ဘယ်လိုစတင် အသုံးပြုနိုင်မလဲ?
သင်သည် PLUS+ အသုံးပြုသူဖြစ်ပါက သင့်ဖုန်းနံပါတ်ဖြင့် အကောင့်ဖွင့်ခြင်းဖြင့် သင်၏ PLUS+ အကောင့်ကို စတင်စာရင်းသွင်းနိုင်ပါသည်။ ပထမဦးစွာ App Store၊ Google Play Store သို့မဟုတ် Huawei App Store မှ PLUS+ ကို ဒေါင်းလုဒ်လုပ်ပါ။ သင့်အဖွဲ့အစည်းကို ရွေးချယ်ပါ၊ နိုင်ငံသားစိစစ်ရေးမှတ်ပုံတင်အမှတ် (သို့) နိုင်ငံကူးလက်မှတ်အမှတ်ကို ဖြည့်ပါ။ အကောင့်ဖွင့်ရန် ဖုန်းနံပါတ်နှင့် စကားဝှက်အားဖြည့်စွက်ပါ။ သင့်ဖုန်းနံပါတ်ကို တစ်ကြိမ်သုံးစကားဝှက်ပေးပို့ခြင်းဖြင့် အတည်ပြုပါမည်။
သင်၏ နိုင်ငံသားစိစစ်ရေးမှတ်ပုံတင်အမှတ် (သို့) နိုင်ငံကူးလက်မှတ်အမှတ်နှင့် ဖုန်းနံပါတ်တို့သည် ကျွန်ုပ်တို့၏ မှတ်တမ်းနှင့် ကိုက်ညီမှသာ သင့်အကောင့်ကို စတင်အသုံးပြုနိုင်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။ သင့်အဖွဲ့အစည်းတွင် သင်၏မှတ်တမ်းအကြောင်း မသေချာပါက ကျေးဇူးပြု၍ သင့်သက်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဝန်ထမ်းများနှင့် စစ်ဆေးပါ။
Comments
0 comments
Please sign in to leave a comment.