PLUS+ အကြောင်း
PLUS+ ဆိုတာဘာလဲ။
PLUS+ သည် မိတ်ဖက်ကုမ္ပဏီများ၏ ဝန်ထမ်းများအတွက် ဝန်ထမ်းများသီးသန့် အကျိုးခံစားခွင့်အစီအစဉ်အဖြစ် ပြုလုပ်ထားသော ငှားရမ်းဝယ်ယူသည့် အစီအစဥ်တစ်ခုဖြစ်သည်။ PLUS+ သည် ဝန်ထမ်းများအား ၎င်းတို့၏လစာမှ လစဥ်ပြန်ဆပ်ငွေများကို သတ်မှတ်ကာလတစ်ခုအတွင်း နုတ်ယူခြင်းဖြင့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများကို ဝယ်ယူနိုင်စေပါသည်။
PLUS+ ရဲ့ ဝန်ဆောင်မှုတွေကို မည်သူတွေ အသုံးပြုနိုင်ပါသလဲ။
လက်ရှိလုပ်ကိုင်နေသော အဖွဲ့အစည်းတွေ လုပ်သက်သက်တမ်း အနည်းဆုံး ၆လရှိသည့် မိတ်ဖက်ကုမ္ပဏီမှ အမြဲတမ်းဝန်ထမ်းဖြစ်ပါက PLUS+ ၏ ဝန်ဆောင်မှုများကို အသုံးပြုနိုင်ပါသည်။
PLUS+ တွင် မည်သည့်ကုန်ပစ္စည်းများ ရရှိနိုင်ပါသလဲ။
မြန်မာနိုင်ငံတွင် တင်သွင်းဖြန့်ဖြူးရောင်းချလျက်ရှိသော ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုပေါင်းများစွာကို အမျိုးအစားပေါင်းစုံလင်စွာရွေးချယ်နိုင်ပြီး အီလက်ထရွန်နစ် ပစ္စည်းများ၊ တီဗီ နှင့် အိမ်တွင်းသုံး ပစ္စည်းများ၊ ဖက်ရှင်နှင့်ပတ်သတ်သော၊ အားကစားနှင့် နေ့စဥ်လူနေမှုဘဝတွင် အသုံးဝင်သော ပစ္စည်းများအပြင် ရွေးချယ်စရာပေါင်း စုံလင်စွာကို PLUS+ ရဲ့ ငှားရမ်းဝယ်ယူမှု အစီအစဥ်တွင် ရရှိနိုင်ပါသည်။
PLUS+ အက်ပလီကေးရှင်းကို ဘယ်ကနေ ဒေါင်းလုဒ် ရယူနိုင်ပါသလဲ။
Google Play Store, App Store နှင့် Huawei App Gallery တို့မှတစ်ဆင့် PLUS+ အက်ပလီကေးရှင်းကို ဒေါင်းလုဒ်ယူနိုင်ပါသည်။
PLUS+ အက်ပလီကေးရှင်းကို အသုံးပြုဖို့ အနည်းဆုံး Device OS ဘယ်လောက်ရှိရန် လိုအပ်ပါသလဲ။
Android အတွက် အနည်းဆုံး OS လိုအပ်ချက်မှာ ဗားရှင်း 7.0 နှင့် အထက် ဖြစ်ပြီး iOS အတွက်မှာ ဗားရှင်း 12.4 နှင့် အထက် ရှိရန်လိုအပ်ပါသည်။ သတိပြုရန်မှာ Root ဖောက်ထားသော၊ Jailbreak လုပ်ထားသော ဖုန်းများ၊ Simulator တွင် အလုပ်လုပ်သော စက်များနှင့် Official Store မဟုတ်သောနေရာမှ ဒေါင်းလုဒ်လုပ်ထားသော အက်ပလီကေးရှင်းများမှတစ်ဆင့် PLUS+ အက်ပလီကေးရှင်း ကိုအသုံးပြုရန် အဆင်မပြေမှုများရှိနိုင်ပါသည်။
အကောင့်စာရင်းသွင်းခြင်းနှင့် ၀င်ရောက်ခြင်း
ကျွန်ုပ်၏အကောင့်ထဲသို့ဝင်ရောက်ရန် လျှို့ဝှက်နံပါတ်အား မေ့လျော့နေသည်။ မည်ကဲ့သို့ပြုလုပ်နိုင်မည်နည်း။
OTP (One Time Password/တစ်ခါသုံး လျှို့ဝှက်နံပါတ်) ဖြင့်ဝင်ရောက်ပြီး လျှို့ဝှက်နံပါတ်အသစ်အား ပြန်လည်ပြုလုပ်နိုင်ပါသည်။ လျှို့ဝှက်နံပါတ်အသစ်အား ပြောင်းလဲနိုင်ရန်အတွက် သင်၏ဖုန်းနံပါတ်အားထည့်သွင်း၍ ၎င်းတို့မှတစ်ဆင့် ပြောင်းလဲပြင်ဆင်နိုင်ပါသည်။
အကောင့်မည်သို့ ၀င်ရောက်နိုင်မည်နည်း။
အကောင့်ဖွင့်ချိန်တွင် အသုံးပြုခဲ့သော ဖုန်းနံပါတ်နှင့် လျှို့ဝှက်နံပါတ်ဖြင့် အကောင့်၀င်ရောက်နိုင်ပါသည်။
PLUS+ အကောင့်မရှိပါက မည်သို့ စာရင်းသွင်းခြင်းပြုလုပ်နိုင်မည်နည်း။
PLUS+ အကောင့်မရှိပါက အကောင့်၀င်ရောက်သည့်နေရာရှိ “အကောင့်ဖွင့်ပါ” ကိုနှိပ်ပြီး မှတ်ပုံတင် (သို့) နိုင်ငံကူးလက်မှတ်၊ ဖုန်းနံပါတ် နှင့် လျှို့ဝှက်နံပါတ်တို့ဖြင့် အကောင့်ဖွင့်နိုင်ပါသည်။
ကျွန်ုပ်၏အကောင့်အား စာရင်းသွင်းလို့မရပါ။ ကျွန်ုပ်၏အဖွဲ့အစည်းမှ ကျွန်ုပ်၏မှတ်တမ်းနှင့်တူညီမှု ရှိမရှိလဲမသေချာပါ။ မည်ကဲ့သို့လုပ်ဆောင်နိုင်မည်နည်း။
သင်၏အကောင့်အား စတင်အသုံးပြုနိုင်ရန် လုပ်ဆောင်ရန်အတွက် စာရင်းသွင်းသောအခါတွင် ထည့်သွင်းရမည့် နိုင်ငံသားမှတ်ပုံတင်အမှတ်/နိုင်ငံကူးလက်မှတ်အမှတ် တို့သည်ကျွန်ုပ်တို့၏မှတ်တမ်းများနှင့် ကိုက်ညီရမည်ဖြစ်သည်။ သင်၏အဖွဲ့အစည်းတွင် သင့်မှတ်တမ်းနှင့် ပတ်သတ်၍ သေချာမှုများမရှိပါက ကျေးဇူးပြု၍ သင်၏ သက်ဆိုင်ရာ လူစွမ်းအားအရင်းအမြစ်ငှာနမှ တာဝန်ရှိသူများနှင့် စစ်ဆေးပါ။
ဗားရှင်းအဟောင်းမှ PLUS+ အကောင့်ရှိပြီးသားဆိုပါက အက်ပလီကေးရှင်းသို့ မည်သို့၀င်ရောက်နိုင်မည်နည်း။
ဗားရှင်းအဟောင်းမှ PLUS+ အကောင့်ရှိပြီးသူများသည် အကောင့်၀င်ရောက်ရန် ယာယီလျှို့ဝှက်နံပါတ်ကို SMS နှင့် အီးမေးလ်းမှ တဆင့်ရရှိမည်ဖြစ်သည်။ ယာယီလျှို့ဝှက်နံပါတ်ဖြင့် ၀င်ရောက်ပြီးပါက အကောင့်လုံခြုံမှုရှိစေရန် လျှို့ဝှက်နံပါတ်ပြန်လည်ပြောင်းလဲပေးရန် လိုအပ်ပါသည်။
Face ID Authentication နှင့် Fingerprint Authentication ဆိုတာဘာလဲ။
၎င်းတို့သည် Biometric နည်းပညာ အထောက်အထားဖြင့် စစ်ဆေးခြင်း နည်းလမ်းဖြစ်ပြီး သင်၏ PLUS+ အကောင့်အား ပိုမိုလွယ်ကူစေကာ ပိုမိုစိတ်ချရစေပါသည်။ "အကောင့်” ထဲရှိ “ကျွန်ုပ်၏ကိုယ်ရေးအကျဥ်း” မှတစ်ဆင့် Biometric Authentication အထောက်အထားဖြင့် စစ်ဆေးခြင်းအား အသုံးပြုမည်ကိုရွေးချယ်၍ စတင်အသုံးပြုနိုင်ပါသည်။
မှာယူမှုပြုလုပ်ခြင်း
မှာယူမှုပြုလုပ်နိုင်ရန်အတွက် မည်သည့်စာရွက်စာတမ်းများ တင်သွင်းရန် လိုအပ်ပါသနည်း။
မှာယူမှုပြုလုပ်နိုင်ရန်အတွက် ID Selfie နှင့် လက်မှတ်ထိုးထားသော သဘောတူညီချက်စာချုပ်လိုအပ်ပါသည်။
ID Selfie ဆိုတာဘာလဲ။
သင်၏ လက်ရှိတရားဝင်သော နိုင်ငံသားစိစစ်ရေးမှတ်ပုံတင် သို့မဟုတ် နိုင်ငံကူးလက်မှတ်အား သင်၏မျက်နှာဘေးတွင်ထား၍ မိမိကိုယ်ကိုရိုက်ထားသော ဓာတ်ပုံကိုဆိုလိုသည်။
ကျွန်ုပ်၏ သဘောတူစာချုပ်တွင် မည်ကဲ့သို့လက်မှတ်ရေးထိုးနိုင်သနည်း။
မှာယူမှုပြုလုပ်သည့်အခါတွင် PLUS+ အက်ပလီကေးရှင်းမှတစ်ဆင့် ဒစ်ဂျစ်တယ်လက်မှတ်ဖြင့် သဘောတူစာချုပ်တွင် လက်မှတ်ရေးထိုးနိုင်ပါသည်။
ကျွန်ုပ်၏လစာဝင်ငွေသည် မှာယူမှုတစ်ခုပြုလုပ်ရန်အတွက် သတ်မှတ်ထားသော အနည်းဆုံးလစာဝင်ငွေနှင့် ကိုက်ညီမှုမရှိပါက မည်သို့ပြုလုပ်နိုင်မည်နည်း။
မှာယူမှုပြုလုပ်ရန်အတွက် အနည်းဆုံးလစာဝင်ငွေနှင့် ကိုက်ညီမှုမရှိပါက စရန်ငွေပေးချေခြင်းဖြင့် အနည်းဆုံးသတ်မှတ်ပမာဏအား ပြည့်မီနိုင်ရန် လုပ်ဆောင်နိုင်ပါသည်။ စရန်ငွေအား ၅ရာခိုင်နှုန်းမှ ၇၀ ရာခိုင်နှုန်းထိ လိုအပ်သလို ရွေးချယ်ပေးချေနိုင်ပါသည်။
ကျွန်ုပ်မှာယူထားသော ကုန်ပစ္စည်းများအား မည်သို့ရရှိနိုင်မည်နည်း။
ကုန်ပစ္စည်းမှာယူစဥ်က မိမိရွေးချယ်ခဲ့သော နေရာများတွင် ကိုယ်တိုင်သွားရောက်ထုတ်ယူရမည်ဖြစ်သည်။ကုန်သည်များမှသတ်မှတ်ထားသော သွားရောက်ထုတ်ယူရမည့်နေရာတွင် ကုန်ပစ္စည်းကို အလုပ်လုပ်ရက် ၃ ရက် အတွင်း မိမိ၏ မူရင်း နိုင်ငံသားမှတ်ပုံတင်နှင့် PLUS+ မိုဘိုင်းအက်ပလီကေးရှင်းပရိုဖိုင်းနှင့်အတူ သွားရောက်ထုတ်ယူနိုင်ပါသည်။
ကျွန်ုပ်သည်ပစ္စည်းအချို့ကို ရွေးချယ်ခဲ့ပြီး ကျွန်ုပ်၏စျေးဝယ်ခြင်းတောင်းတွင် ၁ရက် သို့မဟုတ် ၂ရက်ခန့်ထားခဲ့သည်။ ထို့နောက် မှာယူရန်အတွက် ဝင်ရောက်လိုက်သောအခါ ပထမရွေးချယ်ထားသော စျေးနှုန်းနှင့် တူညီမှုမရှိဘဲ ပြောင်းလဲမှုများဖြစ်ပေါ်နေသည်။ အဘယ်ကြောင့်နည်း။
ကျွန်ုပ်တို့၏ ကုန်သည်များသည် ဖြစ်ပေါ်နေသော စျေးကွက်အရ ပြောင်းလဲပြင်ဆင်မှုများပြုလုပ်နိုင်ပါသည်။ စျေးဝယ်ခြင်းထဲတွင် ကုန်ပစ္စည်းများအား ကြာရှည်စွာထားခြင်းသည် စျေးနှုန်းပြောင်းလဲခြင်းကို ထင်ဟပ်စေပါသည်။ ထို့ကြောင့် သင်၏စျေးဝယ်ခြင်းထဲရှိ ပစ္စည်းများကို မှာယူမှုမပြုလုပ်ခင်တွင် သေချာစွာစစ်ဆေးရန်လိုအပ်ကြောင်း သတိချက်စေချင်ပါသည်။
ကျွန်ုပ်၏ ရိုးမဘဏ်လစာအကောင့်အား ဘာကြောင့် အတည်ပြုရန်လိုအပ်ပါသနည်း။
အကယ်၍ သင့်အဖွဲ့အစည်းသည် လစာဖြတ်တောက်ခြင်းအတွက် Yoma Bank လစာဝန်ဆောင်မှုများကို အသုံးပြုရန် ရွေးချယ်ခဲ့ပါက မှာယူမှုများ စစ်ဆေးခြင်းပြီးနောက် သင်၏ Yoma Bank လစာအကောင့်နံပါတ်ကို စစ်ဆေးရန် ကျွန်ုပ်တို့အား သဘောတူညီချက် ပေးရပါမည်။ ဤခွင့်ပြုချက်မရှိဘဲ ကျွန်ုပ်တို့သည် သင်၏မှာယူမှုအား ဆက်လက်လုပ်ဆောင်နိုင်မည်မဟုတ်ပါ။
ကျွန်ုပ်၏ ရိုးမဘဏ်လစာအကောင့်နံပါတ်အား စစ်ဆေးရန်အတွက် သဘောတူညီချက်မပေးပါက ကျွန်ုပ်၏မှာယူမှုသည် မည်သို့ဖြစ်နိုင်မည်နည်း။
သင်၏ ရိုးမဘဏ်လစာအကောင့်နံပါတ်အား စစ်ဆေးရန်အတွက် သဘောတူညီချက်မပေးပါက ကျွန်ုပ်တို့သည် သင်၏မှာယူမှုအား ဆက်လက်လုပ်ဆောင်နိုင်မည်မဟုတ်ပါ။
ငွေပေးချေခြင်း
စရန်ငွေအား မည်ကဲ့သို့ပေးချေရမည်နည်း။
စရန်ငွေပေးချေမည်ဟု ရွေးချယ်လိုက်ပါက ရွေးချယ်ခဲ့သော စရန်ငွေပမာဏအား WavePay သို့မဟုတ် ဘဏ်ငွေလွှဲမှတစ်ဆင့် မှာယူထားသော ကုန်ပစ္စည်းသွားရောက်မထုတ်ယူခင်တွင် ပေးချေရမည်ဖြစ်သည်။
WavePay ဖြင့် စရန်ငွေပေးချေရန်အတွက် အဆင်မပြေမှုများရှိနေပါက မည်သို့လုပ်ဆောင်နိုင်မည်နည်း။
ကျေးဇူးပြု၍ သင်၏ WavePay အကောင့်တွင် လုံလောက်သောသောပမာဏရှိ မရှိကို စရန်ငွေပေးချေခြင်းမပြုလုပ်ခင်တွင် သေချာစွာစစ်ဆေးပါ။ ပထမအကြိမ် ငွေပေးချေမှုပြုလုပ်ရန် ကြိုးစားပြီးသည့်နောက် ၁၀ မိနစ်အကြာတွင် ဒုတိယအကြိမ်ငွေပေးချေမှုပြုလုပ်နိုင်ရန်အတွက် ထပ်မံကြိုးစားပါ။
စရန်ငွေအတွက် ဘဏ်ငွေလွှဲမှတစ်ဆင့် ငွေပေးချေမည်ဆိုပါက မည်သို့ပြုလုပ်နိုင်မည်နည်း။
ဘဏ်ငွေလွှဲမှတစ်ဆင့် ငွေပေးချေမည်ဆိုပါက ပေးချေပြီးသော ဘဏ်ငွေလွှဲဖြတ်ပိုင်းအား တင်သွင်းပါ။ ကျွန်ုပ်တို့၏ သက်ဆိုင်ရာ အဖွဲ့မှ သင်၏ငွေပေးချေမှုအားစစ်ဆေးသွားမည်ဖြစ်ပြီး သင်အား ပြောင်းလဲသွားသော အခြေအနေများကို အက်ပလီကေးရှင်းမှတစ်ဆင့် အသိပေးသွားမည်ဖြစ်သည်။
ကျွန်ုပ်သည် ဘဏ်ငွေလွှဲမှတစ်ဆင့် စရန်ငွေအားပေးချေပြီးဖြစ်သည်။ ကျွန်ုပ်၏ငွေပေးချေထားခြင်း အခြေအနေအား မည်ကဲ့သို့စစ်ဆေးနိုင်မည်နည်း။
အက်ပလီကေးရှင်းရှိ “အကောင့်” မှတစ်ဆင့် “ကျွန်ုပ်၏မှာယူမှုများ”သို့ဝင်ရောက်၍ သက်ဆိုင်ရာ မှာယူမှု၏ အခြေအနေအား အသေးစိတ်သိရှိနိုင်ပြီး ငွေပေးချေခြင်းအချက်အလက်များတွင် ငွေပေးချေမှုအခြေအနေနှင့်ပတ်သတ်၍ စစ်ဆေးနိုင်မည်ဖြစ်သည်။
ဝန်ဆောင်မှုနှုန်းထားများရှိပါသလား။
ဝန်ဆောင်မှုနှုန်းထားများရှိပါသည်။ ဝန်ဆောင်မှုနှုန်းထားသည် ပထမဆုံးလစဥ်ပြန်ဆပ်ငွေနှင့်အတူ ပေးချေရမည်ဖြစ်ပြီး ပြန်အပ်ငွေအဖြစ် ပြန်လည်ရရှိနိုင်မည်မဟုတ်ပါ။
လစဥ်ပြန်ဆပ်ငွေပေးချေခြင်းအား မည်သို့လုပ်ဆောင်နိုင်ပါသနည်း။
လက်ရှိတွင် လစဥ်ပြန်ဆပ်ခြင်းအား သင်၏ HR ဝန်ထမ်းများမှ လစာဖြတ်တောက်ခြင်း သို့မဟုတ် ရိုးမဘဏ်မှတစ်ဆင့် လစာဖြတ်တောက်ခြင်းဖြင့်သာ လက်ခံပါသည်။
လစဥ်ငွေပေးချေမှုကို မည်သို့ပြုလုပ်နိုင်မည်နည်း။
လစဥ်ငွေပေးချေမှုပုံစံကို သင်၏ အဖွဲ့အစည်း၏ ၀န်ထမ်းရေးရာငှာနမှ တဆင့်လစာမှ နှုတ်ယူခြင်း(သို့) လစာရရှိသော ရိုးမဘဏ်အကောင့်မှတဆင့် နှုတ်ယူခြင်းဖြင့်သာ လက်ခံပါသည်။
ကျွန်ုပ်၏ လစဥ်ပြန်လည်ပေးချေရန်အတွက် ပြေစာကိုမည်သည့်နေရာတွင် ကြည့်ရှုနိုင်သနည်း။
သင်၏ လစဥ်ပြန်လည်ပေးချေရန်အတွက် ပြေစာကို “ကျွန်ုပ်၏အကောင့်” ထဲရှိ “လက်ရှိမှာယူမှုများ” တွင် လစဥ်ပြန်ဆပ်ရန်အတွက် ပြေစာများအား သွားရောက်စစ်ဆေးပြီး ဒေါင်းလုဒ်ပြုလုပ်နိုင်ပါသည်။
စောစောပြန်ဆပ်လိုပါက မည်သို့ပြုလုပ်နိုင်မည်နည်း။
“ကျွန်ုပ်၏အကောင့်” မှတစ်ဆင့် “လက်ရှိမှာယူမှုများ” သို့ဝင်ရောက်၍ “စောစောပြန်ဆပ်မည်” ကိုနှိပ်၍ပြန်ဆပ်ငွေအား စောစီးစွာပေးချေနိုင်ပါသည်။ ကျွန်ုပ်တို့သည် WavePay သို့မဟုတ် ဘဏ်ငွေလွှဲတို့မှ စောစောပြန်ဆပ်ငွေပေးချေခြင်းကို လက်ခံပြီး စောစောပြန်ဆပ်ခြင်းအတွက် ဒဏ်ကြေးကောက်ခံသွားမည်မဟုတ်ပါ။
ကျွန်ုပ်၏မှာယူမှုများ
ကျွန်ုပ်၏မှာယူမှုနှင့် ပတ်သတ်၍အခြေအနေများအား မည်သို့သိရှိနိုင်မည်နည်း။
သင်၏မှာယူမှုအခြေအနေများအား အက်ပလီကေးရှင်းရှိ “အကောင့်”မှတစ်ဆင့် “ကျွန်ုပ်၏မှာယူမှုများ” သို့ဝင်ရောက်၍ အသေးစိတ်သိရှိနိုင်ပါသည်။
ကျွန်ုပ်တွင် ယခင်မှာယူမှုများ ရှိနေပါသည်။ မှာယူမှုအသစ်များပြုလုပ်နိုင်ပါသလား။
သင်၏မှာယူမှုများအတွက် စုစုပေါင်းအနည်းဆုံးလစာဝင်ငွေနှင့်ကိုက်ညီမှုရှိနေသရွေ့ မှာယူမှုအသစ်များပြုလုပ်နိုင်ပါသည်။ ထပ်မံမှုယူမှုနှင့် မှာယူမှုအသစ်အတွက် စုစုပေါင်းလိုအပ်သော အနည်းဆုံးဝင်ငွေအား အော်ဒါမှာယူမှုများအသေးစိတ်စစ်ဆေးနိုင်သည့် Check Out စာမျက်နှာတွင် သွားရောက် စစ်ဆေးနိုင်ပါသည်။
ကျွန်ုပ်၏မှာယူမှုအား ပယ်ဖျက်နိုင်ပါသလား။
သင်၏မှာယူမှုအား လုပ်ဆောင်နေဆဲ အခြေအနေတွင် ပယ်ဖျက်နိုင်ပါသည်။ မှာယူမှုတစ်ခု မပြုလုပ်ခင်တွင် မှာယူမည့်ကုန်ပစ္စည်းအား သေချာစွာစစ်ဆေးရန်နှင့် အနည်းဆုံးလစာလိုအပ်ချက်နှင့် ကိုက်ညီမှုရှိကြောင်းသေချာစေရန် သေချာဂရုစိုက်ရွေးချယ်ရန် တိုက်တွန်းလိုပါသည်။
ကျွန်ုပ်၏ အကောင့်
PLUS+ အကောင့် လျှို့ဝှက်နံပါတ်ကို မည်သို့ပြောင်းလဲနိုင်မည်နည်း။
PLUS+ အကောင့် လျှို့ဝှက်နံပါတ်ကို ကျွန်ုပ်၏ အကောင့်ရှိ “လျှို့ဝှက်နံပါတ်ပြောင်းရန်” မှတဆင့်ပြောင်းလဲနိုင်ပါသည်။
PLUS+ အက်ပလီကေးရှင်းမှတစ်ဆင့် ကျွန်ုပ်၏ ဝန်ထမ်းအချက်အလက်များအား မည်ကဲ့သို့ပြောင်းလဲပြင်ဆင်နိုင်မည်နည်း။
PLUS+ အက်ပလီကေးရှင်းတွင် သင်၏ဝန်ထမ်းအချက်အလက်များအား ပြောင်းလဲပြင်ဆင်ရန်အတွက် “အကောင့်” ထဲရှိ “ကျွန်ုပ်၏ကိုယ်ရေးအကျဥ်” မှတစ်ဆင့် “ပြောင်းလဲပြင်ဆင်ရန်တောင်းဆိုမည်”ကို နှိပ်၍ တောင်းဆိုနိုင်ပါသည်။ ကျွန်ုပ်တို့၏ PLUS+ အဖွဲ့မှ သင့်အား ဆက်သွယ်ပေးသွားမည်ဖြစ်သည်။
ကျွန်ုပ်တို့၏ ကုန်သည်များ
PLUS+ တွင် ရရှိနိုင်သော ပစ္စည်းထောက်ပံ့သူ ကုန်သည်များမှာ မည်သည်နည်း။
PLUS+ တွင် ရရှိနိုင်သော ပစ္စည်းထောက်ပံ့သူ ကုန်သည်များမှာ Samsung, iSure, Xiaomi, Vivo, Oppo, Cherry Oo, Sweety Home, Toshiba အစရှိသဖြင့် ကုန်သည်များအားလုံးစာရင်းကို အကောင့်ထဲရှိ “ကျွန်ုပ်တို့၏ ကုန်သည်များ” တွင်၀င်ရောက်ကြည့်ရှုနိုင်ပါသည်။
ပစ္စည်းထောက်ပံ့သူ ကုန်သည်များ၏ ဆက်သွယ်ရန်အသေးစိတ်ကို အက်ပလီကေးရှင်းတွင် မည်သို့သိရှိနိုင်မည်နည်း။
အကောင့်ထဲရှိ “ကျွန်ုပ်တို့၏ ကုန်သည်များ” ကို၀င်ရောက်ပါ၊ ကုန်သည်ကို ရွေးချယ်ပြီး Logo ကိုနှိပ်ပါ၊ သက်ဆိုင်ရာ ကုန်သည်၏ စာမျက်နှာတွင် ရရှိနိုင်သော ပစ္စည်းများ၊ စတိုးလိပ်စာများ နှင့် ဆက်သွယ်ရန် အသေးစိတ်အချက်အလက်များ နှင့် စုံစမ်းရန် ဖောင်ကိုပါ တွေ့ရမည်ဖြစ်သည်။
ဆက်သွယ်ရန်
မှာယူပြီးသော ကုန်ပစ္စည်းတွင် နည်းပညာပိုင်းဆိုင်ရာ ပြသာနာများ သို့မဟုတ် မှာယူထားသော ကုန်ပစ္စည်းနှင့်ပတ်သတ်၍ သိရှိမေးမြန်းလိုသည်များရှိပါက မည်သို့ဆက်သွယ်နိုင်မည်နည်း။
သင့်အနေဖြင့် “ဆက်သွယ်ရန်” မှတစ်ဆင့် အကြောင်းအရာအား ရေးသား၍ ပေးပို့မေးမြန်းနိုင်ပြီး ကျွန်ုပ်တို့၏ကုန်သည်များမှ ပြန်လည်ဆက်သွယ်ပေးသွားမည်ဖြစ်သည် သို့မဟုတ် ကျွန်ုပ်တို့၏ Yoma Fleet Hotline 09 966235338 သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင်ပါသည်။ ကျွန်ုပ်တို့သည် သင့်အား ၂၄/၇ ရက်လုံး ဝန်ဆောင်မှုပေးရန် အသင့်ရှိနေပါသည်။
သတင်းစာစောင်နှင့် ကမ်းလှမ်းမှုများ
PLUS+ News ဆိုတာဘာလဲ?
Plus+ News သည် လက်ရှိခေတ်ရေစီးကြောင်းတွင် နာမည်ကြီးနေသော ထုတ်ကုန်များအကြောင်း၊ ဘဏ္ဍာရေးသတင်းများ၊ အသုံးပြုသူများမှ မျှဝေပေးခြင်းအခန်းကဏ္ဍများ၊ HR တို့ရဲ့ အကြံပြုချက်များစွာနှင့် အခြားအကြောင်းအရာပေါင်း စုံလင်စွာကို Plus+ News အစီအစဥ် မှတဆင့် မျှဝေပေးခြင်းဖြစ်သည်။ ကျွန်ုပ်တို့ရဲ့ လစဥ်ကိစ္စရပ်များကို PLUS+ news မှတစ်ဆင့် သိရှိနိုင်ပါသည်။
PLUS+ မှ ကမ်းလှမ်းထားသော “အကျိုးအမြတ်များ” ဆိုတာ ဘာလဲ။
PLUS+ အသုံးပြုသူများသည် ကျွန်ုပ်တို့၏မိတ်ဖက်ပါတနာများနှင့် ပစ္စည်းထောက်ပံ့သူများဆီမှ ပိုမိုစိတ်ဝင်စားဖွယ်ကောင်းသော ထပ်တိုးကမ်းလှမ်းခြင်း အကျိုးကျေးဇူးများ ကို ရရှိခံစားနိုင်ပါသည်။ PLUS+ တွင် ငှားရမ်းဝယ်ယူခြင်း မလုပ်ဆောင်ရသေးပါကလဲ ဤကမ်းလှမ်းမှုများကို ရရှိခံစားနိုင်မှာဖြစ်ပြီး ကမ်းလှမ်းမှုများကို အကောင့်ထဲမှ “အကျိုးအမြတ်များ” တွင် ကြည့်ရှုနိုင်ပါသည်။
Comments
0 comments
Please sign in to leave a comment.