Rental Hub များ
ပြန်လည်အပ်နှံရန် ရွေးချယ်ထားသော rental hub သို့ သွားရောက်အပ်နှံပါ။
ယာဉ်ကိုစစ်ဆေးခြင်း
ယာဉ်ပျက်စီးခြင်း ရှိ/မရှိ စစ်ဆေးပြီး၊ ပျက်စီးမှုတစ်စုံတစ်ရာတွေ့ရှိပါကလည်း Damage Report မှ အစီရင်ခံစာရေးသား၍ ကျွန်ုပ်တို့ကို အသိပေးရန်။ ယာဉ်အတွင်း မိမိပစ္စည်းများ ကျန်ရှိနေခြင်း ရှိ/မရှိ သေချာစွာစစ်ဆေးရန်။ လောင်စာဆီဖိုး အစီရင်ခံတောင်းရန်ရှိပါက Fuel Claim မှ တောင်းခံရန်။
ခရီးစဉ်ပြီးဆုံးခြင်း
ခရီးစဉ်ပြီးဆုံးရန် ဆောင်ရွက်ရမည့်အချက်များကို လုပ်ဆောင်ပြီးသည်နှင့် Website (သို့မဟုတ်) Mobile Application တွင် Current Reservation မှ End Trip ကို နှိပ်ကာ ခရီးစဉ်အဆုံးသတ်နိုင်သည်။ ကားကို ငှားရမ်းကာလ ကျော်လွန်၍ ပြန်လည်အပ်နှံပါက နောက်ကျကြေးငွေအဖြစ် 30 minutes လျှင် MMK 10,000 ကျသင့်မည် ဖြစ်သည်။
မှတ်ချက်ပေးခြင်း
ကျွန်ုပ်တို့ထံမှာ ကားအငှားဝန်ဆောင်မှု ရယူခြင်းအပေါ် လူကြီးမင်း၏ အတွေ့အကြုံ သဘောထားအမြင်ကိုရေးသားပြီး အဖွဲ့ဝင်ပွိုင့်များကို ရယူလိုက်ပါ။
Comments
0 comments
Please sign in to leave a comment.