနှိပ်၍ ဝင်ရောက်အသုံးပြုနိုင်ပါသည်။
ကျွန်ုပ်၏လက်ရှိ လျှောက်ထားမှုအခြေအနေအား မည်သို့ သိရှိနိုင်ပါသလဲ။
သင်၏မှာယူထားမှုအခြေအနေအားလုံးအား အက်ပ်ထဲရှိ "ချေးငွေ" စာမျက်နှာတွင် စစ်ဆေးနိုင်ပါသည်။
ကျွန်ုပ်၏ မှာယူထားမှုများအား ဘယ်လိုထုတ်ယူနိုင်ပါသလဲ။
Better စတိုးမှ မှာယူမှုများအတွက် အတည်ပြုစစ်ဆေးနိုင်ရန် အော်ဒါတင်စဉ် ရွေးချယ်ထားသော ဆိုင်တွင် မှတ်ပုံတင်မူရင်းနှင့် မိတ္တူတို့ကို ယူဆောင်၍ သွားရောက်ထုတ်ယူနိုင်ပါသည်။ မှာယူမှုအား “ထုတ်ယူရန်အဆင်သင့်ဖြစ်ပြီ” ဟု ပြသသည့်အချိန်မှစ၍ ၃ ရက်အတွင်း လာရောက်ထုတ်ယူရမည်ဖြစ်ပါသည်။
ကျွန်ုပ်၏ မှာယူထားမှုများအား ဖျက်သိမ်းနိုင်ပါသလား?
ချေးငွေအတွက် ကနဦးပမာဏ ပေးသွင်းခြင်း မပြုမီအထိ မှာယူထားမှုကို ဖျက်သိမ်းနိုင်ပါသည်။ ချေးငွေအသေးစိတ်သို့ ဝင်ရောက်ပြီး ‘ချေးငွေအား ပယ်ဖျက်မည်’ ကို နှိပ်ကာ ပယ်ဖျက်လိုသည့် အကြောင်းအရင်းကို ဖော်ပြရန် လိုအပ်ပါသည်။
ကျွန်ုပ်တွင် လက်ရှိမှာယူထားမှုများ ရှိနေပါသည်။ ထပ်မံ၍ မှာယူမှုအသစ်များ ပြုလုပ်နိုင်ပါသလား။
သင်၏လစဥ်ဝင်ငွေသည် ချေးငွေအသစ်အတွက် လစဥ်ပေးချေမှုများ ပြုလုပ်နိုင်ရန် လုံလောက်သောပမာဏ ဖြစ်ပါက ချေးငွေအသစ်အား လျှောက်ထားနိုင်ပါသည်။ ချေးငွေအသစ်အား လက်ဝယ်ရရှိနိုင်ခြင်း ရှိမရှိသည် Better ၏ ဆုံးဖြတ်ချက်အတိုင်းသာ ဖြစ်သည်။
ချေးငွေတစ်ခုတည်းတွင် ကုန်ပစ္စည်း ၂ ခု သို့မဟုတ် ၂ခုထက်ပို၍ မှာယူနိုင်ပါသလား။
ချေးငွေတစ်ခုတည်းတွင် ကုန်ပစ္စည်း နှစ်ခု သို့မဟုတ် နှစ်ခုထက်ပို၍ မှာယူ၍မရနိုင်ပါ။ သို့သော် သင်၏လစဉ်ဝင်ငွေသည် နောက်ထပ်ချေးငွေများ လျှောက်ထားရန် လုံလောက်မှုရှိပါက ချေးငွေတစ်ခုချင်းစီခွဲ၍ ရယူနိုင်ပါသည်။
လက်ရှိရယူထားသော ချေးငွေကို ပယ်ဖျက်နိုင်ပါသလား။
လက်ရှိရယူထားသော ချေးငွေကို ပယ်ဖျက်လိုပါက ကျွန်ုပ်တို့၏ Better Hotline ဖုန်းနံပါတ်များဖြစ်သော 09949BETTER သို့မဟုတ် 09949238837 သို့ ဆက်သွယ်ပါ။
ကုန်ပစ္စည်းကို သွားရောက်ထုတ်ယူပြီးနောက် ဘယ်လိုဆက်ဖြစ်မလဲ။
ကုန်ပစ္စည်းကို ထုတ်ယူပြီးနောက် သင်၏ချေးငွေသက်တမ်း စတင်ပြီဟု သတ်မှတ်မည်ဖြစ်ပြီး လစဉ်ပြန်ဆပ်ရမည့် အချိန်စာရင်းလည်း စတင်မည်ဖြစ်သည်။
ပြန်ဆပ်သည့်ကာလ မပြီးဆုံးခင်အထိ ကုန်ပစ္စည်းများကို မည်သူက ပိုင်ဆိုင်ပါသလဲ။
နောက်ဆုံးလအတွက် ပြန်လည်ပေးချေမှုနှင့် နောက်ကျကြေး အပါအဝင် အခြားပေးရန်ကျန်ရှိသော ပမာဏအားလုံးကို ပေးချေပြီးသည်အထိ အဆိုပါကုန်ပစ္စည်းသည် Better ၏ ပိုင်ဆိုင်မှုအဖြစ်သာ ရှိနေမည် ဖြစ်သည်။
Merchant Information
ကုန်သည်(ပစ္စည်းရောင်းချသူ)နှင့် ပတ်သတ်၍ အသေးစိတ်အချက်အလက်များအား မည်သို့ကြည့်ရှုနိုင်ပါသလဲ။
ပစ္စည်းတစ်ခု၏ အသေးစိတ်ကို ဝင်ကြည့်သောအခါ ကုန်သည် (ပစ္စည်းရောင်းချသူ) ကို တွေ့နိုင်မည်ဖြစ်သည်။ ထိုကုန်သည်မှ ရောင်းချသော ပစ္စည်းများနှင့် ဆိုင်ခွဲအချက်အလက်များကို ကြည့်ရှုရန် ‘ဆိုင်ကြည့်မည်’ ကို နှိပ်ပါ။
Better နှင့် ရောင်းချသူဆိုင်တို့အကြား ကုန်ပစ္စည်းစျေးနှုန်း ကွာခြားချက် ရှိပါသလား။
Better နှင့် ရောင်းချသူဆိုင်တို့အကြား ကုန်ပစ္စည်းစျေးနှုန်း ကွာခြားချက် မရှိပါ။ Better မှတစ်ဆင့် ရောင်းချပေးနေသော ဆိုင်များသည် တရားဝင်အသိအမှတ်ပြုကိုယ်စားလှယ်ဆိုင်များ (Officially authorized stores) ဖြစ်ကြပြီး ၎င်းတို့၏ စျေးနှုန်းများသည်လည်း ပြင်ပတရားဝင်အရောင်းဆိုင်များတွင် ရောင်းချနေသော စျေးနှုန်းများနှင့် တူညီပါသည်။
ပစ္စည်းတွေကို ဘယ်နေရာမှာ သွားထုတ်ရမလဲဆိုတာ ဘယ်လိုသိနိုင်မလဲ။
သင်ရွေးချယ်ထားသော ဆိုင်တွင် ကုန်ပစ္စည်းများကို သွားရောက်ထုတ်ယူရမည်ဖြစ်ပြီး အဆိုပါအချက်အလက်များကို ချေးငွေအသေးစိတ် (Loan details) တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
ဆိုင်မှ ကုန်ပစ္စည်းထုတ်ယူပြီးနောက် ပစ္စည်းတွင် ချို့ယွင်းချက် (Error) တစ်စုံတစ်ရာရှိပါက မည်သို့လုပ်ဆောင်နိုင်ပါသလဲ။
ရွေးချယ်ထားသောဆိုင်မှ ကုန်ပစ္စည်းကို မထုတ်ယူမီ ချို့ယွင်းချက်ရှိ၊ မရှိ သေချာစစ်ဆေးရန်သည် သင့်တာဝန်ဖြစ်ပါသည်။ ကုန်ပစ္စည်းအများစုတွင် ဆိုင်မှပေးသော အာမခံ (Guarantee) ပါဝင်သဖြင့် ပစ္စည်းထုတ်ယူချိန်တွင် အာမခံသက်တမ်းနှင့် အာမခံစည်းမျဉ်းများကို စစ်ဆေး မေးမြန်းရန် လိုအပ်ပါသည်။ ပစ္စည်းထုတ်ယူပြီးနောက် ချို့ယွင်းချက်တွေ့ရှိပါက သက်ဆိုင်ရာဆိုင်သို့ တိုက်ရိုက်ဆက်သွယ်နိုင်သလို Better ထံမှလည်း အကူအညီရယူနိုင်ပါသည်။
ဝယ်ယူပြီးနောက် ပေးတဲ့ဝန်ဆောင်မှုများ (After Sales Service) ကို လိုအပ်ပါက ဘယ်လိုလုပ်ရမလဲ။
ဝယ်ယူပြီးနောက် ပေးတဲ့ဝန်ဆောင်မှုများ (After-sales service) အတွက် သက်ဆိုင်ရာ ဆိုင်သို့ ဆက်သွယ်ရမည်ဖြစ်ပြီး အကူအညီရယူရန် Better သို့လည်း ဆက်သွယ်နိုင်ပါသည်။
Better တွင် ပြုပြင်ရေးဝန်ဆောင်မှုစင်တာ (Service center) ရှိပါသလား။
Better တွင် ကိုယ်ပိုင် ပြုပြင်ရေးဝန်ဆောင်မှုစင်တာ (Service Center) မရှိပါ။ သင်ဝယ်ယူခဲ့သော ရောင်းချသူတွင် ပြုပြင်ရေးဝန်ဆောင်မှု စင်တာ (Service Center) ရှိပါက သက်ဆိုင်ရာ ဆိုင်ကို တိုက်ရိုက်ဆက်သွယ်၍ ၎င်းတို့၏ တရားဝင် ပြုပြင်ရေးဝန်ဆောင်မှု စင်တာ (Service Center) မှတစ်ဆင့် ဝန်ဆောင်မှုနှင့် အကူအညီများ ရယူနိုင်ပါသည်။
Information Update
ကျွန်ပ်၏ ကိုယ်ရေးအချက်အလက်များအား မည်သို့အပ်ဒိတ်ပြုလုပ်နိုင်ပါသလဲ။
ကိုယ်ရေးအချက်အလက်များကို ပြန်လည်ပြင်ဆင်လိုပါက သင့်အကောင့်ရှိ ကိုယ်ရေးအချက်အလက် အပိုင်းတွင် ပြင်ဆင်နိုင်ပါသည်။ သင်တင်ပြလိုက်သော အချက်အလက်များကို Better မှ စစ်ဆေးရာတွင် မှန်ကန်မှုရှိပါက ပြင်ဆင်ချက်များကို အတည်ပြုပေးမည်ဖြစ်သည်။
ထပ်တိုးအချက်အလက်ဆိုသည်မှာ ဘာလဲ။ မည်သို့ အပ်ဒိတ်ပြုလုပ်နိုင်ပါသလဲ။
ထပ်တိုးအချက်အလက်များဆိုသည်မှာ သင့်အကြောင်းကို ပိုမိုသိရှိနိုင်ရန် အထောက်အကူဖြစ်စေသော အသေးစိတ်အချက်အလက်များဖြစ်သည်။ ထိုအချက်အလက်များကို တင်ပြထားခြင်းဖြင့် အနာဂတ် ဝန်ဆောင်မှုအထောက်အပံ့များအတွက် အကျိုးရှိနိုင်ပါသည်။ ထပ်တိုးအချက်အလက်များကို ပြန်လည်ပြင်ဆင်လိုပါက သင့်အကောင့်ရှိ ကိုယ်ရေးအချက်အလက် အပိုင်းတွင် ပြင်ဆင်နိုင်ပါသည်။
Repayments
လစဥ်ပြန်ဆပ်ငွေများအား ဘယ်လိုပေးချေရမလဲ။
လစဥ်ပြန်ဆပ်ပမာဏများအား ပေးသွင်းလိုပါက Better အက်ပ်ထဲသို့ဝင်၍ "ပေးချေရန်" စာမျက်နှာရှိ "ပေးရန်ကျန်ရှိနေသော" အောက်တွင် နောင်လာမည့် ပြန်ဆပ်ရမည့်ပမာဏနှင့် ပေးရန်ကျန်ရှိနေသော ပမာဏအားတွေ့ရှိမည်ဖြစ်ပြီး Wave ကို ရွေးချယ်၍ ပေးချေမှုများအား ပြုလုပ်နိုင်မည်ဖြစ်သည်။
လစဥ်ပြန်ဆပ်ရမည့်ပမာဏအား ဘယ်နေရာတွင် စစ်ဆေးနိုင်ပါသလဲ။
လစဥ်ပြန်ဆပ်ရမည့် ပမာဏအား ချေးငွေတစ်ခုချင်းစီ၏ ချေးငွေအသေးစိတ် (Loan Details) ထဲတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
ကနဦးပမာဏအား ဘယ်လိုပေးသွင်းရမလဲ။
ကနဦးပမာဏ ပေးသွင်းလိုပါက Better အက်ပ်ထဲသို့ဝင်၍ "ပေးချေရန်" စာမျက်နှာရှိ "ပေးရန်ကျန်ရှိနေသော" အောက်တွင် ကနဦးပေးသွင်းရမည့် ပမာဏအားတွေ့ရှိမည်ဖြစ်ပြီး WavePay ကို ရွေးချယ်၍ ပေးချေမှုများအား ပြုလုပ်နိုင်မည်ဖြစ်သည်။
လစဥ်ပြန်ဆပ်ပမာဏအား ပေးချေရန် နောက်ကျသွားပါက မည်သို့ဖြစ်နိုင်ပါသလဲ။
ပြန်ဆပ်ရန်နောက်ကျပါက Better တွင် သင်စာရင်းသွင်းထားသော WavePay အတည်ပြုထားသော အကောင့်မှတစ်ဆင့် လစဥ်ပြန်ဆပ်ရမည့် ပမာဏအား အလိုအလျောက် ဖြတ်တောက်သွားမည်ဖြစ်သည်။
ပြန်ဆပ်ရမည့်ရက်တွင် ကျွန်ုပ်၏ WavePay အကောင့်တွင် ငွေအလုံအလောက်မရှိပါက မည်သို့ဖြစ်မည်နည်း။
ကျွန်ုပ်တို့သည် သင်၏ WavePay အကောင့်ထဲမှ ရရှိနိုင်သော ပမာဏအား ဖြတ်တောက်သွားမည်ဖြစ်သည်။ အကယ်၍ နောက်ဆုံးပေးသွင်းရမည့်ရက်တွင် ပြန်မဆပ်ပါက နောက်ကျသည့်ရက်များအတွက် ဒဏ်ကြေးပေးဆောင်ရမည်ဖြစ်သည်။
နောက်ကျကြေးအား မည်သို့တွက်ချက်ပါသလဲ။
နောက်ကျကြေးမှာ တစ်ရက်လျှင် ၂၀၀၀ကျပ် ကောက်ခံမည်ဖြစ်ပြီး နောက်ကျသည့် ရက်အပေါ်မူတည်ပြီး ကောက်ခံသွားမည်ဖြစ်သည်။
ပေးရန်ကျန်ရှိနေသော ပမာဏအားလုံးအား ကြိုတင်ပြန်ဆပ်လိုပါက မည်သို့ပြုလုပ်နိုင်ပါသလဲ။
ပေးရန်ကျန်ရှိနေသော ပမာဏအားလုံးအား ကြိုတင်ပြန်ဆပ်လိုပါက ကျွန်ုပ်တို့မှ မည်သည့်ကောက်ခံမှုမှ ပြုလုပ်မည်မဟုတ်ပါ။ ကြိုတင်ပြန်ဆပ်လိုပါက Better အက်ပလီကေးရှင်းအထဲရှိ "ပေးချေမှုများ" စာမျက်နှာ၌ "ကြိုတင်ပြန်ဆပ်ခြင်း" အားတွေ့ရှိပါမည်။ ထိုမှတစ်ဆင့် WavePay အားအသုံးပြု၍ ပေးချေမှုများအား ဆောင်ရွက်နိုင်ပါသည်။
လစဉ်ပြန်ဆပ်ပမာဏကို WavePay အပြင် အခြားမည်သည့် ငွေပေးချေမှုစနစ်များ (Channels)မှ တစ်ဆင့် ပေးချေနိုင်ပါသလဲ။
လစဉ်ပြန်ဆပ်ပမာဏများကို WavePay မှတစ်ဆင့်သာ ပေးချေနိုင်ပြီး အခြားမည်သည့် ငွေပေးချေမှုစနစ်များ (Channels) မှတစ်ဆင့် မပေးချေနိုင်ပါ။
ကျွန်ုပ်၏ ချေးငွေသည် ပယ်ဖျက်ခြင်းခံရပါက ကနဦးပမာဏ ပြန်လည်ပေးခြင်းအား ဘယ်လိုရနိုင်ပါသလဲ။
ချေးငွေအား ပယ်ဖျက်သည့်အချိန်မှ စတင်၍ ရုံးချိန် ၄၈ နာရီအတွင်း ကနဦးပမာဏအား ပြန်လည်ပေးသွားမည်ဖြစ်သည်။
Comments
0 comments
Please sign in to leave a comment.