ဘယ်လိုမှာယူနိုင်မလဲ?
PLUS+ တွင် သင်ငှားရမ်းဝယ်ယူလိုသော ကုန်ပစ္စည်း/ဝန်ဆောင်မှုကို သင်တွေ့ရှိပြီးနောက် မှာယူမှုတင်သွင်းမှု အောင်မြင်ရန်အတွက် သင်လိုက်နာရမည့် အဆင့်အနည်းငယ်ရှိပါသည်။
Step 1 – Select the product
PLUS+ တွင် သင် ငှားရမ်းဝယ်ယူလိုသော ကုန်ပစ္စည်းကို ဦးစွာ ရွေးချယ်ပါ။ ဤစာမျက်နှာတွင် အနည်းဆုံးလစာလိုအပ်ချက်၊ ပြန်ဆပ်ကာလ၊ လစဉ်ပြန်ဆပ်ရမည့်ပမာဏနှင့် ဝန်ဆောင်ခနှုန်းထားတို့ကို စစ်ဆေးနိုင်ပါသည်။ သင်၏ အနည်းဆုံးလစာလိုအပ်ချက်ကို လျှော့ချလိုပါက ကုန်ပစ္စည်းစျေးနှုန်း၏ စရံငွေကို ပေးချေရန် ရွေးချယ်နိုင်ပါသည်။
- အနည်းဆုံးလစာလိုအပ်ချက်သည် ငှားရမ်းဝယ်ယူရန်အတွက် လစဉ်ရရှိရန် လိုအပ်သောလစာဖြစ်သည်။ အနည်းဆုံးလစာလိုအပ်ချက်ကို မပြည့်မီပါက စရံငွေပေးချေခြင်းဖြင့် ၎င်းကို လျှော့ချနိုင်သည်။ စရန်ငွေပေးချေရန်အတွက် သင်သည် WavePay သို့မဟုတ် ဘဏ်မှတစ်ဆင့် ကုန်ပစ္စည်းစျေးနှုန်း၏ ၅% မှ ၇၀% အထိ ပေးချေရန် ရွေးချယ်နိုင်ပါသည်။
- ပြန်ဆပ်ကာလသည် သင့်အဖွဲ့အစည်း၏ HR မှ လစာဖြတ်တောက်ခြင်း သို့မဟုတ် ရိုးမဘဏ်ရှိ သင့်လစာအကောင့်မှတစ်ဆင့် လစဉ်ပြန်ဆပ်ရမည့် အစီအစဉ်ကို ငှားရမ်းဝယ်ယူသည့်ကာလဖြစ်သည်။
- လစဉ်ပြန်ဆပ်သည့်ပမာဏသည် ပြန်ဆပ်ကာလအဆုံးတွင် ကုန်ပစ္စည်းကို ငှားရမ်းဝယ်ယူပြီး ပိုင်ဆိုင်ရန်အတွက် လစဉ်ပေးချေရမည့်ပမာဏဖြစ်သည်။
- စီမံဆောင်ရွက်ခသည် PLUS+ မှ တစ်ကြိမ်သာ ကောက်ခံသော ဝန်ဆောင်ခနှုန်းထားဖြစ်ပြီး အစီအစဥ်ကို ငှားရမ်းဝယ်ယူသည့်အချိန်ကာလနှင့်သက်ဆိုင်မှုမရှိဘဲ ပြန်အမ်းငွေမရရှိနိုင်ပါ။
- အထက်ဖော်ပြပါ အချက်အလက်များကို စစ်ဆေးပြီး မှာယူရန် ဆုံးဖြတ်ပြီးသည်နှင့် ပစ္စည်းယူမည့်နေရာကို ရွေးချယ်ရပါမည်။ လာယူမည့်နေရာများသည် ကျွန်ုပ်တို့၏ ကုန်သည်များက သတ်မှတ်ပံ့ပိုးပေးထားသည့် နေရာများဖြစ်ပြီး သင့်မှာယူမှုကို ရယူနိုင်ပါသည်။
- လာယူမည့်နေရာကို ရွေးချယ်ပြီးနောက် သင်သည် မှာယူမှုကို တင်သွင်းနိုင်သည် သို့မဟုတ် စျေးဝယ်ခြင်းတွင် ထည့်ထားနိုင်ပါသည်။
Step 2 – Shopping Cart
သင်ရွေးချယ်ထားသော ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုများကို ဈေးဝယ်လှည်းတွင် ထည့်ခြင်းဖြင့် ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုတစ်ခုထက်ပို၍ မှာယူနိုင်ပါသည်။ စျေးဝယ်လှည်းတွင် ကုန်ပစ္စည်းစုစုပေါင်း၊ စျေးနှုန်းစုစုပေါင်း၊ အနည်းဆုံးလစာလိုအပ်ချက်၊ တစ်လလျှင် စုစုပေါင်းလစဉ်ပြန်ဆပ်မှု၊ ကနဦးပေးချေငွေပမာဏ (ရှိလျှင်) နှင့်ဝန်ဆောင်ခများကို စစ်ဆေးနိုင်ပါသည်။ စုစုပေါင်း အနည်းဆုံးလစာ လိုအပ်ချက်ကို မပြည့်မီပါက စျေးဝယ်ခြင်းရှိ ကုန်ပစ္စည်းတစ်ခုစီ၏ ကနဦးပေးချေငွေပမာဏကို ပြင်ဆင်ခြင်းဖြင့် လျှော့ချနိုင်ပါသည်။ မှာယူမှု အရာရာတိုင်းအတွက် သင့်စိတ်ကျေနပ်မှု ပြည့်စုံသည်နှင့် သင်သည် “ယခုမှာယူရန်” ကိုနှိပ်၍ မှာယူမှုပေးပို့နိုင်သည်။ ကျွန်ုပ်တို့၏ကုန်သည်များသည် စျေးကွက်နှုန်းထားအပေါ်အခြေခံ၍ စျေးနှုန်းများကို ပုံမှန်ပြင်ဆင်ခြင်းများရှိနိုင်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ၊ ပစ္စည်းတစ်ခုသည် စျေးဝယ်လှည်းထဲတွင် ကြာကြာရှိနေပါက ထိုစျေးနှုန်းပြောင်းလဲမှုများကို ထင်ဟပ်စေနိုင်ပါသည်။ ကျေးဇူးပြု၍ “ယခုမှာယူပါ” ကိုမနှိပ်မီ စုစုပေါင်းပမာဏကို စစ်ဆေးပါ။
Step 3 - Check out
မှာယူမှုအား စစ်ဆေးခြင်းတွင် "ရှေ့ဆက်မည်" ကိုမနှိပ်မီ သင်သည် စာချုပ်ကို ပြန်လည်သုံးသပ်ရန်လိုအပ်ပါသည်။ ဒစ်ဂျစ်တယ်လက်မှတ်ဖြင့် လက်မှတ်ထိုးခြင်းဖြင့် သင်သည် စာချုပ်ပါအချက်အလက်များကို နားလည်သဘောတူပြီး ဖြစ်ပါသည်။ သင်သည် ကုန်ပစ္စည်းများစွာကို မှာယူပါက တစ်ကြိမ်သာ ဒစ်ဂျစ်တယ်လက်မှတ် လိုအပ်ပါသည်။ စာချုပ်လက်မှတ်ထိုးခြင်းအပြင် ID-Selfie ရိုက်ရန် လိုအပ်ပါသည်။ ID-Selfie သည် သင့်မျက်နှာအနီးတွင် သင်၏နိုင်ငံသားမှတ်ပုံတင်ကတ် သို့မဟုတ် နိုင်ငံကူးလက်မှတ်အား ကိုင်ဆောင်၍ သင့်ကိုယ်သင် ရိုက်ထားသော ဓာတ်ပုံကိုဆိုလိုပါသည်။ ပုံထဲရှိ နိုင်ငံသားမှတ်ပုံတင်ကတ် သို့မဟုတ် နိုင်ငံကူးလက်မှတ်ပေါ်ရှိအချက်အလက်များသည် ကြည်လင်ပြတ်သားစွာ မြင်နိုင်ရမည်ဖြစ်သည်။ သင်၏ လက်မှတ်နှင့် ID-Selfie တို့သည် စံသတ်မှတ်ချက်များနှင့် မကိုက်ညီပါက သင့်မှာယူမှုကို ပြန်လည်တင်ပြပေးပို့ရန် တောင်းဆိုပါမည်။
ရိုးမဘဏ် လစာ နုတ်ယူခြင်း
အကယ်၍ သင့်အဖွဲ့အစည်းသည် လစာဖြတ်တောက်ခြင်းအတွက် Yoma Bank လစာဝန်ဆောင်မှုများကို အသုံးပြုရန် ရွေးချယ်ခဲ့ပါက မှာယူမှုများ စစ်ဆေးခြင်းပြီးနောက် သင်၏ Yoma Bank လစာအကောင့်နံပါတ်ကို စစ်ဆေးရန် ကျွန်ုပ်တို့အား သဘောတူညီချက် ပေးရပါမည်။ ဤခွင့်ပြုချက်မရှိဘဲ ကျွန်ုပ်တို့သည် သင်၏မှာယူမှုအား ဆက်လက်လုပ်ဆောင်နိုင်မည်မဟုတ်ပါ။
Comments
0 comments
Please sign in to leave a comment.