Yoma Car Share
Yoma Car Share ဆိုတာဘာလဲ?
Yoma Car Share ဆိုသည်မှာ သင်ငှားလိုသည့်ကားများကို ကိုယ်တိုင်မောင်းစနစ်ဖြင့် သော့မလို ငွေသားချက်ချင်းပေးချေရန်မလိုပဲ အလိုအလျောက်စနစ်ဖြင့် နာရီပိုင်းမှ လပိုင်းအထိ ငှားရမ်းနိုင်သည့် ပြီးပြည့်စုံသော ကားအငှားဝန်ဆောင်မှုဖြစ်ပါသည်။
Yoma Car Share အက်ပ်ကို ဘယ်နေရာမှာ ရယူနိုင်လဲ?
Yoma Car Share အက်ပ်ကို Google Play Store၊ iOS App Store နှင့် Huawei App Gallery တို့တွင် အခမဲ့ ရယူနိုင်ပါသည်။
Yoma Car Share အက်ပ်ကို အသုံးပြုနိုင်ဖို့အတွက် မိုဘိုင်းလ် OS ဗားရှင်း သတ်မှတ်ချက် ရှိပါသလား?
Yoma Car Share အက်ပ်ကို အနိမ့်ဆုံး မိုဘိုင်းလ် OS ဗားရှင်း Android အတွက် 7.0 နှင့် iOS 15.1 တို့မှ စ၍ အသုံးပြုနိုင်ပါသည်။
Yoma Car Share Driver အက်ပ်ကို ဘယ်နေရာတွေမှာ ရယူနိုင်လဲ?
Yoma Car Share Driver အက်ပ်ကို Google Play Store၊ iOS App Store နှင့် Huawei App Gallery တို့တွင် အခမဲ့ ရယူနိုင်ပါသည်။
Yoma Car Share Driver အက်ပ်ကို အသုံးပြုနိုင်ဖို့အတွက် မိုဘိုင်းလ် OS ဗားရှင်း သတ်မှတ်ချက် ရှိပါသလား?
Yoma Car Share Driver အက်ပ်ကို အနိမ့်ဆုံး မိုဘိုင်းလ် OS ဗားရှင်း Android အတွက် 7.0 နှင့် iOS 15.1 တို့မှ စ၍ အသုံးပြုနိုင်ပါသည်။
Yoma Car Share မှာဘာကြောင့်ကားငှားသင့်တာလဲ?
မြန်မာနိုင်ငံတစ်ဝှမ်းတွင် ကားများကို နာရီပိုင်းမှ လပိုင်းအထိ ငှားရမ်းနိုင်ပြီး အဖွဲ့ဝင်များအနေဖြင့် အဆင်ပြေချောမွေ့သောခရီးများ ဖန်တီးနိုင်ရန်အတွက် အကောင်းဆုံး ဝန်ဆောင်မှုများပေးနိုင်ရန် အစဉ်အမြဲကြိုးစားလျှက်ရှိပါတယ်။
ယာဉ်မောင်းပါသလား?
ကိုယ်တိုင်မောင်းစနစ်ဖြင့်မောင်းရသောကားအငှားဝန်ဆောင်မှုဖြစ်သောကြောင့် ယာဉ်မောင်းမပါဝင်ပါ။
ဆီဖိုးပါသလား?
ကီလိုမီတာ ကျသင့်ငွေတွင် ဆီဖိုးပါဝင်ပြီးဖြစ်သောကြောင့် လူကြီးမင်းတို့အနေဖြင့် ဆီဖိုး ထပ်ဆောင်းပေးဆောင်ရန် မလိုပါ။
Rental Hubs
Yoma Car Share Rental Hub ဆိုတာဘာလဲ?
Yoma Car Share Rental Hub ဆိုသည်မှာ သင်ငှားရမ်းထားသည့်ကားကို ရယူရန် ရွေးချယ်ထားသောနေရာနှင့် ကားပြန်လည်အပ်နှံရမည့်နေရာ ဖြစ်ပါသည်။
Rental Hub ပေါင်းဘယ်နှစ်ခုရှိတာလဲ?
အခုလက်ရှိတွင် Yoma Car Share Rental Hub စုစုပေါင်း ၂၃ နေရာရှိပါသည်။ Rental Hub တည်နေရာနှင့် အခြားသောအကြောင်းများကိုသိရှိလိုပါက တည်နေရာ တွင်လေ့လာပါ။
ဘယ်နေရာမှာ Rental Hub တွေရှိတာလဲ?
မြန်မာနိုင်ငံရှိ စီးပွားရေးအချက်အချာကျသည့်မြို့များနှင့် အဓိကမြို့ကြီးများ၏ လေဆိပ်တိုင်းတွင် Rental Hub များတည်ရှိပါသည်။ Rental Hub လမ်းညွှန်အတိအကျကို တည်နေရာတွင်လေ့လာပါ။
ကားယူရမည့်နေရာကို ပြောင်းလို့ရပါသလား?
လူကြီးမင်း၏ reservation အချက်အလက်များကို Upcoming Reservation တွင် ပြောင်းလဲနိုင်ပါသည်။
ကားပြန်အပ်ရမည့်နေရာကို ပြောင်းလို့ရပါသလား?
လူကြီးမင်း၏ reservation အချက်အလက်များကို Upcoming Reservation တွင် ပြောင်းလဲနိုင်ပါသည်။ သို့သော် ကား reservation အချိန် စတင်ပြီးနောက် ကားပြန်အပ်မည့်နေရာပြောင်းလဲ၍မရပါ။
ခရီးစဉ်တစ်ကြောင်းစာငှားရမ်းခြင်း
ခရီးစဉ်တစ်ကြောင်းစာအတွက်ငှားရမ်းခြင်းဆိုတာဘာလဲ?
ခရီးစဉ်တစ်ကြောင်းစာအတွက်ငှားရမ်းခြင်းဆိုသည်မှာ ကားပြန်အပ်သည့်နေရာနှင့် ကားယူမည့်နေရာမတူညီခြင်းကိုဆိုလိုသည်။
ခရီးစဥ် တစ်ကြောင်းစာ ကျသင့်ငွေဆိုတာ ဘာလဲ?
ကားယူသည့်နေရာနှင့် ကားပြန်အပ်သည့် နေရာမတူညီလျှင် ခရီးစဉ်တစ်ကြောင်းစာအတွက် ပေးချေရမည်ဖြစ်ပါသည်။ ကျသင့်ငွေကို Reservation ပြုလုပ်ချိန်တွင် ဖေါ်ပြပေးထားပါသည်။
ပြန်အပ်မည့်နေရာမတူညီသော ခရီးစဉ်အတွက် ဘယ်လောက်ကုန်ကျနိုင်ပါသလဲ?
ခရီးစဉ်တစ်ကြောင်းအတွက် ကုန်ကျစရိတ်သည် ကားရယူမည့်နေရာနှင့် ပြန်လည်အပ်နှံမည့် နေရာတို့၏ အကွာအဝေးအပေါ်တွင် မူတည်ပါသည်။ ကား reservation ပြုလုပ်ချိန်တွင် ခန့်မှန်းကျသင့်ငွေကိုစစ်ဆေးနိုင်ပါသည်။
ငှားရမ်းနိုင်သောမော်တော်ယာဉ်များ
ဘယ်လိုကားအမျိုးအစားများကို ငှားရမ်းနိုင်ပါသလဲ?
Yoma Car Share တွင် SUV၊ MPV၊ Vans၊ Sedan၊ Compacts၊ 10 Seaters နှင့် 14 Seaters ကားအမျိုးအစားအစုံအလင်ကို ငှားရမ်းနိုင်ပါသည်။ ယာဉ်များ နေရာတွင် ရရှိနိုင်သောကားအမျိုးအစားများကို ရှာဖွေနိုင်ပါသည်။
ခရီးစဥ်အတွက် ဘာကားအမျိုးအစား ငှားရမလဲ?
ခရီးစဥ်၏ ကာလနှင့် ကားယူရမည့် နေရာ အပေါ်မူတည်ပြီး ရရှိနိုင်သော ကားများကို ငှားရမ်းနိုင်ပါသည်။
ကားငှားရမ်းခ ဘယ်လောက်ရှိပါသလဲ?
'Find a Car' စာမျက်နှာတွင် ခန့်မှန်းကားငှားရမ်းခများကို reservation ပြုလုပ်ချိန်တွင် ကြည့်ရှုနိုင်ပါသည်။
အဖွဲ့ဝင်တယောက်ဖြစ်ရန်
အဖွဲ့ဝင်အဖြစ် ဘယ်လိုစာရင်းသွင်းရမှာလဲ?
Yoma Car Share website သို့မဟုတ် mobile app တွင် စာရင်းသွင်းရန်အတွက် ဖော်ပြထားသော လုပ်ငန်းစဉ်အဆင့်ဆင့်ကို ဆောင်ရွက်ပြီး အဖွဲ့ဝင်အဖြစ် စာရင်းသွင်းနိုင်ပါသည်။
Individual အကောင့်ဆိုတာဘာလဲ?
Yoma Car Share အဖွဲ့ဝင်၏ individual အကောင့်ဆိုသည်မှာ လူကြီးမင်း၏ ကိုယ်ပိုင်အကောင့်ဖြစ်ပြီး လူကြီးမင်းတစ်ဦးတည်းအတွက် ကားငှားရမ်းအသုံးပြုရန်အတွက်သာ အကျုံးဝင်ပါသည်။
Corporate အကောင့်ဆိုတာဘာလဲ?
Corporate အကောင့်ဆိုသည်မှာ ကုမ္ပဏီအမည်တစ်ခုအောက်တွင် စာရင်းသွင်းထားပြီး ၎င်းအကောင့်အောက်တွင် အဖွဲ့ဝင်များရှိပါသည်။ Corporate အကောင့်တွင် အဖွဲ့ဝင်အကန့်အသတ်မရှိ အသုံးပြုနိုင်ပါသည်။
Yoma Car Share individual အဖွဲ့ဝင်ဖြစ်ဖို့ ဘာတွေလိုသလဲ?
Yoma Car Share individual အဖွဲ့ဝင်ဖြစ်ရန် mobile app တွင် အောက်ပါအချက်အလက်များကို ဖြည့်သွင်းပါ။
- အီးမေလ်းလိပ်စာ
- ဖုန်းနံပါတ်
- နေရပ်လိပ်စာ
- သက်တမ်းရှိယာဉ်မောင်းလိုင်စင်
- မှတ်ပုံတင် (သို့) နိုင်ငံကူးလက်မှတ်
- နေရပ်လိပ်စာအထောက်အထား (သို့) မှတ်ပုံတင်နှင့်အတူရိုက်ထားသော သင့်ဓာတ်ပုံ (လိပ်စာအထောက်အထားဆိုသည်မှာ တရားဝင် စာရွက်စာတမ်းများဖြစ်သည့် - ဥပမာ - အိမ်ထောင်စုစာရင်း၊ လျှပ်စစ်မီတာတောင်းခံလွှာ၊ အင်တာနက်ဘောင်ချာ၊ အိမ်ငှားစာချုပ်၊ ဘဏ်ငွေစုစာရင်းစာအုပ်၏ လိပ်စာပါသည့် ပထမဦးဆုံးစာမျက်နှာ၊ နိုင်ငံခြားသားမှတ်ပုံတင်စစ်တမ်း၊ အစရှိသည်တို့ဖြစ်ပါသည်။ (ပြည်ပမှ လာရောက်ခရီးလည်ပတ်သူများအနေဖြင့် မိမိနိုင်ငံမှ နေရပ်လိပ်စာ (သို့) ပြည်တွင်း ဟိုတယ်လိပ်စာများ တင်ပြနိုင်ပါသည်။ အသေးစိတ်ပိုမိုသိရှိရန် Yoma Car Share hotline သို့ဆက်သွယ်ပေးပါ။) လိပ်စာအထောက်အထားအစား ID-Selfie တင်ပြနိုင်ရပါမည်။ ID-Selfie ဆိုသည်မှာ လူကြီးမင်း၏ မှတ်ပုံတင် (သို့) နိုင်ငံကူးလက်မှတ်ကို မျက်နှာအနီးကပ်ကာ Selfie ဓါတ်ပုံရိုက်ခြင်းဖြစ်သည်။ ထို ID-Selfie တွင် မှတ်ပုံတင် (သို့) နိုင်ငံကူးလက်မှတ်မှ အချက်အလက်များ ထင်ရှားစွာပါရှိရမည်။)
- Yoma Car Share ပရိုဖိုင်ရှိ ငွေပေးချေကတ် (Yoma Car Shareအကောင့်တွင် ငွေပေးချေမှုဆိုင်ရာ နည်းလမ်းများဖြစ်သည့် Visa/Master Debit/Credit ကတ်၏ အချက်အလက်များအား ဖြည့်သွင်းပေးထားရမည်ဖြစ်ပြီး ကဒ်ရဲ့ သက်တမ်းမှာ Yoma Car Share တွင် အကောင့်စတင်လျှောက်ထားသည့်နေ့မှစတင်၍ အနည်းဆုံး ၄ နှစ်အောက် သက်တမ်းရှိနေသည့် ကတ် ဖြစ်ရမည်။ ရပ်ကွက်ထောက်ခံစာ (Card ရဲ့ သက်တမ်းမှာ ၄ နှစ် အထက်ဖြစ်နေပါကYoma Fleet Limited တွင် ကားငှားရမ်းအသုံးပြုရန်အတွက် ထောက်ခံပေးသော ၇ ရက်အတွင်း ပြုလုပ်ထားသည့် ရပ်ကွက်ထောက်ခံစာ (သို့မဟုတ်) Yoma Group မှ ဝန်ထမ်း၏ အလုပ် email လိပ်စာဖြင့် ထောက်ခံချက် လိုအပ်ပါသည်။ Yoma Group ၏ဝန်ထမ်းမှ ထောက်ခံချက်ဖြင့် Yoma Car Share တွင် ကားငှားရမ်းအသုံးပြုပါက ရပ်ကွက်ထောက်ခံစာနှင့် ငွေပေးချေမှုဆိုင်ရာ နည်းလမ်းများ ထည့်သွင်းထားရန် မလိုအပ်ပါ။ Yoma Group ဝန်ထမ်းဟုဆိုရာတွင် Yoma Group ၏ အလုပ် email ကို အသုံးပြုသော အမြဲတမ်းဝန်ထမ်းဖြစ်ရမည်ဖြစ်သည်။ လူကြီးမင်းလက်ရှိနေထိုင်သည့် လိပ်စာကို သက်သေခံသော အထောက်အထားအဖြစ် လူကြီးမင်း၏ မီတာဘေလ်၊ အင်တာနက်ဘေလ်(သို့) အခြားအငှားစာချုပ်များမှ ရရှိနိုင်ပါသည်။ ID - Selfie ဆိုသည်မှာ လူကြီးမင်းမှ လိပ်စာအထောက်အထားမပေးလိုပါက မိမိ၏ မှတ်ပုံတင်(သို့မဟုတ်) နိုင်ငံကူးလက်မှတ်ကို မိမိမျက်နှာနားတွင်ထားရှိကာ selfie ဓါတ်ပုံရိုက်ယူခြင်းဖြစ်သည်။ (ဓါတ်ပုံတွင် မှတ်ပုံတင်(သို့မဟုတ်) နိုင်ငံကူးလက်မှတ်မှ အချက်အလက်များသည် မြင်သာထင်ရှားမှုရှိရမည်။) လူကြီးမင်းအဖွဲ့ဝင်အကောင့်အတည်ပြုရန် အခြားသောလိုအပ်သည့်အချက်အလက်များကို ကျွန်ုပ်တို့မှ တောင်းဆိုနိုင်သည်။ ပိုမိုသိရှိလိုပါက ကျွန်ုပ်တို့၏ hotline (09YOMAFLEET or 09966235338) သို့ ဆက်သွယ်ပါ။ လူကြီးမင်း၏ Yoma Car Share အကောင့်တွင် ငွေပေးချေမှုဆိုင်ရာ နည်းလမ်းများ ထည့်သွင်းထားစေကာမူ ကျွန်ုပ်တို့အနေဖြင့် ရပ်ကွက်ထောက်ခံစာအား ထပ်မံတောင်းခံနိုင်သည်။ လိုအပ်သည့်အချက်အလက်နှင့် စာရွက်စာတမ်းများ တင်ပြပြီးပါက အသင်းဝင်အဖြစ် ခွင့်ပြုချက်ပေးမည်ဖြစ်ပြီး အသင်းဝင်ဖြစ်သည်နှင့် တပြိုင်နက် ကားစတင်ငှားရမ်းအသုံးပြုနိုင်ပါသည်။
Yoma Car Share Corporate အကောင့်ကို ဘယ်လိုစာရင်းသွင်းရမှာလဲ?
Corporate အကောင့်ကိုဖွင့်ရန် စုံစမ်းသည့် ဖောင်ဖြည့်ပါ (သို့မဟုတ်) aung@yomafleet.com သို့မေလ်းပို့ပြီး စုံစမ်းနိုင်သလို Yoma Fleet Hot Line နံပါတ်ကိုလည်း ဆက်သွယ် စုံစမ်းနိုင်ပါသည်။
ကျွန်ုပ် Yoma Car Share အကောင့်ကို အခြားသူများနှင့် မျှဝေအသုံးပြုနိုင်ပါသလား?
လူကြီးမင်း၏ Yoma Car Share အကောင့်သည် တစ်ဦးတည်းသာသီးသန့်သုံးရမည်ဖြစ်ပြီး အခြားသူများနှင့်မျှဝေသုံး၍မရပါ။ လူကြီးမင်း၏အကောင့်ဖြင့် ငွေပေးချေမှုများနှင့် အာမခံများအတွက် လူကြီးမင်းတစ်ဦးတွင်သာ တာဝန်ရှိပြီး ကား reservation ပြုလုပ်သည့်အချိန်တွင်လည်း သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများ ကိုလည်း သဘောတူညီရမည် ဖြစ်ပါသည်။ အခြားတစ်ယောက်ယောက်ကိုလူကြီးမင်းအနေဖြင့် ယာဉ်မောင်းအဖြစ် ဆောင်ရွက်စေလိုပါက အရံယာဉ်မောင်းအကြောင်းကိုလေ့လာပါ။
အာဆီယံယာဉ်မောင်းလိုင်စင်ဖြင့် မောင်းနှင်လို့ရပါသလား?
အာဆီယံယာဉ်မောင်းလိုင်စင်ဖြင့် မြန်မာနိုင်ငံတွင် တရားဝင် မောင်းနှင်နိုင်ပါသည်။
နိုင်ငံတကာယာဉ်မောင်းပါမစ်ဖြင့် မောင်းနှင်လို့ရပါသလား?
နိုင်ငံတကာယာဉ်မောင်းပါမစ်ဖြင့် မောင်းနှင်နိုင်ပါသည်။ သို့သော် မြန်မာနိုင်ငံအတွင်း နိုင်ငံတကာယာဉ်မောင်းပါမစ်ဖြင့် မောင်းနှင်ခွင့်ပြုထားသည့် တရားဝင်နိုင်ငံများစာရင်းကို ကျေးဇူးပြု၍ ကျွန်ုပ်တို့နှင့် အတည်ပြုစစ်ဆေးပါ။
သက်တမ်းကုန်ဆုံးနေသော ယာဉ်မောင်းလိုင်စင်ဖြင့် မောင်းနှင်လို့ရပါသလား?
သက်တမ်းကုန်ဆုံးနေသည့် ယာဉ်မောင်းလိုင်စင်အသုံးပြုသူကို ကျွန်ုပ်တို့၏ ကားများအား မောင်းနှင်ခွင့်မပြုပါ။ အကယ်၍ လူကြီးမင်းသည် သက်တမ်းကုန်ဆုံးနေသောယာဉ်မောင်းလိုင်စင်ဖြင့် ကျွန်ုပ်တို့၏ကားများကို မောင်းနှင်ပါက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ချိုးဖောက်ခြင်းအတွက် လူကြီးမင်းမှ အပြည့်အဝတာဝန်ယူရပါမည်။ လူကြီးမင်း၏ အာမခံမူဝါဒ အကျုံးဝင်မှုကိုလည်း ပျက်ပြယ်စေမည်ဖြစ်ပါသည်။
ID ဆိုတာဘာလဲ?
ID သို့မဟုတ် သက်သေခံကဒ်ပြား ဆိုသည်မှာ နိုင်ငံသားစိစစ်ရေးမှတ်ပုံတင် (NRC) သို့မဟုတ် အမျိုးသားမှတ်ပုံတင် သက်သေခံကဒ် (NRIC) ဖြစ်သည်။
လိပ်စာအထောက်အထားဆိုတာဘာလဲ?
လိပ်စာအထောက်အထားဆိုသည်မှာ လူကြီးမင်း လက်ရှိနေထိုင်သည့်လိပ်စာကို ဆိုလိုသည်။ လိပ်စာအထောက်အထားကို မီတာဘေလ်၊ ဖုန်းဘေလ် သို့မဟုတ် အင်တာနက်ဘေလ်နှင့်အခြားအငှားစာချုပ်များဖြင့်သက်သေပြနိုင်သည်။ ပိုမိုသိရှိလိုပါက ကျွန်ုပ်တို့၏ hotline (09YOMAFLEET သို့မဟုတ် 09966235338)) သို့ ဆက်သွယ်ပါ။
ID-Selfie ဆိုတာဘာလဲ?
ID-Selfie ဆိုသည်မှာ လူကြီးမင်းမှ လိပ်စာအထောက်အထားမပေးလိုပါက မိမိ၏ မှတ်ပုံတင် (သို့မဟုတ်) နိုင်ငံကူးလက်မှတ်ကို မိမိမျက်နှာနားတွင်ထားရှိကာ selfie ဓါတ်ပုံရိုက်ယူခြင်းဖြစ်သည်။ (ဓါတ်ပုံတွင် မှတ်ပုံတင် (သို့မဟုတ်) နိုင်ငံကူးလက်မှတ်မှ အချက်အလက်များသည် မြင်သာထင်ရှားမှုရှိရမည်။)
မိမိ Yoma Car Share အကောင့်၏ အချက်အလက်များကို ဘယ်လို ပြင်ဆင်လို့ရပါသလဲ?
လူကြီးမင်း၏အကောင့်အချက်အလက်များကို ပြုပြင်ပြောင်းလဲနိုင်ပါသည်။ အချို့အချက်အလက်များကို လူကြီးမင်းကိုယ်တိုင်ပြောင်း၍မရပါ။ ထိုအခြေအနေမျိုးတွင် ကျွန်ုပ်တို့၏ hotline (09YOMAFLEET သို့မဟုတ် 09966235338) သို့ ဆက်သွယ်နိုင်ပါသည်။
Yoma Car Share အကောင့်ကို ဘယ်လို ဖျက်သိမ်းရမလဲ?
ကျေးဇူးပြု၍ ကျွန်ုပ်တို့၏ hotline (09YOMAFLEET သို့မဟုတ် 09966235338) သို့ ဖုန်းခေါ်ဆိုပါ သို့မဟုတ် လူကြီးမင်း၏ Yoma Car Share အကောင့်ကို ပိတ်ရန် aung@yomafleet.com သို့ အီးမေးလ်ပို့ အကြောင်းကြားနိုင်ပါသည်။
Reservation ပြုလုပ်ခြင်း
Yoma Car Share ကို ဘယ်အခြေအနေမှာ ငှားရမ်းအသုံးပြုလို့ရမလဲ?
လူကြီးမင်း၏အဖွဲ့ဝင်ခြင်းကို အတည်ပြုပြီးနောက် အသက်ဝင်နေသရွေ့ Yoma Car Share ကို အချိန်မရွေး၊ နေရာမရွေး ငှားရမ်းအသုံးပြုနိုင်ပါသည်။
Website နှ င့် mobile app နှစ်ခုစလုံးတွင် ကား reservation လုပ်လို့ရပါသလား?
Yoma Car Share website နှင့် mobile app နှစ်ခုစလုံးတွင် ကား reservation တင်ယူနိုင်သော်လည်း mobile app သည် လူကြီးမင်းအတွက် အသုံးပြုရန် ပိုမိုကောင်းမွန်ပြီး အဆင်ပြေစေသောကြောင့် Mobile App ကိုသာအသုံးပြုရန် အကြံပြုအပ်ပါသည်။ Yoma Car Share App ကို ယခုအခါ Google Play Store၊ iOS App Store နှင့် Huawei App Gallery တို့တွင် ရယူနိုင်ပါသည်။
Yoma Car Share mobile app ကို ဒေါင်းလုဒ်လုပ်ရန် လိုအပ်ပါသလား?
လူကြီးမင်းအနေဖြင့် အသုံးပြုရာတွင် ပိုမိုလွယ်ကူစေရန်အတွက် Yoma Car Share Mobile App ကို ဒေါင်းလုဒ်ပြုလုပ်ထားရန် တိုက်တွန်းလိုပါသည်။
ဘယ်ကားအမျိုးအစားကို ငှားလို့ရမလဲ?
ငှားရမ်းရရှိနိုင်သောကားအမျိုးအစားများကို ဤနေရာ တွင်စစ်ဆေးနိုင်ပါသည်။
ကားဘယ်လောက်ကြာငှားရမ်းလို့ရပါသလဲ?
Yoma Car Share တွင်အနည်းဆုံး အချိန် ၁ နာရီမှ အများဆုံး ရက် ၃၀အထိ ငှားရမ်းနိုင်ပါသည်။ ရက် ၃၀ ပြည့်ပါက ဆက်လက်ငှားရမ်းနိုင်ရန်အတွက် reservation အသစ်တစ်ခု ပြုလုပ်နိုင်ပါသည်။
Reservation ပယ်ဖျက်မှုဆိုင်ရာ မူဝါဒက ဘာလဲ?
ကား reservation ကိုပယ်ဖျက်ပါက ပယ်ဖျက်ကြေးအဖြစ် MMK 10,000 ကောက်ခံပါသည်။ ထိုအခကြေးငွေကို လူကြီးမင်း၏ Debit/Credit Card၊ MPU၊ WavePay နှင့် KBZPay သို့မဟုတ် Yoma Car Share အဖွဲ့ဝင်ပွိုင့်များ/ကူပွန်များဖြင့် ပေးဆောင်နိုင်ပါသည်။ လူကြီးမင်း၏ ခရီးအစီအစဉ် အပြောင်းအလဲရှိပါက ပယ်ဖျက်မည့်အစား ပြောင်းလဲလိုသည့် နေ့ရက်နှင့်အချိန်ကို ပြင်ဆင်ရန် အကြံပြုအပ်ပါသည်။
Reservation ကို ပြင်ဆင်လို့ရပါသလား?
လူကြီးမင်း၏ reservation အချိန် မစတင်မီ 45 မိနစ်အထိ ပြင်ဆင်ပြောင်းလဲနိုင်ပါသည်။
အရံယာဉ်မောင်းဆိုတာဘာလဲ?
အရံယာဉ်မောင်းဆိုသည်မှာ ကျွန်ုပ်တို့၏ အာမခံ မူဝါဒဖြင့် အကျုံးဝင်ပြီး Yoma Car Share မှ လူကြီးမင်းငှားရမ်းထားသောကားကို လူကြီးမင်းမှ မောင်းနှင်ခွင့်ပြုထားသူတစ်ဦးဖြစ်ပြီး လူကြီးမင်းခရီးတလျှောက် အတူလိုက်ပါ မောင်းနှင်သူဖြစ်သည်။ Reservation လုပ်ငန်းစဉ်အတွင်း အရံယာဉ်မောင်း၏အချက်အလက်များကို မဖြစ်မနေထည့်သွင်းရမည်ဖြစ်ပြီး လူကြီးမင်း၏အကောင့်တွင် မိမိ၏ အရံယာဉ်မောင်းအချက်အလက်များကိုလည်း သိမ်းဆည်းနိုင်ပါသည်။
အရံယာဉ်မောင်းက ကားကို ဘယ်လိုမောင်းနှင်ခွင့်ရမလဲ?
အရံယာဉ်မောင်းသည် ကားမောင်းနှင်ခွင့်ရရှိရန်အတွက် Google Play Store၊ iOS App Store နှင့် Huawei App Gallery တို့တွင် Yoma Car Share Driver မိုဘိုင်းအက်ပ်ကို ဒေါင်းလုဒ်လုပ်ပြီး အချက်အလက်ဖြည့်စွက်ကာ မောင်းနှင်နိုင်ခွင့်ရရှိမည်ဖြစ်သည်။
ပရိုမိုကုဒ်ဆိုတာ ဘာလဲ?
ပရိုမိုကုဒ်သည် လူကြီးမင်း ငှားရမ်းအသုံးပြုသော အခြေခံငှားရမ်းကျသင့်ငွေ၏ ရာခိုင်နှုန်း သို့မဟုတ် ပမာဏကို လျှော့စျေးဖြင့်ပြန်ပေးသည့် ကုဒ်တစ်ခုဖြစ်သည်။
ပွိုင့်ရမှတ်ဆိုတာဘာလဲ??
ပွိုင့်ဆိုသည်မှာ Yoma Car Share တွင် လူကြီးမင်း ငှားရမ်းအသုံးပြုခဲ့သည့် ခရီးစဉ်များမှ အခြေခံနှုန်းထားပေါ်မူတည်ပြီး ရရှိသော အဖွဲ့ဝင်အမှတ်များ နှင့် ငှားရမ်းအသုံးပြုသည့် အတွေ့အကြုံများကို သုံးသပ်ချက်ပေးသောအခါတွင် ရရှိသော အဖွဲ့ဝင်အမှတ်များဖြစ်သည်။ ထိုပွိုင့်များကို နောင်လာမည့် Reservation များတွင် အသုံးပြုနိုင်ပြီး ပွိုင့်များ၏ သက်တမ်းမှာ ရရှိသည့်အချိန်မှ (၉)လ ဖြစ်သည်။ ပွိုင့်အကြောင်း ပိုမိုသိရှိလိုပါက လူကြီးမင်း၏ Yoma Car Share အဖွဲ့ဝင်အကောင့်တွင်လေ့လာပါ။
ကူပွန်ဆိုတာဘာလဲ?
ကူပွန်ဆိုသည်မှာ Yoma Car Share အဖွဲ့ဝင်များ အသုံးပြုရန်အတွက် အထူးခံစားခွင့်အဖြစ် ပေးထားသောအရာဖြစ်သည်။ မတူညီသည့် ခံစားခွင့်ကူပွန်မျိုးစုံရရှိနိုင်ပြီး ၎င်းတို့ကို လူကြီးမင်းငှားရမ်းသော Reservation တွင် အသုံးပြုပါက ကားငှားခနှုန်းထားကို လျှော့ချနိုင်ပါသည်။ ကူပွန်အကြောင်းကို ပိုမိုသိရှိလိုပါက သင့်၏ Yoma Car Share အဖွဲ့ဝင်အကောင့်တွင်လေ့လာပါ။
ခန့်မှန်းကျသင့်ငွေဆိုတာဘာလဲ?
ခန့်မှန်းကျသင့်ငွေဆိုသည်မှာ လူကြီးမင်းကား Reservation ပြုလုပ်ချိန်တွင် ရွေးချယ်ထားသည့် အချိန်နှင့်နေ့ရက်ပေါ်မူတည်၍ တွက်ထားသော ကျသင့်ငွေပမာဏဖြစ်သည်။ ကားပြန်အပ်ချိန်တွင် လူကြီးမင်း ခရီးပြီးဆုံးသည့်အချိန်နှင့် မောင်းနှင်ထားသောကီလိုမီတာပေါ်မူတည်၍ စုစုပေါင်းကျသင့်ငွေကို ဖေါ်ပြပေးမည်ဖြစ်သည်။
ကီလိုမီတာကျသင့်ငွေဆိုတာ ဘာလဲ?
ကီလိုမီတာကျသင့်ငွေဆိုသည်မှာ လူကြီးမင်း ကားငှားရမ်းအသုံးပြုသည့်ကာလတွင် မောင်းနှင်ခဲ့သော လောင်ဆာဆီအသုံးပြုနှုန်းထားနှင့်တာယာခများအတွက် ကီလိုမီတာနှုန်းထားအဖြစ် ကောက်ခံခြင်းဖြစ်သည်။ လူကြီးမင်း ငှားသည့်ကားအမျိုးအစားပေါ်မူတည်ပြီး ကီလိုမီတာကျသင့်ငွေကွာခြားမည် ဖြစ်ပါသည်။ ရွေးချယ်သည့်ကားအမျိုးအစား၏ ကီလိုမီတာနှုန်းထားများကို reservation ပြုလုပ်ချိန်တွင် စစ်ဆေးနိုင်ပါသည်။
ကီလိုမီတာကြေးကိုဘယ်လိုတွက်နိုင်ပါသလဲ?
လူကြီးမင်း reservation ပြုလုပ်ထားသောကားကို စတင်အသုံးပြုသည့် အချိန်မှစ၍ ခရီးစဉ်ပြီးဆုံးချိန်အထိ မောင်းနှင်ခဲ့သော စုစုပေါင်းအကွာအဝေးပေါ်တွင် ကီလိုမီတာကို တွက်ချက်ထားခြင်းဖြစ်သည်။
ပြီးဆုံးခဲ့သည့်ခရီးစဉ်များကို မည်ကဲ့သို့စစ်ဆေးနိုင်ပါသလဲ?
လူကြီးမင်း၏ Yoma Car Share အဖွဲ့ဝင်အကောင့်တွင် reservation များကို စစ်ဆေးနိုင်ပါသည်။
ပယ်ဖျက်ခဲ့သော Reservation များကို မည်ကဲ့သို့ စစ်ဆေးနိုင်ပါသလဲ?
လူကြီးမင်း၏ Yoma Car Share အဖွဲ့ဝင်အကောင့်တွင် ပယ်ဖျက်ခဲ့သော reservation များကို စစ်ဆေးနိုင်ပါသည်။
လက်ရှိအသုံးပြုနေသော Current Reservation ကို မည်ကဲ့သို့ စစ်ဆေးနိုင်ပါသလဲ?
လူကြီးမင်း၏ Yoma Car Share အဖွဲ့ဝင်အကောင့်တွင် လက်ရှိငှားရမ်းအသုံးပြုနေသော reservation များကို စစ်ဆေးနိုင်ပါသည်။
လာမည့် Upcoming Reservation များကို မည်ကဲ့သို့ စစ်ဆေးနိုင်ပါသလဲ?
လူကြီးမင်း၏ Yoma Car Share အဖွဲ့ဝင်အကောင့်တွင် နောင်ငှားရမ်းအသုံးပြုမည့် upcoming reservation များကို စစ်ဆေးနိုင်ပါသည်။
ကားလာယူခြင်းနှင့် ကားပြန်ထားခြင်း
မော်တော်ယာဉ်များကို မည်ကဲ့သို့ ရှာဖွေနိုင်ပါသလဲ?
ကျွန်ုပ်တို့၏မော်တော်ယာဉ်များကို Rental Hub များတွင် ထားရှိထားပါသည်။ ကျွန်ုပ်တို့၏ Rental Hub စာရင်းကို ဤနေရာ တွင်နှိပ်ပြီးစစ်ဆေးနိုင်ပါသည်။
Reservation စတင်ချိန်တွင် မည်သည့်ကားနံပါတ်ကိုရယူရမည်ကို ဘယ်လိုကြိုတင်သိရှိနိုင်ပါမလဲ?
လူကြီးမင်း၏ Reservation Confirmation အီးမေးလ်တွင် ယာဉ်၏ လိုင်စင်မှတ်ပုံတင်နံပါတ် ပါရှိပါသည်။

ကားကို ဘယ်လို စတင်ပြီးမောင်းနှင်နိုင်သလဲ?
Reservation အစတွင် လူကြီးမင်း၏ smart phone ထဲရှိ Yoma Car Share မိုဘိုင်းအပ်မှတဆင့် ကားကို Bluetooth သို့မဟုတ် Internet connection အသုံးပြုချိတ်ဆက်ကာ unlock button ကို နှိပ်ပြီး ကားစတင်အသုံးပြုနိုင်ပါသည်။
(Check Car) ကားစစ်ဆေးခြင်း ဆိုတာဘာလဲ?
(Check Car) ကားစစ်ဆေးခြင်း ဆိုသည်မှာ လူကြီးမင်းငှားရမ်းထားသောကား စတင်အသုံးမပြုမီအချိန်တွင် ကားအတွင်းနှင့်အပြင်ပိုင်း ပျက်စီးမှု/ ထိခိုက်မှု တစုံတရာမှန်သမျှကို အကြောင်းကြားနိုင်သည့် နည်းလမ်းတစ်ခုဖြစ်သည်။ တွေ့ရှိသော အပျက်အစီးများကို ဓာတ်ပုံရိုက်ပြီး Current Reservation တွင် ပါဝင်သော Check Car မှတဆင့် ကျွန်ုပ်တို့အား အသိပေးအကြောင်းကြားနိုင်ပါသည်။ ကား reservation စတင်ပြီး 60 မိနစ်နောက်ပိုင်းတွင် (Check Car) ကားစစ်ဆေးခြင်းလုပ်ဆောင်ချက်ကို ပြုလုပ်နိုင်တော့မည်မဟုတ်ပါ။
ကားကို ပြန်အပ်မည့်အချိန်ထပ် စော၍အပ်လို့ရပါသလား?
လူကြီးမင်း reservation ပြုလုပ်သည့်အချိန်တွင် ရွေးချယ်ခဲ့သည့် အချိန်ကာလအတွင်း End Trip ကိုနှိပ်၍ ပြန်လည်အပ်နှံနိုင်ပါသည်။ ငွေတောင်းခံလွှာတွင်လည်း ပြန်လည်အပ်နှံသည့်အချိန်ထိသာ ကောက်ခံသွားမည်ဖြစ်ပါသည်။ Reservation ပြုလုပ်စဉ်က ရွေးချယ်ခဲ့သည့် ကားပြန်လည်အပ်နှံမည့်အချိန်ဖြင့်ကောက်ခံမည်မဟုတ်ပါ။
ကားကို ပြန်အပ်မည့်အချိန်နောက်ကျရင် ဘာဖြစ်မလဲ?
လက်ရှိ ကား Reservation ကို အချိန်ထပ်တိုးယူနိုင်ပါသည်။ အများဆုံး ထပ်တိုးယူနိုင်ေသာအချိန်မှာ ရွေးချယ်ထားသော ကားပြန်လည်အပ်မည့်ရက်နှင့်အချိန်၏ နောက်၇ရက်ဖြစ်ပါသည်။ ထပ်တိုးမယူပဲ ပြန်အပ်ချိန်ကျော်သွားပါက နောက်ကျကြေးအဖြစ် 30 minutes ကို MMK 10,000 ကျသင့်မည်ဖြစ်သည်။
Reservation ကို သက်တမ်းတိုးချင်ရင် ဘာလုပ်ရမလဲ?
လူကြီးမင်း၏ လက်ရှိ reservation ကိုသွားရောက်၍ သက်တမ်းတိုးနိုင်ပါသည်။ မိမိရွေးချယ်ခဲ့သောကားပြန်လည်အပ်နှံမည့် ရက်နှင့်အချိန်မှစ၍ အများဆုံး နောက်ထပ် 7 ရက်ထိသာ သက်တမ်းတိုးနိုင်ကြောင်းကို သတိပြုရန်လိုအပ်ပါသည်။ သို့သော် ကျွန်ုပ်တို့အနေဖြင့် သက်တမ်းတိုးချင်းကို ပယ်ဖျက်ခွင့်၊ သို့မဟုတ် အခြားသောကားဖြင့် လဲလှယ်ခြင်းများကို ပြုလုပ်နိုင်ခွင့်ရှိသည်။ အခြားကားနှင့် လဲလှယ်ခဲ့ပါက ထိုကား၏ ငှားရမ်းဈေးနှုန်းနှင့် ကီလိုမီတာကျသင့်ငွေအတိုင်း ပေးချေရမည်ဖြစ်သည်။
ကားဘယ်လိုပြန်အပ်ရမှာလဲ?
လူကြီးမင်း ကားပြန်အပ်ရန်ရွေးချယ်ခဲ့သော Rental Hub သို့သွားရောက် အပ်နှံရမည်ဖြစ်ပြီး ကားတွင် ထိခိုက်မှု တစုံတရာရှိ/ မရှိစစ်ဆေးပါ။ ကားထဲတွင် မိမိ၏ပစ္စည်းများမကျန်ခဲ့စေရန်စစ်ဆေးပြီး ကားအတွင်းအပြင်ကို ဓါတ်ပုံရိုက်မှတ်တမ်းရယူပြီးနောက် Current reservation မှတဆင့် 'End Trip' ကိုနှိပ်ပါ။
လောင်စာဆီ
ကားဆီဖြည့်ဖို့ ဘယ်သူ့မှာ တာဝန်ရှိသလဲ?
လူကြီးမင်း ကားငှားရမ်းထားသည့်ကာလတွင် ကားဆီဖြည့်ရန်လိုအပ်လာပါက ကားဒက်ရှ်ဘုတ်အံဆွဲထဲမှ ဆီဖြည့်သည့် စာအုပ် / ကဒ်များကို အသုံးပြုပြီး Denko၊ Max Energy၊ PT Power၊ BOC နှင့် 360 Petro တို့တွင် အခမဲ့ကားဆီဖြည့်နိုင်ပါသည်။ အကယ်၍ အခြားသောဆီဆိုင်တွင် ဆီဖြည့်ခဲ့ပါက ကျသင့်ငွေကို ဘောင်ချာဖြင့် Current Reservation Fuel Claim မှ Reservation မပြီးဆုံးမီ ပြန်လည်တောင်းခံနိုင်ပါသည်။ (Denko ဆီဆိုင်တွင် ဆီဖြည့်သောအခါ ပေးရမည့် လျှို့ဝှက်နံပါတ်မှာ လူကြီးမင်းမောင်းနှင်သောကားနံပါတ်၏ နောက်ဆုံး ၄လုံးဖြစ်သည်။)
လောင်စာဆီဝယ်ယူခဲ့သည့်ဖြတ်ပိုင်းဖြင့် ကျသင့်ငွေပြန်တောင်းလို့ရပါသလား?
ကျွန်ပ်တို့၏ မိတ်ဖက်ဆီဆိုင်များဖြစ်သည့် Denko၊ Max Energy၊ PT Power၊ BOC နှင့် 360 Petro တို့တွင် ဆီမထည့်ပဲ အခြားဆီဆိုင်များတွင် ထည့်ခဲ့ပါက ကျသင့်ငွေကို ဘောင်ချာဖြင့် Current Reservation Fuel Claim မှ Reservation မပြီးဆုံးမီ ပြန်လည်တောင်းခံနိုင်ပါသည်။
သုံးသပ်ချက်များ
သုံးသပ်ချက်များဆိုတာဘာလဲ?
သုံးသပ်ချက်များသည် လူကြီးမင်း၏ ကားငှားရမ်းမှုအတွေ့အကြုံနှင့်ပတ်သက်၍ ကျွန်ုပ်တို့အား ပေးနိုင်သော အကြံပြုချက်ဖြစ်သည်။ လူကြီးမင်းတို့အား အကောင်းဆုံးသောငှားရမ်းမှုအတွေ့အကြုံကောင်းများကို ဆက်လက်ဆောင်ရွက်ပေးလိုသောကြောင့် ကျွန်ုပ်တို့အား လူကြီးမင်း၏ သဘောထားအမြင်နှင့်အရှိအတိုင်း သုံးသပ်ချက်များကိုပေးရန်ကိုလည်း အကြံပြုအပ်ပါသည်။
ကားငှားရမ်းခြင်း သုံးသပ်ချက်ကိုဘယ်လိုပေးရမလဲ?
ခရီးစဉ်ပြီးရန် End Trip ကိုနှိပ်ပြီးပါက သုံးသပ်ချက်ပေးနိုင်သလို မိမိ၏ Yoma Car Share အဖွဲ့ဝင်အကောင့်သို့ ဝင်ရောက်၍လည်း သုံးသပ်ချက်ပေးနိုင်ပါသည်။
ကားငှားရမ်းခြင်း သုံးသပ်ချက်တွေပေးရင် ဘာတွေရနိုင်ပါသလဲ?
သုံးသပ်ချက်များ ပေးခြင်းဖြင့် လူကြီးမင်းသည် အဖွဲ့ဝင်ပွိုင့်များ ရရှိမည်ဖြစ်ပါသည်။ အဖွဲ့ဝင်ပွိုင့်များအကြောင်းကို ပိုမိုသိရှိလိုပါက Yoma Car Share အကောင့်၏ အဖွဲ့ဝင်ရန် နေရာသို့သွားပါ။
အငှားမူဝါဒများ
ကားအတွင်းမှ ဖုန်းအားသွင်းကြိုးကို ယူသွားလို့ရပါသလား?
ကားပြန်အပ်ပြီးနောက် ကားအတွင်းတွင် ဖုန်းအားသွင်းကြိုးပြန်မပါလာပါက ဒဏ်ကြေးငွေ ကျပ် ၁၅၀၀၀ လူကြီးမင်းမှ ပေးရပါမည်။
ကားထဲမှာဆေးလိပ်သောက်လို့ရပါလား?
Yoma Car Share ၏ ကားများအတွင်း ဆေးလိပ်သောက်ခွင့်မပြုပါ။ အကယ်၍ ကျွန်ုပ်တို့ကားအတွင်း ဆေးလိပ်သောက်ထားကြောင်း ရှာဖွေတွေ့ရှိပါက လူကြီးမင်းထံမှ ဒဏ်ကြေးအဖြစ် မြန်မာကျပ်ငွေ (၁)သိန်း ဖြင့် အပိုပြန်လည်ကောက်ခံမည်ဖြစ်ပါသည်။
အိမ်မွေးတိရစ္ဆာန်နှင့်အတူ စီးလို့ရလား?
Yoma Car Share ကားပေါ်သို့ သင့်လျော်သည့် အိမ်မွေးတိရစ္ဆာန်လှောင်အိမ်နှင့်သယ်ဆောင်လျှင် လိုက်ပါစီးနင်းခွင့်ပြုပါသည်။ အကယ်၍ လှောင်အိမ်နှင့်စနစ်တကျသယ်ဆောင်ထားခြင်းမရှိသည်ကို တွေ့ရှိပါက အထူးသန့်ရှင်းရေးပြုလုပ်ရန်အတွက် လူကြီးမင်းထံမှ သန့်ရှင်းရေးကုန်ကျငွေ အပိုကောက်ခံမည်ဖြစ်ပါသည်။
ကားပေါ်မှာ ကပ်ထားတဲ့ Yoma Fleet နှင့် Yoma Car Share လိုဂိုစတေကာကို ခွာလို့ရလား?
လူကြီးမင်း အနေဖြင့် ကျွန်ုပ်တို့၏ အမှတ်တံဆိပ်လိုဂိုစတေကာများကိုခွာ၍မရပါ။ အကယ်၍ခွာခဲ့ပါက လူကြီးမင်းထံမှ သင်ခွာလိုက်သည့်စတေကာ၏ အခြေအနေ အပေါ်မူတည်ပြီး ကုန်ကျစရိတ်ကောက်ခံသွားမည်ဖြစ်သည်။
ကားထိုင်ခုံများ စွန်းထင်းပေကျံသွားပါက ဘာဖြစ်မလဲ?
ပျက်စီးဆုံးရှုံးပေကျံမှုကို စီစစ်ပြီး သန့်ရှင်းရေးဝန်ဆောင်မှုအတွက် လူကြီးမင်းထံမှ အပိုကောက်ခံသွားမည်ဖြစ်သည်။
ကားထဲမှာ ပစ္စည်းတစ်ခုခုမေ့ကျန်ခဲ့ရင် ဘာလုပ်ရမလဲ?
ကျွန်ုပ်တို့၏ Hotline (09YOMAFLEET or 09966235338) နံပါတ်သို့အကြောင်းကြားရမည်ဖြစ်သည်။ လူကြီးမင်း၏ပျောက်ဆုံးသွားသော ပစ္စည်းကို ရှာတွေ့မည်ဟု ကျွန်ုပ်တို့ အာမမခံနိုင်ပါ။ သို့သော် ပျောက်ဆုံးသွားသောပစ္စည်းများကို တွေ့ရှိပါက၊ မေ့ကျန်သည့်နေ့မှ ရက်ပေါင်း ၉၀ အထိ သိမ်းဆည်းပေးထားမည်ဖြစ်ပါသည်။
ငှားရမ်းမှု မူဝါဒဆိုသည်မှာ ဘာလဲ?
လူကြီးမင်း၏ ကား reservation လုပ်ဆောင်နေချိန်အတွင်းတွင် ကျွန်ုပ်တို့၏ငှားရမ်းမူဝါဒများကို စစ်ဆေးပေးပါ။ ၎င်းမူဝါဒ ဖိုင်ကိုလည်း ကား reservation အတည်ပြုသည့်အီးမေလ်းနှင့်အတူပေးပို့သွားမည်ဖြစ်ပါသည်။
စည်းကမ်းသတ်မှတ်ချက်တွေက ဘာတွေလဲ?
ကျွန်ုပ်တို့၏ ကားငှားရမ်းမှုစည်းကမ်းသတ်မှတ်ချက်များကို Terms and Conditions နှင့် website/mobile app တွင် စစ်ဆေးနိုင်ပါသည်။
ခရီးစဉ်တစ်ကြောင်းစာအတွက်ငှားရမ်းခြင်းဆိုတာဘာလဲ?
ခရီးစဉ်တစ်ကြောင်းစာအတွက်ငှားရမ်းခြင်းဆိုသည်မှာ သင်ကားယူသည့် Rental Hub နေရာနှင့် ကားပြန်ထားသည့် Rental Hub နေရာနှစ်ခုမတူညီခြင်းကိုဆိုလိုသည်။
ငွေပေးချေခြင်း
ငွေကိုဘယ်လိုပေးချေရမှာလဲ?
Yoma Car Share တွင် လူကြီးမင်း၏ Visa/Master Credit/Debit Cards WavePay MPU နှင့် KBZPay ဖြင့် ငွေပေးချေနိုင်ပါသည်။
ကြိုတင်ခွင့်ပြုချက်ယူထားခြင်း (Pre-authorized) ဆိုတာဘာလဲ?
ကြိုတင်ခွင့်ပြုချက်ယူထားခြင်း (Pre-authorized) ဆိုသည်မှာ သင့်ကား Reservation မစတင်မှီ 4 မိနစ်အလိုတွင် ခန့်မှန်းကားငှားရမ်းခနှင့် စရန်ငွေတို့ကို သင်၏ ငွေပေးချေသည့် Credit Card မှ ကြိုတင်နုတ်ယူထားခြင်းဖြစ်ပါသည်။ အကယ်၍ကြိုတင်ခွင့်ပြုချက်၏လုပ်ဆောင်မှုမအောင်မြင်ပါက သင့်ကားကြိုတင်မှာယူထားမှုသည် အလိုအလျှောက်ပျက်ပျယ်သွားမည်ဖြစ်ပါသည်။
ကြိုတင်ယူထားခြင်း (Captured) ဆိုတာဘာလဲ?
ကြိုတင်ယူထားခြင်း (Captured) ဆိုသည်မှာ လူကြီးမင်း ကား Reservation တင်ထားသည့်အချိန်မစတင်မှီ 4 မိနစ်အလိုတွင်ခန့်မှန်းကားငှားရမ်းခနှင့် စရန်ငွေတို့ကို ငွေပေးချေထားသည့် Debit Card မှ ကြိုတင်နုတ်ယူထားခြင်းဖြစ်ပါသည်။ အကယ်၍ ကြိုတင်ယူထားခြင်း၏ လုပ်ဆောင်မှုမအောင်မြင်ပါက reservation အလိုအလျှောက်ပျက်ပျယ်သွားမည်ဖြစ်ပါသည်။
WavePay နှင့် KBZPay ဆိုတာဘာလဲ?
WavePay နှင့် KBZPay တို့သည် ကားငှားရမ်းမှုအတွက် ပေးချေရန် အသုံးပြုနိုင်သည့် ဒစ်ဂျစ်တယ်ငွေပေးချေမှုစနစ်ဖြစ်သည်။
စရန်ငွေဆိုတာဘာလဲ?
Yoma Car Share တွင် ကားငှားရန် reservation ပြုလုပ်ပါက အဖွဲ့ဝင်တစ်ဦးချင်းစီအတွက် စရန်ငွေ MMK 1,500,000 ပေးချေရန် အပ်ပါသည်။

သက်တမ်းကုန်ဆုံးနေသည့် ယာဉ်မောင်းလိုင်စင်အသုံးပြုသူကို ကျွန်ုပ်တို့၏ ကားများအား မောင်းနှင်ခွင့်မပြုပါ။ အကယ်၍ လူကြီးမင်းသည် သက်တမ်းကုန်ဆုံးနေသောယာဉ်မောင်းလိုင်စင်ဖြင့် ကျွန်ုပ်တို့၏ကားများကို မောင်းနှင်ပါက ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း ချိုးဖောက်ခြင်းအတွက် လူကြီးမင်းမှ အပြည့်အဝတာဝန်ယူရပါမည်။ လူကြီးမင်း၏ အာမခံမူဝါဒ အကျုံးဝင်မှုကိုလည်း ပျက်ပြယ်စေမည်ဖြစ်ပါသည်။

Yoma Car Share တွင် ကားreservation ပြုလုပ်ပါက အဖွဲ့ဝင်တစ်ဦးချင်းစီအတွက် စရန်ငွေ MMK 1,500,000 လိုအပ်ပါသည်။
ခန့်မှန်းကျသင့်ငွေဆိုတာဘာလဲ?
ခန့်မှန်းကျသင့်ငွေဆိုသည်မှာ လူကြီးမင်းမှ reservation ပြုလုပ်သည့်အချိန်အတွင် ရွေးချယ်ခဲ့သော အချိန်နှင့်နေ့ရက်ပေါ်အခြေခံပြီး တွက်ချက်ထာသောခန့်မှန်းခြေ ကားငှားရမ်းခဖြစ်ပါသည်။
ငှားရမ်းခကျသင့်ငွေဆိုတာဘာလဲ?
ငှားရမ်းခကျသင့်ငွေ ဆိုသည်မှာ လူကြီးမင်း ငှားရမ်းထားသည့်ကားကို Rental Hub သို့ပြန်အပ်သည့် အချိန်ပေါ်တွင် အခြေခံ၍ တွက်ချက်ထားသော အခြေခံငှားရမ်းခနှင့် ကီလိုမီတာကျသင့်ငွေ ကုန်ကျစရိတ်ဖြစ်ပါသည်။
Base Rate (အခြေခံရမ်းခ) ဆိုတာဘာလဲ?
အခြေခံငှားရမ်းခဆိုသည်မှာ လူကြီးမင်းငှားရမ်းထားသောကား၏ နေ့အလိုက်နှင့် နာရီအလိုက်ပေါ်တွင် အခြေခံ၍ တွက်ချက်ထားသော ကုန်ကျစရိတ်ဖြစ်ပါသည်။
ပေးရန်ကျန်ရှိနေသောငွေတောင်းခံလွှာဆိုတာဘာလဲ?
ပေးရန်ကျန်ရှိနေသောငွေတောင်းခံလွှာဆိုသည်မှာ လူကြီးမင်း ကားငှားရမ်းထားသည့်ကာလအတွင်း ပေးချေရမည့် ကျသင့်သည့်ကားငှားခ၊ ယာဉ်ပျက်စီးမှုရှိခဲ့ပါက ပြန်လည်ပြုပြင်ခနှင့် ကားငှားရမ်းထားသည့်ကာလအတွင်း အခြားသောဒဏ်ကြေးများရှိခဲ့ပါက ပေးရန်ကျန်ရှိနေခြင်းတို့ကိုဆိုလိုသည်။
စရန်ပြန်အမ်းငွေရဖို့ ဘယ်လောက်ကြာမလဲ?
Credit/Debit Card နှင့် MPU တို့အတွက် စရပြန်အမ်းငွေသည် ကားပြန်အပ်ပြီး ၄၈နာရီအတွင်း လူကြီးမင်း၏ အကောင့်အတွင်းသို့ ပြန်ဝင်မည်ဖြစ်ပါသည်။ သို့သော် လူကြီးမင်းအသုံးပြုသည့်ကဒ်နှင့် ဘဏ်ပေါ်မူတည်၍ ပြန်အမ်းငွေ ဘဏ်သို့ရောက်ရှိမည့် ကြာချိန်မှာ ၃ရက်မှရက်ပေါင်း၃၀ ထိကြာမြင့်နိုင်ပါသည်။ WavePay နှင့် KBZPay အသုံးပြုသူများအတွက် ပြန်အမ်းငွေပြန်ဝင်သည့်ကြာချိန်မှာ ရုံးချိန် ၄၈နာရီမှ ၇၂နာရီအတွင်းဖြစ်ပါတယ်။
MPU ဆိုတာ ဘာလဲ ?
MPU (Myanmar Payment Union) သည် အွန်လိုင်းမှတဆင့် လုံခြုံပြီး လွယ်ကူစွာ ဝယ်ယူမှုများ ပြုလုပ်နိုင်စေသော ငွေပေးချေကတ်တစ်ခုဖြစ်သည်။ Yoma Car Share တွင် MPU ဖြင့် Reservation ပြုလုပ်နိုင်ပြီး၊ ပြုလုပ်ချိန်တွင် MPU ကတ်နံပါတ်ကို ဖြည့်စွက်ကာ ဆောင်ရွက်နိုင်သည်။
Credit သို့ Debit Card ဆိုတာ ဘာလဲ ?
Credit သို့မဟုတ် Debit ကတ်သည် ဘဏ် သို့မဟုတ် ငွေရေးကြေးရေး အဖွဲ့အစည်းများမှ ထုတ်ပေးထားသော ငွေပေးချေမှုပြုလုပ်ရန် ခွင့်ပြုထားသည့် ကတ်အမျိုးအစား ဖြစ်သည်။ လူကြီးမင်း၏ ကတ်ကို အတည်ပြုရန် မြန်မာငွေ ၅၀၀၀ ကို ပထမဆုံး တစ်ကြိမ် စမ်းသပ် ကောက်ခံမည် ဖြစ်သည်။ ၎င်းအတည်ပြု ဖြတ်ယူထားသော ပမာဏကို ၂၄ နာရီအတွင်း အလိုအလျောက် ပြန်အမ်းပါမည်။
မတော်တဆဖြစ်ခြင်းနှင့် အကျုံးဝင်မှု
Yoma Car Share ရဲ့ အာမခံမူဝါဒက ဘာလဲ?
ကားငှားရမ်းထားစဉ် မတော်တဆတစ်စုံတစ်ခုဖြစ်ပွားခဲ့ပါက မြန်မာယာဥ်မောင်းလိုင်စင်ကိုင်ဆောင်သူများသည် Yoma Car Share နှင့် ချိတ်ဆက်ထားသည့် ကားအာမခံကုမ္ပဏီများမှ အလုံးစုံ အာမခံကိုရယူနိုင်သည်။
အကယ်၍ ကျွန်ုပ်တို့နှင့် ချိတ်ဆက်ထားသည့် ကားအာမခံကုမ္ပဏီများ၏ မူဝါဒမှ ကားပြုပြင်မှုကျသင့်ငွေနှင့် အခြားသောကျသင့်ငွေများကို တစ်စိတ်တစ်ပိုင်းသာ ကာကွယ်မှုပေးခဲ့ပါက သို့မဟုတ် ကျသင့်ငွေတောင်းခံမှုကို ငြင်းဆန်ခဲ့ပါက လူကြီးမင်းအနေဖြင့် ထိုကားအာမခံကုမ္ပဏီများ မှ အကာကွယ်မပေးသည့် ပေးရန်ငွေများကို အပြည့်အဝ တာဝန်ယူပေးဆောင်ရမည်ဖြစ်သည်။
ယာဥ်မောင်းသို့မဟုတ် အကောင့်ပိုင်ရှင်အဖွဲ့ဝင်၏ အမှားပြစ်မြောက်သည်ဖြစ်စေ မပြစ်မြောက်သည်ဖြစ်စေ အခြားပါဝင်သူအား လျော်ကြေးများပေးဆပ်ရန်ရှိလာပါက ထို ပေးရန်အခကြေးငွေများကို Yoma Car Share မှ တာဝန်ယူမည်မဟုတ်ပါ။ အာမခံ မှ အခြားပါဝင်သူများအား အာမခံပါဝင်မှုပေးနိုင်ခြေရှိသည်။ အကယ်၍ အာမခံ မှ အခြားပါဝင်သူများအား ပေးဆောင်ရမည်များကို တစ်စိတ်တစ်ပိုင်းသာ ပေးလျော်ပေးခြင်း သို့မဟုတ် ကာကွယ်မှုအာမခံပြုလုပ်ပေးခြင်းများ မရှိခဲ့ပါက ထိုအခြားပါဝင်သူများ ကျေနပ်သည်အထိ ပေးလျော်ရမည်မှာ လူကြီးမင်း၏ တာဝန်သာဖြစ်ပြီး ကျွန်ုပ်တို့နှင့် မသက်ဆိုင်ပါ။ ဥပမာ. အခြားပါဝင်သူ၏ သတ်မှတ်ထားသော ကားထိခိုက်မှုပြင်ဆင်စရိတ်သည် အာမခံဘက်မှ အကာအကွယ်ပေးသော ပြင်ဆင်စရိတ်ထက် ပိုမိုကွာဟနေပါက ၎င်းကွာဟနေသော ပြင်ဆင်မှု ကုန်ကျစရိတ်ကို ယာဥ်မောင်း သို့မဟုတ် အကောင့်ပိုင်ရှင်မှ တာဝန်ယူပေးဆောင်ရမည်ဖြစ်သည်။
ကျွန်ုပ်တို့နှင့် ချိတ်ဆက်ထားသော အာမခံကုမ္ပဏီများ၏ အာမခံအကာအကွယ် ရရှိစေရန် လူကြီးမင်းမှ မတော်တဆဖြစ်ပွားမှု၊ ထိခိုက်မှု၊ ကား၏အစိတ်အပိုင်းများခိုးယူခံရမှု အစရှိသည်တို့အား ကြုံတွေ့ရပါက ကျွန်ုပ်တို့အား ချက်ချင်းအကြောင်းကြားမှု ပြုလုပ်ရမည်ဖြစ်သည်။ အကြောင်းကြားရန် ပျက်ကွက်ခဲ့သော သို့မဟုတ် နှောက်နှေးခဲ့သော မတော်တဆမှုများအတွက် လူကြီးမင်းသည် မည်သည့်အာမခံမှ ရရှိမည်မဟုတ်ပါ။
ကျွန်ုပ်တို့နှင့် ချိတ်ဆက်ထားသော အာမခံကုမ္ပဏီများသည် ကားခိုးယူခံရမှုနှင့် စစ်ဘေးအန္တရာယ်များအား အကာအကွယ်မပေးပါ။ ကားခိုးယူခံရမှု နှင့် စစ်ဘေးကြောင့် ဖြစ်ပေါ်လာသည့် ဆုံးရှုံးမှုများကို လူကြီးမင်းမှ အပြည့်အဝတာဝန်ယူကာ ကျွန်ုပ်တို့ သတ်မှတ်သည့် ကားတန်ဖိုးအတိုင်း သို့မဟုတ် ကာလပေါက်စျေးအတိုင်း ပေးလျော်ရမည်ဖြစ်သည်။
ကြီးမားသော မတော်တဆမှု ကြောင့် ကားသည် အလုံးစုံ ပြင်ဆင်၍မရတော့သည့် ပျက်စီးဆုံးရှုံးမှု အခြေအနေမျိုးတွင် လူကြီးမင်းသည် ထိုကားတစ်စီးလုံး၏ ကာလပေါက်ဈေး နှင့် ညီမျှသော လျော်ကြေးငွေ ကို ပေးချေရန် တာဝန်ရှိသည်။ အကယ်၍ အာမခံဘက်မှ လျော်ကြေးငွေသည် ထိုကား၏ ကာလပေါက်စျေး တစ်စိတ်တစ်ပိုင်း ကို ပေးလျော်ပါက လူကြီးမင်းသည် ကျန်လျော်ကြေးငွေကို ဆက်လက်ပေးဆောင်ရန် တာဝန်ရှိသည်။
မတော်တဆမှုဖြစ်စေ၊ ကားခိုးမှုဖြစ်စေ လူကြီးမင်းမှ ကျွန်ုပ်တို့အား တိကျမှန်ကန်သော အချက်အလက်များ ပေးရန်မှာ အင်မတန်ပင် အရေးကြီးပြီး မဖြစ်မနေလိုအပ်ချက်ဖြစ်သည်။ လူကြီးမင်းမှ တိကျမှန်ကန်သော အချက်အလက်များ ပေးနိုင်စွမ်းမရှိပါက လူကြီးမင်း၏ ကားအာမခံ ပျက်ပြယ်မည်ဖြစ်သည်။
မတော်တဆ ဖြစ်စဉ်နှင့် ပက်သတ်၍ ကားမောင်းသူ နှင့်/သို့ အကောင့်ပိုင်ရှင် အဖွဲ့၀င်သည် အာမခံအား မှားယွင်းစွာ အကြောင်းကြားမိပြီး အာမခံဘက်မှ ယာဉ်ပြင်ဆင်စရိတ် ကုန်ကျငွေ၏ တစ်စိတ်တစ်ပိုင်းသာ ပေးလျော်ပါက ကားမောင်းသူ နှင့်/သို့ အကောင့်ပိုင်ရှင် အဖွဲ့ဝင်မှ ကျန်သည့် ပြင်ဆင်စရိတ် လျော်ကြေးငွေကို အပြည့်အဝပေးဆောင်ရန် တာဝန်ရှိသည်။
Yoma Car Share အား အသိမပေးထားသော အပိုယာဥ်မောင်းကြောင့်ဖြစ်စေ၊ Yoma Car Share မှ ခွင့်ပြုချက်မပေးထားသော ထပ်ဆင့် ကားငှားမှုများပြုလုပ်သည့်အခါတွင်ဖြစ်စေ ထိုသူများကြောင့် ဖြစ်ပေါ်လာသည့် မတော်တဆထိခိုက်မှု၊ ကားခိုးမှု၊ ကားပျောက်ဆုံးမှု အစရှိသည့် နစ်နာမှုမှန်သမျှကို ပေးလျော်ရန် တာဝန်မှာ အကောင့်ပိုင်ရှင် အဖွဲ့ဝင်၏ တာဝန်ဖြစ်သည်။
တရားမဝင် အသုံးပြုမှုအတွက် မည်သူမျှ ပျက်စီးဆုံးရှုံးမှု အကာအကွယ်မူဝါဒမျှ ရရှိလိမ့်မည်မဟုတ်ပါ။
ကားအတွင်းရှိ ယာဥ်မောင်းပိုင်ပစ္စည်းများ ခိုးယူခံရခြင်းအတွက် အကာအကွယ်မူဝါဒ မရရှိနိုင်သလို ကိုယ်ရေးကိုယ်တာ မတော်တဆ ထိခိုက်မှုအတွက်လည်း အကာအကွယ်မူဝါဒသည် အကျုံးဝင်မည် မဟုတ်ပါ။
ဖော်ပြပါ ပျက်စီးဆုံးရှုံးမှုကိစ္စရပ်များအတွက် လူကြီးမင်းသည် ကုန်ကျစရိတ်အားလုံးကို ပေးဆောင်ရန်တာဝန်ရှိပြီး မည်သည့် အာမခံမူဝါဒနှင့်မဆို အကျုုံးမဝင်ပါ။
- ယာဉ်မောင်းသည် ယာဥ်ထိန်းရဲအရာရှိများ မရောက်လာမီ သို့မဟုတ် မတော်တဆမှုဖြစ်စဉ်အား သက်ဆိုင်ရာ ယာဥ်ထိန်းရဲအရာရှိများထံ မတင်ပြမီ မတော်တဆမှုဖြစ်ပွားရာအရပ်မှ ထွက်ခွာသောကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးဆုံးရှုံးမှု သို့မဟုတ် တခြားအဖွဲ့ဆိုင်ရာ ဆုံးရှုံးမှု
- ကလေးသူငယ်ဆိုင်ရာ အကာအကွယ်ပစ္စည်းများ၊ GPS စနစ်နှင့် ကားသော့များအပါအဝင် ကျွန်ုပ်တို့မှ ထောက်ပံ့ပေးသော မည်သည့်အသုံးအဆောင်ပစ္စည်းများအတွက် အစားထိုးခြင်း သို့မဟုတ် ပြန်လည်ပြုပြင်ခြင်းအတွက် ကုန်ကျစရိတ်အဝဝ
- မမှန်ကန်သော လောင်စာဆီအမျိုးအစားအား အသုံးပြုသည့်အတွက် ဖြစ်ပေါ်လာသည့် ပျက်စီးဆုံးရှုံးမှု
- ယာဉ်မောင်းမှ ယာဉ်စည်းကမ်းများကို ဖောက်ဖျက်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ယာဉ်မတော်တဆမှု
- ခွင့်မပြုထားသည့် ယာဉ်မောင်း သို့မဟုတ် ယာဉ်မောင်းလိုင်စင်မရှိသော အဖွဲ့ဝင်ယာဉ်မောင်းကြောင့် ဖြစ်ပေါ်သော မတော်တဆမှု
- ယာဉ်မောင်း၏ ပေါ့ဆမှုကြောင့် ဖြစ်ပေါ်သော မတော်တဆမှု
- ယာဉ်အောက်ပိုင်း သို့မဟုတ် ယာဉ်ခေါင်မိုး ပျက်စီးဆုံးရှုံးမှုအတွက် ဆုံးရှုံးမှုအကာအကွယ်မူဝါဒသည် အကျုံးဝင်မည် မဟုတ်ပါ။
- ယာဥ်တိုက် ထွက်ပြေးခြင်း
- အရှိန်လွန်မောင်းနှင်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် မတော်တဆထိခိုက်မှုနှင့် မတော်တဆမှုဖြစ်ပြီးချိန်တွင် ကျွန်ုပ်တို့ထံသို့ ချက်ချင်း အကြောင်းမကြားသော မတော်တဆမှု။
- ကားခိုးမှု သို့မဟုတ် ကားပျောက်ဆုံးမှု
- စစ်ဘေးကြောင့် ကားဆုံးရှုံးမှု၊ မတော်တဆဖြစ်မှု (စာပိုဒ် ၁၂ အပိုဒ်ငယ် ၉.၂ တွင်ဖေါ်ပြထားသည့် မလုံခြုံသော အန္တရာယ်ရှိသော နေရာဒေသများတွင် ကားအသုံးပြုခြင်းဖြင့် မည်သည့် ကားအာမခံမှ ရရှိမည်မဟုတ်ပါ။)
ပြင်ဆင်၍မရသော တာယာပျက်စီးခြင်း
ပြင်ဆင်၍မရသော တာယာပျက်စီးခြင်းဆိုသည်မှာ - တနည်းအားဖြင့် ကားတာယာသည် ၎င်း၏ သက်တမ်းအတိုင်း အသုံးမပြုနိုင်တော့လျှင် ပျက်စီးဆုံးရှုံးမှုအတွက် တာဝန်ရှိသော အကောင့်ပိုင်ရှင်နှင့် အဖွဲ့အစည်းအား ကျွန်ုပ်တို့မှ တောင်းခံပိုင်ခွင့်ရှိသည်။ တာယာနှင့်ပတ်သက်သော ကျွန်ုပ်တို့၏မူဝါဒမှာ လက်ရှိတာယာသည် ကီလိုမီတာ ၄၀,၀၀၀ သက်တမ်းပြည့်သည့်အခါတိုင်း တာယာအသစ် လဲလှယ်ရမည်ဖြစ်သည်။ အစားထိုးမရသော တာယာပျက်စီးခြင်းအတွက် လူကြီးမင်းမှ ပေးဆောင်ရမည့် ငွေပမာဏကို တာယာသက်တမ်းပေါ်မူတည်၍ ကျွန်ုပ်တို့မှ မျှတစွာ တွက်ချက် တောင်းခံပေးမည် ဖြစ်သည်။
Yoma Car Share အဖွဲ့ဝင် (သို့မဟုတ်) အကောင့်ပိုင်ရှင်မှ Yoma Car Share ကားကို ထပ်ဆင့်ငှားရမ်းပြီး Extra Driver (အပိုယာဉ်မောင်း) အဖြစ်ထည့်ကာ အသုံးပြုသောအခါတွင် ဤ ပျက်စီးဆုံးရှုံးမှု မူဝါဒများဖြင့် အကျုံးမဝင်ပါ။ အပိုယာဉ်မောင်းဆိုသည်မှာ အဖွဲ့ဝင် သို့မဟုတ် အကောင့်ပိုင်ရှင်နှင့် အတူအကွ reservation ကာလအတွင်း လိုက်လံမောင်းနှင်ပေးသူသာဖြစ်သည်။ ထိုကဲ့သို့ ထပ်ဆင့်ငှားရမ်းမှုမှဖြစ်ပေါ်လာသော ပျက်စီးဆုံးရှုံးမှုနှင့် ကုန်ကျစရိတ်အဝဝကို တာဝန်ယူရန်မှာ အဖွဲ့ဝင် (သို့မဟုတ်) အကောင့်ပိုင်ရှင်၏ တာဝန်သာဖြစ်သည်။
အကောင့်ပိုင်ရှင်အဖွဲ့ဝင် သို့မဟုတ် ယာဉ်မောင်းမှ Yoma Car Share ကားများဖြင့် မတော်တဆမှု အကြိမ်ကြိမ်ဖြစ်ပွားပါက Yoma Car Share မှ လူကြီးမင်း သို့မဟုတ် ယာဉ်မောင်း၏ Yoma Car Share အကောင့်အား ပိတ်ခြင်း၊ ဖျက်သိမ်းခြင်းများ ပြုလုပ်နိုင်ခွင့်ရှိသည်။
လူကြီးမင်းမှ Yoma Car Share ကားကိုငှားရမ်းအသုံးပြုပြီး မတော်တဆမှုဖြစ်ပွားကာ ထိုမတော်တဆမှုကြောင့် ဖြစ်ပေါ်လာသည့် ပျက်စီးမှုများကို ပြန်လည်ပြုပြင်ချိန်သည် ရက် (၃)ရက်ထပ်ကြာမြင့်မည်ဆိုပါက ကျွန်ုပ်တို့မှ လူကြီးမင်းအား ထိုကား ပြန်လည်ပြုပြင်ပြီးစီးသည်အထိ ကားအငှားခများ ကောက်ခံခွင့်ရှိသည်။ မတော်တဆမှုသည် တတိယလူပုဂ္ဂိုလ်ကြောင့် ဖြစ်ခဲ့လျှင် အဖွဲ့ဝင်သည် ၎င်းကားပြင်ဆင်မှု နေ့ရက်များ၏ ကားငှားရမ်းခကို ထိုပုဂ္ဂိုလ်ထံမှ ညှိနှိုင်း တောင်းခံနိုင်သည်။ Yoma Car Share သည် ကားပြင်ဆင်နေစဥ်ကာလအတွင်း အဖွဲ့ဝင် သို့မဟုတ် တတိယလူပုဂ္ဂိုလ်ကြောင့် ဖြစ်သော ကားငှားရမ်းခကို ညှိနှိုင်းလျှော့ပေါ့ပေးရန် တာဝန်မရှိပါ။
လူကြီးမင်း ကားငှားရမ်းကာလမကုန်ဆုံးမှီ မတော်တဆဖြစ်ပွားမှုကြောင့် ကားဆက်လက်သုံးစွဲနိုင်မှုမရှိဖြစ်ပါက Yoma Car Share မှ လူကြီးမင်း၏ ကားငှားရမ်းမှုကို ပြီးဆုံးခွင့်ရှိသည်။ အစားထိုးကားပေးမှုသည် Yoma Car Share ၏ ဆုံးဖြတ်ချက်ဖြစ်ပြီး လူကြီးမင်းမှ အစားထိုးကား တောင်းခံခွင့်မရှိပါ။
မတော်တဆဖြစ်မှုကြောင့် ကားဆက်လက်အသုံးပြုမရသည့် အခြေအနေရောက်ရှိလာပါက ခရီးဆက်သွားရန်သွားရေးလာရေးအတွက် အခြားသယ်ယူပို့ဆောင်ရေး စီစဉ်ရန်လိုအပ်လာပါ ဤတာဝန်သည် လူကြီးမင်းနှင့်သာ သက်ဆိုင်ပြီး ကျွန်ုပ်တို့နှင့်မသက်ဆိုင်ပါ။ ကျွန်ုပ်တို့မှ မည်သည့်သယ်ယူပို့ဆောင်ခမှ ပေးရန်တာဝန်မရှိပါ။
ယာဉ်မတော်တဆဖြစ်ပွားပါက မည်သည်များကို လုပ်ဆောင်ရပါမလဲ?
ယာဉ်မတော်တဆမှုဖြစ်ပွားသည်နှင့် ကျေးဇူးပြု၍ ကျွန်ုပ်တို့ hotline (09YOMAFLEET or 09966235338) သို့ ချက်ချင်းဆက်သွယ်ပြီး Customer Service agents မှအကြံပြုသည့်အတိုင်းလိုက်နာဆောင်ရွက်ပေးပါ။ ပြီးလျှင် မတော်တဆမှုအခင်းကို ကားရွှေ့ပြောင်းခြင်းမပြုလုပ်ပဲ ဓာတ်ပုံအသေးစိတ်ရိုက်ယူပြီး မိမိ၏လက်ရှိကား reservation မှ ထိခိုက်ပျက်စီးမှုကိုတင်ပြပေးပါ။
Damage Report တွင် ထိခိုက်ပျက်စီးမှုတင်ပြခြင်းဆိုသည်မှာ ဘာလဲ?
Damage Report ထိခိုက်ပျက်စီးမှုကိုတင်ပြခြင်းဆိုသည်မှာ လူကြီးမင်း၏ Current Reservation မှလုပ်ဆောင်ချက်တစ်ခုဖြစ်ပြီး ကားငှားရမ်းစဉ်ကာလတွင် တစုံတခုမတော်တဆမှုနှင့် ကားပျက်စီးမှုဖြစ်ခဲ့ပါက ကျွန်ုပ်တို့အား reservation ၏ Damage Report မှတဆင့်အကြောင်းကြားရသည့်လုပ်ဆောင်ချက်ဖြစ်ပါသည်။
အာမခံမူဝါဒမှာ မည်သည့်အရာများ အကျုံးမဝင်ပါသလဲ?
ကျေးဇူးပြု၍ ကျွန်ုပ်တို့၏ အသေးစိတ်အာမခံမှုဝါဒကို ဤနေရာ စည်းကမ်းသတ်မှတ်ချက်များတွင် ကြည့်ရှုပါ။
မတော်တဆမှုမှတ်တမ်းကို ဘယ်မှာကြည့်လို့ရမလဲ?
မတော်တဆမှုမှတ်တမ်းကို လူကြီးမင်း၏ Yoma Car Share အကောင့်တွင်ပြန်ကြည့်နိုင်သည်။
အောက်ပါအချက်အလက်များမှာ ကျွန်ုပ်တို့၏ အာမခံမူဝါဒတွင်အကျုံးမဝင်ပါ။
- ကားပေါ်တွင် လူကြီးမင်းကိုယ်ပိုင်ပစ္စည်း ခိုးယူခြင်းခံရပါက အာမခံမူဝါဒသည်အကျုံးမဝင်သလို ယာဉ်မောင်းသူမတော်တဆတစ်ခုခုဖြစ်ပါကလည်း အကျုံးမဝင်ပါ။ အကောင့်ပိုင်ရှင်သည် အောက်ပါကိစ္စများအတွက် ပျက်စီးဆုံးရှုံးမှုကုန်ကျစရိတ် အပြည့်အဝကို ပေးဆောင်ရန် တာဝန်ရှိသည်။ - ယာဉ်ပျက်စီးခြင်း သို့မဟုတ် တစ်ဖက်ယာဉ်ကြောင့်ပျက်စီးသွားခြင်း သို့မဟုတ် အခင်းဖြစ်ပွားသည့်နေရာမှ ယာဉ်မောင်းသည် ယာဉ်ထိန်းရဲမလာမှီအချိန်တွင် ထွက်ခွာသွားခြင်း နှင့် သတင်းမပို့ခြင်း
- ကလေးအကာအကွယ်များ၊ GPS ယူနစ်များနှင့် သော့များ အပါအဝင် ကျွန်ုပ်တို့မှ ပံ့ပိုးပေးသော ဆက်စပ်ပစ္စည်းများကို အစားထိုးခြင်း သို့မဟုတ် ပြုပြင်ခြင်းအတွက် ကုန်ကျစရိတ် အပြည့်အစုံ။ - ကားဆီကို မှားယွင်းထည့်ခြင်းကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခြင်း - အရံယာဉ်မောင်း/ အကောင့်ပိုင်ရှင်/အဖွဲဝင် များသည်ယာဉ်စည်းကမ်းကိုဖောက်ဖျက်ခြင်းကြောင့်ဖြစ်ပေါ်လာသည့် မတော်တဆမှုများဖြစ်ပွားခြင်း - မတော်တဆမှုတွင် ယာဉ်မောင်းလိုင်စင်လက်ဝယ်မရှိပဲ မောင်းနှင်သူ သို့မဟုတ် အကောင့်ပိုင်ရှင်/အဖွဲ့ဝင် ဖြစ်နေခြင်း - မောင်းနှင်သူ၏ ယာဥ်မောင်းလိုင်စင် သက်တန်းကုန်ဆုံးနေခြင်း
- ယာဉ်မောင်း၏ ပေါ့ဆမှုကြောင့် ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်း - အာမခံမှုဝါဒတွင်အကျုံးမဝင်သော ကားအောက်ပိုင်းနှင့် ကားခေါင်မိုးပိုင်းပျက်စီးခြင်း - အရံယာဉ်မောင်း/အကောင့်ပိုင်ရှင်/အဖွဲ့ဝင် သို့မဟုတ် တဖက်ယာဉ်မှ တိုက်ပြီးထွက်ပြေးခြင်း - အရံယာဉ်မောင်း/အကောင့်ပိုင်ရှင်/အဖွဲ့ဝင်များမှ သတ်မှတ်ထားသည့် အရှိန်ထက်ကျော်လွန်ကာ အရှိန်ပြင်းစွာမောင်းနင်မှုကြောင့် ယာဉ်တိုက်မှု ဖြစ်ပွားခြင်း
- ယာဉ်မတော်တဆမှုဖြစ်ပွားပြီးချင်းတွင် Yoma Fleet’s hotline (09YOMAFLEET or 09966235338) သို့အကြောင်းမကြားခြင်း - ပြုပြင်၍မရသော တာယာပျက်စီးခြင်း
- ပြုပြင်၍မရတော့သော တာယာပျက်စီးခြင်းဆိုတာက ဥပမာအားဖြင့် အရံယာဉ်မောင်း/အကောင့်ပိုင်ရှင်/အဖွဲ့ဝင် များကြောင့် ကားတာယာသည် ဆက်လက်အသုံးပြုလို့မရတော့ပါက Yoma Car Share မှသက်ဆိုင်သည့်အကောင့်ပိုင်ရှင်သို့ ပျက်စီးမှုအတွက်ကျသင့်ငွေကောက်ခံမည်ဖြစ်သည်။ကျွန်ုပ်တို့ ၏ကားတာယာမူဝါဒအရ လက်ရှိတာယာသည် ကီလိုမီတာ ၄၀၀၀၀သက်တမ်းသို့ရောက်ရှိလျှင် တာယာအသစ်လဲလှယ်ထားပါသည်။ သို့ဖြစ်သောကြောင့် လက်ရှိတာယာမှာ ပြုပြင်၍မရအောင်ပျက်စီးသွားပါက အကောင့်ပိုင်ရှင်သို့ သတ်မှတ်ထားသည့်တာယာသက်တမ်းကျန်ရှိသည့်အပေါ်မူတည်ပြီး သင့်အားမျှတစွာတွက်ချက်၍ပျက်စီးမှုကို အစားထိုးရန် ကျသင့်ငွေကိုကောက်ခံပါမည်။ အာမခံမူဝါဒနှင့် ပျက်စီးဆုံးရှုံးခြင်းဆိုင်ရာအကျုံးဝင်ခြင်းအသေးစိတ်ကို terms & conditions တွင်အသေးစိတ်ဖတ်ရှုနိုင်ပါသည်။
ကားအစားထိုးခြင်းဆိုတာဘာလဲ?
ကားအစားထိုးခြင်းသည် လူကြီးမင်းငှားရမ်းမှုကာလအတွင်း မတော်တဆမှုတစ်ခုခုဖြစ်ပွားသည့်အခါ ကျွန်ုပ်တို့မှအစားထိုးပေးသောယာဉ်ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့သည် ကားအစားထိုးသော ဝန်ဆောင်မှုကို ငြင်းပယ်ခွင့်ရှိသည်။
အဖွဲ့ဝင်အကျိုးခံစားခွင့်
အဖွဲ့ဝင်အကျိုးခံစားခွင့်ဆိုတာဘာလဲ?
Yoma Car Share အဖွဲ့ဝင်များသည် ပွိုင့်များ၊ ကူပွန်များနှင့် ကမ်းလှမ်းချက်များကဲ့သို့သော အကျိုးကျေးဇူးများစွာကို ခံစားရမည်ဖြစ်သည်။ အကျိုးခံစားခွင့်များ၏ အသေးစိတ်အချက်အလက်များအတွက် လူကြီးမင်း၏ Yoma Car Share အကောင့်တွင် စစ်ဆေးပါ။
ပွိုင့်ဆိုတာဘာလဲ?
ပွိုင့်ဆိုသည်မှာ Yoma Car Share တွင် လူကြီးမင်း ငှားရမ်းအသုံးပြုခဲ့သည့် ခရီးစဉ်များမှ အခြေခံနှုန်းထားပေါ်မူတည်ပြီး ရရှိသော အဖွဲ့ဝင်အမှတ်များ နှင့် ငှားရမ်းအသုံးပြုသည့် အတွေ့အကြုံများကို သုံးသပ်ချက်ပေးသောအခါတွင် ရရှိသော အဖွဲ့ဝင်အမှတ်များဖြစ်သည်။ ထိုပွိုင့်များကို နောင်လာမည့် Reservation များတွင် အသုံးပြုနိုင်ပြီး ပွိုင့်များ၏ သက်တမ်းမှာ ရရှိသည့်အချိန်မှ (၉)လ ဖြစ်သည်။ ပွိုင့်အကြောင်း ပိုမိုသိရှိလိုပါက လူကြီးမင်း၏ Yoma Car Share အဖွဲ့ဝင်အကောင့်တွင်လေ့လာပါ
ပွိုင့်တွေကို ဘယ်လိုရနိုင်လဲ?
လူကြီးမင်း ကားကိုငှားသည့်အကြိမ်တိုင်းနှင့် ငှားခဲ့သည့် Reservation များအား သုံးသပ်ချက်ပေးသောအခါတွင်တွင် ပွိုင့်များ ရရှိပါသည်။ ပြီးခဲ့သောကားငှားရမ်းမှုတွင် အသုံးပြုခဲ့သည့် အခြေခံနှုန်းထားဖြင့် ပွိုင့်များကိုတွက်ချက်ပါသည်။
ကူပွန်ဆိုတာဘာလဲ?
ကူပွန်ဆိုသည်မှာ Yoma Car Share အဖွဲ့ဝင်များ အသုံးပြုရန်အတွက် အထူးခံစားခွင့်အဖြစ် ပေးထားသောအရာဖြစ်သည်။ မတူညီသည့် ခံစားခွင့်ကူပွန်မျိုးစုံရရှိနိုင်ပြီး ၎င်းတို့ကို လူကြီးမင်းငှားရမ်းသော Reservation တွင် အသုံးပြုပါက ကားငှားခနှုန်းထားကို လျှော့ချနိုင်ပါသည်။ ကူပွန်အကြောင်းကို ပိုမိုသိရှိလိုပါက သင့်၏ Yoma Car Share အဖွဲ့ဝင်အကောင့်တွင်လေ့လာပါ။
ကူပွန်ကို မည်ကဲ့သို့ ရရှိနိုင်ပါသလဲ?
ကူပွန်များကို ကျွန်ုပ်တို့မှ အခါအားလျော်စွာဖြင့်ပေးအပ်ပြီး ကူပွန်များရရှိနိုင်သည့်အခါတိုင်း အဖွဲ့ဝင်များအား အကြောင်းကြားပါမည်။
ကူပွန်ကို ဝယ်ယူလို့ရနိုင်ပါသလား?
လူကြီးမင်းအနေဖြင့်ကူပွန်များကို ယခုအချိန်တွင်ဝယ်ယူ၍မရနိုင်ပါ။ ဝယ်ယူရရှိနိုင်သည့်အခါတွင်အသိပေးပါမည်။
ပရိုမိုးရှင်းများနှင့်ကမ်းလှမ်းမှုများ
ပရိုမိုကုဒ်ဆိုတာ ဘာလဲ?
ပရိုမိုကုဒ်သည် လူကြီးမင်းမှ ငှားရမ်းထားသောအခြေခံနှုန်းကားငှားရမ်းခကျသင့်ငွေကို ရာခိုင်နှုန်း သို့မဟုတ် ပမာဏလျှော့စျေးဖြင့်ပြန်ပေးသည့် ကုဒ်တစ်ခုဖြစ်သည်။
ကူပွန်ဆိုတာဘာလဲ?
ကူပွန်ဆိုသည်မှာ Yoma Car Share အဖွဲ့ဝင်များ အသုံးပြုရန်အတွက် အထူးခံစားခွင့်အဖြစ် ပေးထားသောအရာဖြစ်သည်။ မတူညီသည့် ခံစားခွင့်ကူပွန်မျိုးစုံရရှိနိုင်ပြီး ၎င်းတို့ကို လူကြီးမင်းငှားရမ်းသော Reservation တွင် အသုံးပြုပါက ကားငှားခနှုန်းထားကို လျှော့ချနိုင်ပါသည်။ ကူပွန်အကြောင်းကို ပိုမိုသိရှိလိုပါက သင့်၏ Yoma Car Share အဖွဲ့ဝင်အကောင့်တွင်လေ့လာပါ။
ပရိုမိုကုဒ်နှင့် ကူပွန်ကမ်းလှမ်းချက်များကို မည်ကဲ့သို့ သိရှိနိုင်ပါမလဲ?
လက်ရှိတွင်ရနိုင်သောကမ်းလှမ်းချက်များကို လူကြီးမင်း၏ Yoma Car Share အကောင့်ရှိ 'ကမ်းလှမ်းချက်များနှင့်အဖွဲ့ဝင်များ' ကဏ္ဍတွင်စစ်ဆေးနိုင်သည်။ ကျွန်ုပ်တို့သည် ဤကမ်းလှမ်းချက်များကိုလည်း အဖွဲ့ဝင်များထံသို့ လစဉ်သတင်းလွှာအဖြစ် ပေးပို့ပါသည်။
Corporate အဖွဲ့ဝင်များ မည်သည့် အကျိုးခံစားခွင့်များရရှိနိုင်ပါသလဲ?
Corporate အဖွဲ့ဝင်များသည် ကား reservation ပြုလုပ်သောအခါတွင် စရန်ငွေ MMK 1,500,000 ပေးရန် မလိုအပ်ပါ။ ကားငှားထားခြင်းကိုလည်း အခမဲ့ပယ်ဖျက်နိုင်ပါသည်။ အခြားသောအချက်အလက်များနှင့် corporate အဖွဲ့ဝင်များ၏ အကျိုးခံစားခွင့်များကို လူကြီးမင်း၏ Yoma Car Share အကောင့်တွင်ကြည့်ရှုနိုင်သည်။
Partner ကမ်းလှမ်းချက်များဆိုတာဘာလဲ?
Partner ကမ်းလှမ်းချက်ဆိုသည်မှာ ကျွန်ုပ်တို့ စီးပွားမိတ်ဖက်များမှ Yoma Car Share အဖွဲ့ဝင်များအတွက် ပေးသော ပရိုမိုးရှင်းများနှင့် သီးသန့်သဘောတူညီချက်များဖြစ်ပါသည်။ အသေးစိတ်အချက်အလက်ကိုပိုမိုသိလိုပါက ဤနေရာ တွင်ကြည့်နိုင်ပါသည်။
Bluetooth
Yoma Car Share တွင် Bluetooth ဖြင့် ဘာတွေ လုပ်ဆောင်နိုင်ပါသလဲ?
Yoma Car Share မှ ကားများကို အသုံးပြုရာတွင် ကားသော့မလိုအပ်ပဲ Yoma Car Share mobile app မှ တဆင့် Bluetooth ဖြင့် ကားတံခါးအဖွင့်/အပိတ် ပြုလုပ်နိုင်သည်။
Yoma Car Share တွင် Internet/Wi-Fi ဖြင့် မည်သည်များကို လုပ်ဆောင်နိုင်ပါသလဲ?
Yoma Car Share မှ ကားများကို အသုံးပြုရာတွင် ကားသော့မလိုအပ်ပဲ Yoma Car Share mobile app မှ တဆင့် Internet/Wi-Fi ဖြင့် ကားအဖွင့်/အပိတ် ပြုလုပ်နိုင်သည်။
Yoma Car Share တွင် Bluetooth ဖြင့် မည်သို့ အသုံးပြုနိုင်ပါသလဲ?
Yoma Car Share mobile app မှ တဆင့် လူကြီးမင်း၏ လက်ရှိ reservation ၌ Bluetooth ကိုဖွင့်ပြီး မိမိငှားထားသောကကားကို လော့ခ်ချရန်/လော့ခ်ဖွင့်ရန် အတွက်လုပ်နိုင်သည်။
Yoma Car Share တွင် အင်တာနက် 4G/Wi-Fi လုပ်ဆောင်ချက်ကို ဘယ်လို အသုံးပြုရမှာလဲ?
လူကြီးမင်း၏ လက်ရှိ reservation ၌ 4G/Wi-Fi ကိုဖွင့်ပြီး မိမိငှားထားသောကားကို လော့ခ်ချရန်/လော့ခ်ဖွင့်ရန် အတွက်လုပ်နိုင်သည်။
ငှားထားသောကားကို Bluetooth/Internet နဲ့ ဘယ်လိုအသုံးပြုရမလဲ?
Yoma Car Share mobile app မှ တဆင့် သင်၏ လက်ရှိ reservation ၌ Bluetooth/Internet ကိုဖွင့်ပြီး မိမိငှားထားသောကားကို လော့ခ်ချရန်/လော့ခ်ဖွင့်ရန် အတွက်လုပ်နိုင်သည်။
Login
မိမိ၏ Yoma Car Share အကောင့်အီးမေးလ်လိပ်စာကို မမှတ်မိပါက မည်သို့ဆောင်ရွက်ရမလဲ?
ကျေးဇူးပြု၍ ကျွန်ုပ်တို့၏ hotline (09YOMAFLEET or 09966235338) သို့ ဖုန်းခေါ်ဆိုပြီး သင့်အီးမေးလ်လိပ်စာကို ပြန်လည်စစ်ဆေးနိုင်ပါသည်။
မိမိ၏ Yoma Car Share အကောင့် စကားဝှက် မမှတ်မိပါက မည်သို့ဆောင်ရွက်ရမလဲ?
လူကြီးမင်း၏ စကားဝှက်ကို လော့ဂ်အင်စာမျက်နှာ (or) ဝင်ရန်စာမျက်နှာ တွင်ပြန်လည်သတ်မှတ်နိုင်သည် သို့မဟုတ် hotline (09YOMAFLEET or 09966235338) သို့ ခေါ်ဆိုကာအကူအညီယူနိုင်ပါသည်။
မိမိ၏ စကားဝှက်ကို မည်သို့ ပြောင်းလဲနိုင်သလဲ?
လူကြီးမင်း၏ Yoma Car Share အကောင့်မှတဆင့် စကားဝှက်ကို ပြောင်းနိုင်ပါသည်။
လုံခြုံစိတ်ချမှုအတွက်ဆောင်ရွက်ချက်များ
ယာဉ်တိုက်မှု မတော်တဆဖြင်လျှင် မည်ကဲ့သို့ဆောင်ရွက်ရမလဲ?
ကျွန်ုပ်တို့၏ hotline (09YOMAFLEET or 09966235338) သို့ ချက်ချင်း ဖုန်းခေါ်ဆိုပြီးကျွန်ုပ်တို့ Customer Service အေးဂျင့်မှ အကြံပြုသည့်အတိုင်း လိုက်နာဆောင်ရွက်ပေးပါ။
ကားများက ခရီးသွားလာရန်အတွက်စိတ်ချရပါသလား?
Yoma Car Share မှကားများကို အချိန်ဇယားအတိုင်း ပုံမှန်ပြုပြင်ထိန်းသိမ်းမှုပြုလုပ်ပြီး ကား Reservation မစမှီအချိန်တိုင်းမှာ ကားများအားလုံးကို စစ်ဆေးထားပါသည်။
မော်တော်ယာဉ်များကို မည်ကဲ့သို့ ထိန်းသိမ်းမှုများ ပြုလုပ်ပါသလဲ?
ကားထုတ်လုပ်သည့်ကုမ္ပဏီများမှ အကြံပြုထားသော အချိန်ဇယားအတိုင်း ပုံမှန်ပြုပြင်ထိန်းသိမ်းခြင်းကို ပြုလုပ်ပါသည်။
မော်တော်ယာဉ်များကို Covid-19 မှ ကာကွယ်ရန် မည်ကဲ့သို့ဆောင်ရွက်ပါသလဲ?
ငှားထားသော reservation မှ ပြန်လည်ရောက်ရှိလာသည့် ကားတစ်စီးချင်းစီတိုင်းကို သန့်ရှင်းပြီး ပိုးသတ်ပေးထားပါသည်။
ကားငှားရမ်းမှုအတွက်လိုအပ်ချက်များ
မည်သည့် သက်သေခံကဒ်ပြားများ လက်ခံပါသလဲ?
ယာဉ်မောင်းလိုင်စင်နှင့်အတူ အမျိုးသားမှတ်ပုံတင်ကဒ် (NRC) နှင့် နိုင်ငံကူးလက်မှတ်ကို လက်ခံပါသည်။
မည်သည့်စာရွက်စာတမ်းများကို လက်ခံပါသလဲ?
ယာဉ်မောင်းလိုင်စင်နှင့်အတူ အမျိုးသားမှတ်ပုံတင်ကဒ် (NRC) နှင့် နိုင်ငံကူးလက်မှတ်တို့မှာ အဓိကလိုအပ်သော စာရွက်စာတမ်းများဖြစ်ပြီး အခြား စာရွက်စာတမ်းများလည်းလိုအပ်သောကြောင့် အဖွဲ့ဝင်ခြင်းဆိုင်ရာ အသေးစိတ်အချက်အလက်များ လေ့လာပါ။
ကားငှားရန်အတွက် မြန်မာနိုင်ငံ လိပ်စာလိုပါသလား?
လိုအပ်ပါသည်။ အကယ်၍ လူကြီးမင်းသည် နိုင်ငံခြားသားတစ်ဦးဖြစ်ပါက မြန်မာနိုင်ငံရှိ အိမ်လိပ်စာနှင့် ဟိုတယ်လိပ်စာတို့ကို ပေးရန် လိုအပ်ပါသည်။ ပိုမိုသိရှိလိုပါက ကျွန်ုပ်တို့၏ hotline (09YOMAFLEET or 09966235338) သို့ခေါ်ဆိုပါ။
ကားငှားရန်အတွက် အသက်ကန့်သတ်မျက်ရှိပါသလား?
Yoma Car Share မှာ ကားငှားရန်အတွက် အသက်သတ်မှတ်ချက်မှာ ၂၁ နှစ်ဖြစ်သည်။
Yoma Car Share Driver App
Yoma Car Share ယာဉ်မောင်း App ဆိုတာ ဘာလဲ?
Yoma Car Share ယာဉ်မောင်း Driver App သည် လူကြီးမင်း၏ အရံယာဉ်မောင်းအား ကားအတွင်းသို့ ဝင်ရောက်မောင်းနှင်နိုင်ရန်အတွက်သုံးရသည့် mobile app တစ်ခုဖြစ်ပြီး ၎င်းကို Google Play Store၊ iOS App Store နှင့် Huawei App Gallery တို့တွင်ရရှိနိုင်ပါသည်။
အရံယာဉ်မောင်းအချက်အလက်ကို ဘယ်လိုဖြည့်ရမလဲ?
သင်၏ Yoma Car Share အကောင့်တွင် အရံယာဉ်မောင်းအချက်အလက်ကို ဖြည့်စွက်နိုင်ပါသည်။
Yoma Car Share ကိုဘယ်လိုဆက်သွယ်ရမလဲ?
အရံယာဉ်မောင်းသည် Yoma Car Share Driver App မှတဆင့် လူကြီးမင်းကဲ့သို့ပင် လက်ရှိကား reservation မှ ကားတံခါးကို ဖွင့်/ပိတ် နိုင်မည်ဖြစ်ပြီး ကားပြန်အပ်နိုင်သလို ခရီးစဉ်ပြီးဆုံးခြင်းအထိ လုပ်ဆောင်ချက်များအားလုံးကို အသုံးပြုနိင်ပါသည်။
Support
Yoma Car Share ကိုဘယ်လိုဆက်သွယ်ရမလဲ?
ကျွန်ုပ်တို့ကို inquiry form မှတဆင့် ဆက်သွယ်နိုင်သလို 24/7 hotline နံပါတ် (09YOMAFLEET or 09966235338) မှလည်း ဆက်သွယ်နိုင်ပါသည်။
Yoma Car Share hotline ဆိုတာ ဘာလဲ?
Yoma Car Share hotline (09YOMAFLEET or 09966235338) ဆိုသည်မှာ Yoma Car Share အဖွဲ့ဝင်များအတွက်ကို ၂၄နာရီ ၇ရက် တစ်နှစ်ပတ်လုံး လူကြီးမင်းတို့၏ လိုအပ်ချက်များကို ကူညီဖြေကြားပေးနေသော ဖုန်းနံပါတ်တစ်ခုဖြစ်ပါသည်။
Comments
0 comments
Please sign in to leave a comment.