မူဝါဒ
Yoma Car Share နှင့် Yoma Fleet၊ Yoma Financial Services နှင့် Yoma Group ("ကျွန်ုပ်တို့"၊ "ကျွန်ုပ်တို့၏" သို့မဟုတ် "Yoma Group" အပါအဝင် ၎င်း၏လုပ်ငန်းခွဲများ) သည် လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို အထူးလေးစားပါသည်။ ဤပုဂ္ဂိုလ်ရေးအချက်အလက်ဆိုင်ရာ သတိပေးချက်တွင် လူကြီးမင်းတို့အနေဖြင့် yomacarshare.com နှင့်/သို့မဟုတ် carshare.yomafleet.com ကိုအသုံးပြုခြင်းနှင့် ဆက်စပ်မိုဘိုင်းSITESများနှင့် Application များ (ကျွန်ုပ်တို့၏ "SITESများ")အပြင် Yoma Car Share ဝန်ဆောင်မှုများ ကို ရယူအသုံးပြုသည့်အခါ လူကြီးမင်းတို့၏ ကိုယ်ရေးအချက်အလက်များကို ကျွန်ုပ်တို့ စုဆောင်းပုံ၊ သိမ်းဆည်းပုံ၊ အသုံးပြုပုံ၊ ဖော်ထုတ်ပုံ၊ အခြားနည်းလမ်းတစ်ခုခုဖြင့် အသုံးပြုပုံများကို ဖော်ပြထားပါသည်။ ကျွန်ုပ်တို့၏ပုဂ္ဂိုလ်ရေးအချက်အလက်ဆိုင်ရာ သတိပေးချက်နှင့်ပတ်သက်၍ လူကြီးမင်းတွင် မေးခွန်းများ သို့မဟုတ် စိုးရိမ်ပူပန်မှုများရှိပါက ကျေးဇူးပြု၍ အောက်ဖော်ပြပါနည်းလမ်းများဖြင့် ကျွန်ုပ်တို့ထံသို့ ဆက်သွယ်နိုင်ပါသည်။ ဤပုဂ္ဂိုလ်ရေးအချက်အလက်ဆိုင်ရာသတိပေးချက်တွင် မဖော်ပြထားသော စည်းကမ်းသတ်မှတ်ချက်များကို ငှားရမ်းခြင်းဆိုင်ရာ စည်းကမ်းသတ်မှတ်ချက် များနှင့် စကားရပ်အခြေအနေများ စည်းကမ်းသတ်မှတ်ချက်များတွင် ထည့်သွင်းပြဋ္ဌာန်းထားပါသည်။
ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များ
ကျွန်ုပ်တို့အနေဖြင့် လူကြီးမင်းတို့၏ ပုဂ္ဂိုလ်ရေးအချက်အလက်နှင့် ငွေကြေးဆိုင်ရာ အချက်အလက် များကို စုဆောင်းသိမ်းဆည်းရခြင်း၏ ရည်ရွယ်ချက်မှာ လူကြီးမင်း၏ လျှောက်လွှာကို စီမံ ဆောင်ရွက်ရန်၊ လူကြီးမင်းအား ကျွန်ုပ်တို့၏ မော်တော်ယာဉ်များကို RESERVATION အသုံးပြုခွင့် ပေးရန်၊ ငွေပေးချေမှုများ ဆောင်ရွက်နိုင်ရန်၊ ငွေတောင်းခံလွှာပေးပို့နိုင်ရန်၊ လူကြီးမင်း၏ စုံစမ်း မေးမြန်းမှုများကို ပြန်လည်ဖြေကြားနိုင်ရန်၊ ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများ၏ ဖြစ်ပေါ်တိုးတက်မှုများကို လူကြီးမင်းအား ဆက်သွယ်အသိပေးနိုင်ရန်၊ လူကြီးမင်း၏ အကောင့်ကို ထိန်းသိမ်းပေးရန်တို့ဖြစ်ပါသည်။
Yoma Car Share သည် လူကြီးမင်း၏ ဆန္ဒအလျောက် လူကြီးမင်းကိုယ်တိုင် တင်သွင်း လာသော လူကြီးမင်း၏ အမည်၊ အီးမေးလ်လိပ်စာ၊ စာတိုက်လိပ်စာ၊ တယ်လီဖုန်း နံပါတ် သို့မဟုတ် ဓါတ်ပုံ သို့မဟုတ် အထောက်အထားစာရွက်စာတမ်းများ အပါအဝင် အခြားသောအချက်အလက်များကို စုဆောင်းသိမ်းဆည်းထားပါသည်။
ထိုအထဲတွင် ပရိုဖိုင် အချက်အလက် သို့မဟုတ် အီးမေးလ်၊ စာတို သို့မဟုတ် အလားတူ မက်ဆေ့ချ်၊ တယ်လီဖုန်းခေါ်ဆိုမှု သို့မဟုတ် အခြားနည်းလမ်းများဖြင့် ကျွန်ုပ်တို့ထံသို့ လူကြီးမင်း ပေးသွင်းထားသည့် အချက်အလက်များလည်း ပါဝင်သည်။ လူကြီးမင်းနှင့် ကျွန်ုပ်တို့အကြား တယ်လီဖုန်းခေါ်ဆိုမှုများနှင့် အခြားဆက်သွယ်မှုများကို အရည်အသွေးထိန်းချုပ်မှု၊ လေ့ကျင့်မှုနှင့် အလားတူရည်ရွယ်ချက်များအတွက် ပုံမှန်အားဖြင့် မှတ်တမ်းတင်ခြင်း သို့မဟုတ် စောင့်ကြည့်စစ်ဆေးခြင်းများ ပြုလုပ်ပါသည်။
ထို့ကြောင့် လူကြီးမင်းအနေဖြင့် အဆိုပါဆက်သွယ်ရေးနည်းလမ်းများကို အသုံးပြုတော့မည်ဆိုလျှင် Yoma Car Share သည် လူကြီးမင်း၏ခေါ်ဆိုမှုများနှင့် ဆက်သွယ်ရေးများကို မှတ်တမ်းတင်ခြင်း သို့မဟုတ် စောင့်ကြည့်ခြင်းများမှတစ်ဆင့် သတင်းအချက်အလက်များကို လက်ခံရရှိနေကြောင်းကို ကြိုတင်သိရှိ သဘောတူထားပြီး ဖြစ်ပါသည်။
လူကြီးမင်းအသုံးပြုမည့် အကောင့်အား စတင်ဖွင့်ခြင်း၊ ကျွန်ုပ်တို့က ဝန်ဆောင်မှုများကို ပေးအပ်ခြင်းနှင့် လူကြီးမင်းနှင့် ဆက်သွယ်ချိတ်ဆက်ခြင်းတို့ ပြုလုပ်ရာတွင် လူကြီးမင်း ပေးအပ်ထားသည့် အချက်အလက်များကို အသုံးပြုမည်ဖြစ်ပါသည်။ ထို့အပြင် Marketing ပြုလုပ်သည့်အနေဖြင့် ကျွန်ုပ်တို့၏ လုပ်ငန်းနှင့်ပတ်သက်သော အကြောင်းအရာများ သို့မဟုတ် အခြားသော ဆက်သွယ်မှုများကိုလည်း လူကြီးမင်းထံသို့ အခါအားလျော်စွာ ပေးပို့ခြင်းမျိုး ရှိနိုင်ပါသည်။ အကယ်၍ လူကြီးမင်းသည် ယာဉ်ငှားရမ်း အသုံးပြုနေစဉ်အတွင်း Yoma Car Share ယာဉ်ပေါ်ရှိ ဖျော်ဖြေရေးစနစ်၏ ဘလူးတုသ် သို့မဟုတ် USB အပေါက်မှတစ်ဆင့် ချိတ်ဆက်အသုံးပြုခဲ့သည်ဆိုလျှင် လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို ကျေးဇူးပြု၍ ပြန်ဖျက်ခဲ့ပါ။
Yoma Car Share တွင်ပါဝင်ရန် လျှောက်ထားရာ၌ လျှောက်လွှာတင်ခြင်း လုပ်ငန်းစဉ် အဆင့်ဆင့်၊ အသင်းဝင်သဘောတူညီချက်နှင့် RESERVATION လုပ်ငန်းစဉ် အဆင့်ဆင့်တို့တွင် လူကြီးမင်းဖြည့်သွင်းထားသော ကိုယ်ရေးအချက်အလက်၊ ငွေကြေးဆိုင်ရာအချက်အလက် ကဲ့သို့သော အချက်အလက်များကို ကျွန်ုပ်တို့က သိမ်းဆည်းမည်ဖြစ်ပါသည်။
လူကြီးမင်း၏ အမည်နှင့် ဆက်သွယ်ရန်အချက်အလက်များအပြင် ယာဉ်မောင်း လိုင်စင်နံပါတ်၊ သက်သေခံကဒ်ပြားများဖြစ်သည့် မှတ်ပုံတင် (NRC) သို့မဟုတ် နိုင်ငံကူးလက်မှတ်၊ လိပ်စာအထောက်အထား၊ ခရက်ဒစ်/ဒက်ဘစ်ကဒ် သို့မဟုတ် အခြားငွေပေးချေမှု အချက်အလက်၊ ဓာတ်ပုံတစ်ပုံနှင့် အခြားသတ်မှတ်အချက်အလက်တို့ကိုလည်း ကျွန်ုပ်တို့က စုဆောင်းသိမ်းဆည်း သွားမည်ဖြစ်ပါမည်။
လူကြီးမင်းသည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုရန် အရည်အချင်းပြည့်မီမှု ရှိ/မရှိ ကို ဆုံးဖြတ်ရန်၊ အထောက်အထားများကို အတည်ပြုရန်၊ လိမ်လည်မှု၊ ခိုးယူမှု၊ သို့မဟုတ် ကျွန်ုပ်တို့၏ဝန်ဆောင်မှုအား အလွဲသုံးစားလုပ်မှုများ ရှိလာပါက ရှာဖွေတားဆီးရန်၊ ဥပဒေနှင့် မှတ်တမ်းတင်ခြင်းဆိုင်ရာ သတ်မှတ်ချက်များကို လိုက်နာရန်၊ ငွေပေးချေမှုနှင့် အခြားသော လိုအပ်သည့် ကိစ္စရပ်များ လုပ်ဆောင်ရန်တို့တွင် ကျွန်ုပ်တို့အနေဖြင့် အဆိုပါအချက်အလက်များကို အသုံးပြုမည်ဖြစ်ပါသည်။
အကယ်၍ လူကြီးမင်းသည် Yoma Car Share တွင်ပါဝင်ပြီး ကျွန်ုပ်တို့၏ ဝက်ဆိုဒ်များနှင့် ဝန်ဆောင်မှုများကို အသုံးပြု၍ ယာဉ်ရှာဖွေမှုများ၊ RESERVATIONများ (ရက်စွဲ၊ အချိန်၊ တည်နေရာ စသည်) နှင့် Yoma Car Share ကို အသုံးပြုခြင်းဆိုင်ရာ အချက်အလက်များ (အပြန်အချိန်၊ ခရီးမိုင်၊ ယာဉ်တိုက်မှု စသည်) တို့ကို ကျွန်ုပ်တို့က စုဆောင်းသိမ်းဆည်း သွားမည်ဖြစ်ပါသည်။
ကျွန်ုပ်တို့၏ မော်တော်ယာဉ်ကို အသုံးပြုနေစဉ် လူကြီးမင်းရောက်ရှိနေသည့် နေရာများနှင့် သွားလာခဲ့သည့် တည်နေရာများကိုလည်း စုဆောင်းသိမ်းဆည်း နိုင်ပါသည်။ ဥပမာအားဖြင့်၊ လူကြီးမင်းအတွက် ငွေပေးချေခြင်း၊ စုံစမ်းမေးမြန်းမှုများကို ပြန်လည် ဖြေကြားခြင်း၊ ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပေးဆောင်ခြင်းနှင့် ပိုမိုကောင်းမွန်အောင် လုပ်ဆောင်ခြင်း၊ အကောင့် ထိန်းသိမ်းခြင်း၊ လူကြီးမင်း၏ Yoma Car Share အသုံးပြုမှု အတွေ့အကြုံမှတစ်ဆင့် လူကြီးမင်း၏ အကြိုက်နှင့် ကိုက်ညီမည့် အကောင်းဆုံးဝန်ဆောင်မှုများ ပေးအပ်ရန်နှင့် အထူးဝန်ဆောင်မှုကမ်းလှမ်းချက်များ ပြုလုပ်ခြင်းတို့ ဆောင်ရွက်ရာတွင် ဤအချက်အလက်များကို အသုံးပြုမည်ဖြစ်ပါသည်။ လူကြီးမင်းအကြိုက်နှင့် ကိုက်ညီမှုရှိအောင် စိတ်ကြိုက်ပြင်ဆင် အသုံးပြုနိုင်သည့် ကမ်းလှမ်းချက်များကို ကြော်ငြာနှင့် စိတ်ကြိုက်အကြောင်းအရာ("Advertising and Personalized Content") ခေါင်းစဉ်အောက်တွင် ဖတ်ရှုနိုင်ပါသည်။ Yoma Car Share မော်တော်ယာဉ်များတွင် Global Positioning System (GPS) ကို အသုံးပြုထားသည့် မော်တော်ယာဉ်ခြေရာခံစနစ်နှင့် ခိုးယူမှုမှ ကာကွယ်နိုင်သည့် နည်းပညာများ တပ်ဆင်ထားပါသည်။ GPS ဆိုသည်မှာ ယာဉ်ငှားယူမှုကာလအတွင်း လူကြီးမင်းငှားယူထားသည့် မော်တော်ယာဉ်၏ တည်နေရာ (လတ္တီတွဒ်နှင့် လောင်ဂျီတွဒ်) ကို သိရှိနိုင်သည့် ဂြိုလ်တုကွန်ရက်တစ်ခုဖြစ်ပါသည်။ ထို့အပြင် Yoma Car Shares တွင် RESERVATION ရှိ/မရှိကို အချိန်နှင့် တပြေးညီ စောင့်ကြည့်နိုင်သည့် ယာဉ်ပေါ်ပါစက်တစ်ခုလည်း ပါရှိပြီး ယာဉ်တိုက်မှု ထောက်လှမ်းခြင်းဆိုင်ရာ အချက်များ၊ ဘရိတ်အုပ်မှု သို့မဟုတ် အရှိန်နှုန်း သို့မဟုတ် လောင်စာဆီလက်ကျန် အခြေအနေ စသည်ဖြင့် ယာဉ်၊ ယာဉ်မောင်းနှင့် ယာဉ်၏တည်နေရာကို စောင့်ကြည့်ခြင်းများလည်း ပါဝင် ပါသည်။ ဤအချက်အလက်များကို Yoma Car Share က သိမ်းဆည်းထားပြီး အရေးကြီးသော အကြောင်းကိစ္စအမျိုးမျိုးအတွက် လိုအပ်လာလျှင် ပြန်လည် အသုံးချမည်ဖြစ်ပါသည်။ ဥပမာ အားဖြင့် လူကြီးမင်း ငှားယူထားသောကားကိုရှာဖွေရန်၊ ကားပျက်လျှင် လာရောက်ကူညီပေးရန်၊ ငှားယူထားသောနေရာနှင့်အချိန်တို့တွင် ကားရရှိနိုင်စေရေး ကူညီပေးရန်၊ ကျွန်ုပ်တို့၏ဝန်ဆောင်မှု ပိုမိုကောင်းမွန်လာစေရန်အတွက် ယာဉ် သို့မဟုတ် GPS ဒေတာကို စောင့်ကြည့်ရန်၊ ကျွန်ုပ်တို့၏တရားဝင်အခွင့်အရေးများကို လိုက်နာကျင့်သုံးရန် သို့မဟုတ် ပျောက်ဆုံး သွားသော သို့မဟုတ် ခိုးယူခံရသော Yoma Car Share ယာဉ်များကို ရှာဖွေရန် စသည်တို့ ပါဝင်ပါသည်။
မိတ်ဆွေတစ်ဦးကို Yoma Car Shareအကြောင်း မျှဝေခြင်း။
လူကြီးမင်းသည် Yoma Car Share အကြောင်းကို မိတ်ဆွေတစ်ဦးအား မျှဝေရန်အတွက် ကျွန်ုပ်တို့၏ ရည်ညွှန်းဝန်ဆောင်မှုကို အသုံးပြုလိုပါက လူကြီးမင်း၏ မိတ်ဆွေ၏ အမည်နှင့် အီးမေးလ်လိပ်စာ သို့မဟုတ် ဖုန်းနံပါတ်ကို ကျွန်ုပ်တို့က မေးမြန်းမည်ဖြစ်ပါသည်။ Yoma Car Share သည် ဤဆက်သွယ်မှုများကို ပေးပို့ရန်နှင့် ကျွန်ုပ်တို့၏ လွှဲပြောင်းခြင်းအစီအစဉ်၏ အောင်မြင်မှုကို ခြေရာခံရန် ရည်ရွယ်ချက်အတွက် ဤအချက်အလက်ကို သိမ်းဆည်းထားသည်။ လူကြီးမင်း၏ မိတ်ဆွေသည် Yoma Car Share မှ ပေးပို့သည့် ရည်ညွှန်းစာတိုများ သို့မဟုတ် အခြားမက်ဆေ့ချ်များကို လက်ခံရယူလိုခြင်း မရှိလျှင် hello@yomacarshare.com တွင် ကျွန်ုပ်တို့ထံသို့ ဆက်သွယ်နိုင်ပါသည်။
သတင်းအချက်အလက်များ အလိုလျောက် စုဆောင်းထိန်းသိမ်းခြင်း
ကျွန်ုပ်တို့၏ Sites များကို သင်သွားရောက်ကြည့်ရှုခြင်း သို့မဟုတ် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို အသုံးပြုခြင်း၊ ကျွန်ုပ်တို့၏ အီးမေးလ်များကိုဖတ်ခြင်း သို့မဟုတ် ကွန်ပျူတာ သို့မဟုတ် မိုဘိုင်းလ်စက်ပစ္စည်းတစ်ခုမှတစ်ဆင့် ကျွန်ုပ်တို့နှင့် ထိတွေ့ ဆက်ဆံသည့်အခါ၊ ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ တစ်ဆင့်ခံ မိတ်ဖက်အဖွဲ့အစည်းသည် လူကြီးမင်း၏ ဝင်ရောက်အသုံးပြုပုံ၊ လူကြီးမင်း အသုံးပြုသည့် စက်ပစ္စည်းနှင့် ပတ်သက်သော အချက်အလက်များ၊ Sites များကို သင်ဝင်ရောက်အသုံးပြုပုံနှင့် အချက်အလက်များကို အလိုအလျောက်စုဆောင်းပါသည်။
ကျွန်ုပ်တို့သည် ပုံမှန်အားဖြင့် cookies များ၊ Flash objects များ၊ web beacons များ၊ embedded scriptsများ၊ တည်နေရာ-ခွဲခြားခြင်းနည်းပညာများ (location-identifying technologies) နှင့် အလားတူ နည်းပညာများအပါအဝင် အမျိုးမျိုးသော ခြေရာခံနည်းပညာများမှတစ်ဆင့် ဤအချက်အလက်များကို စုဆောင်းနိုင်သလို ပြင်ပ မိတ်ဖက်အဖွဲ့အစည်းတစ်ခုခုကို ငှားရမ်း၍လည်း စုဆောင်းနိုင်ပါသည်။ လူကြီးမင်းနှင့် ပတ်သက်၍ ကျွန်ုပ်တို့အလိုအလျောက်စုဆောင်းထားသော အချက်အလက်များထဲတွင် လူကြီးမင်းထံမှ တိုက်ရိုက်မေးမြန်းကောက်ယူထားသော အချက်အလက်များ ပါဝင်သကဲ့သို့ အခြားသော အရင်းအမြစ်များမှ ရရှိသည့် အချက်အလက်များလည်း ပါဝင်နိုင်ပါသည်။ လူကြီးမင်းအနေဖြင့် Yoma Car Share SITES များကို အသုံးပြုသည့်အခါ ကျွန်ုပ်တို့၏ ဆာဗာများသည် လူကြီးမင်း၏ IP လိပ်စာ၊ အသုံးပြုသည့် Browser အမျိုးအစား၊ လည်ပတ်မှုစနစ်၊ Browser ဘာသာစကားနှင့် ဝန်ဆောင်မှုပေးအပ်သည့် နည်းပညာကုမ္ပဏီ အစရှိသည့် အချက်အလက်များကို အလိုအလျောက် မှတ်တမ်းတင် ထားမည်ဖြစ်ပါသည်။
လူကြီးမင်းသွားရောက်ကြည့်ရှုသည့် စာမျက်နှာများ သို့မဟုတ် နှိပ်လိုက်သည့် ကြော်ငြာများ သို့မဟုတ် လင့်ခ်များ အစရှိသဖြင့် ကျွန်ုပ်တို့၏ Sites ပေါ်တွင် လူကြီးမင်း၏ လှုပ်ရှားဆောင်ရွက်မှုအားလုံးကို စုဆောင်းထားမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် အမျိုးမျိုးသော လုပ်ငန်းတာဝန်များအတွက် ဤအချက်အလက်များကို တရားဝင် ရယူခွင့် ရှိပါသည်။ ဥပမာ- ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်အောင် ဆောင်နိုင်ရွက်ခြင်း၊ လူကြီးမင်း၏ လုပ်ဆောင်ချက်များကို စောင့်ကြည့်လေ့လာပြီး ကျွန်ုပ်တို့၏ တွေ့ရှိချက်များကို အခြေခံ၍ ဝန်ဆောင်မှုအသစ်များ ပေးအပ်ခြင်း၊ လူကြီးမင်းစိတ်ဝင်စားနိုင်သော ထုတ်ကုန်များနှင့် စျေးကွက်ရှာဖွေရေးတို့ကို ခွဲခြားသတ်မှတ်နိုင်ခြင်း၊ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို လူကြီးမင်းအတွက် စိတ်တိုင်းကျပြင်ဆင်ပေးနိုင်ခြင်း၊ ကျွန်ုပ်တို့၏အဖွဲ့ဝင်များနှင့် ၎င်းတို့လိုလား သော ထုတ်ကုန်/ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်စွာ နားလည်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ကိန်းဂဏန်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုနှင့် သုတေသနကို ဆောင်ရွက်နိုင်ခြင်းတို့ ဖြစ်ပါသည်။
အသုံးပြုသူများ၏ နည်းပညာနှင့် အကျွမ်းဝင်မှုကို ထည့်သွင်းစဉ်းစားရန်အပြင် SITESနှင့် အသုံးပြုသူ၏ အတွေ့အကြုံနှင့် အသုံးပြုရာတွင် ကြုံတွေ့ရသည့် ပြဿနာများကို ဖော်ထုတ်ပြီး ပေးအပ်သည့်ဝန်ဆောင်မှုများကို လိုက်လျောညီထွေဖြစ်စေရန် ပြင်ဆင်ရာတွင်လည်း ဤအချက်အလက်များကို အသုံးပြုနိုင်ပါသည်။
ထို့အပြင် ကျွန်ုပ်တို့သည် IP လိပ်စာများနှင့် အခြားအချက်အလက်များကိုလည်း အလိုအလျောက် စနစ်ဖြင့် စုဆောင်းရရှိပါသည်။ ဥပမာ- ကျွန်ုပ်တို့၏စနစ်များနှင့် ပြဿနာများကို ရှာဖွေဖော်ထုတ်ရန်၊ စနစ်စီမံခန့်ခွဲရန်၊ ကျွန်ုပ်တို့၏ မိတ်ဖက်လုပ်ငန်းများထံသို့ စုစည်းထားသော အချက်အလက်များကို အစီရင်ခံရန်၊ ဝက်ဆိုဒ်အသုံးပြုမှုကို စစ်ဆေးရန် စသည်တို့အတွက် ကျွန်ုပ်တို့၏ SITESများသို့ ဝင်ရောက်သည့်အခါ လူကြီးမင်း၏ IP လိပ်စာများကို ကျွန်ုပ်တို့က စုဆောင်းနိုင်ပါသည်။ သတ်မှတ်ထားသော အခြေအနေများတွင် ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှု၊
SITES များ၊ အသုံးပြုသူများနှင့် အခြားသောအရာများကို ကာကွယ်ရန်၊ လူကြီးမင်းထံမှ အတည်ပြုချက်ရန်တို့တွင် အထောက်အကူပြုစေရန်အတွက် လူကြီးမင်း၏ IP လိပ်စာများကို အသုံးပြုနိုင်ပါသည်။ SITESကို စီမံခန့်ခွဲရန်နှင့် ရရှိလာသော အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာရန်အတွက် ကျွန်ုပ်တို့သည် လူကြီးမင်း၏ Browser အမျိုးအစား၊ အင်တာနက်ဝန်ဆောင်မှုပေးသူ (ISP)၊ ရည်ညွှန်းစာမျက်နှာများ၊ အထွက်စာမျက်နှာများ၊ ကျွန်ုပ်တို့၏SITESတွင် ကြည့်ရှုသည့် စာမျက်နှာများ၊ လည်ပတ်မှုစနစ်၊ ရက်စွဲ/အချိန် သို့မဟုတ် အသုံးပြုနေစဉ် Website ပေါ်တွင် လူကြီးမင်း၏ လှုပ်ရှားဆောင်ရွက်မှု ဒေတာအချက်အလက်များကို စုဆောင်းထားမည်ဖြစ်ပါသည်။ Session Replay- ကျွန်ုပ်တို့၏ဝက်ဆိုဒ်သို့ လူကြီးမင်းဝင်ရောက်သည့်အခါ သွားရောက်ကြည့်ရှု ခဲ့သည့် စာမျက်နှာများနှင့် SITES ရှိ ဖြည့်သွင်းထားသည့် ဖောင်များအပါအဝင် SITES ပေါ်ရှိ လူကြီးမင်း၏ရှာဖွေမှုဆိုင်ရာ အချက်အလက်များကိုလည်း ကျွန်ုပ်တို့အနေဖြင့် မှတ်တမ်းတင် ထားနိုင်ပါသည်။
SITESများ၏လည်ပတ်မှုတွင် နည်းပညာဆိုင်ရာပြဿနာများကို သိရှိနိုင်ရန်နှင့် SITES များ အပြင်ပုံသဏ္ဍာန် (user interface) ကို ပိုမိုကောင်းမွန်လာစေရန်အတွက် ပြန်လည်သုံးသပ်ရာတွင် ဤအချက်အလက်များကို အသုံးပြုမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဝန်ဆောင်မှုပေးအပ်ရန် အတွက် ပြင်ပအဖွဲ့အစည်းထံမှ အကူအညီတောင်းခံရန် လိုအပ်လာပါက ဤအချက်အလက်များကို ပြင်ပအဖွဲ့အစည်း/ လုပ်ငန်းစု ထံသို့ ပေးပို့မည်ဖြစ်ပါသည်။ Mobile Analytics: - ကျွန်ုပ်တို့၏APPLICATIONများကို ဒေါင်းလုဒ်လုပ်ယူပြီး အသုံးပြုသည့်အခါ လူကြီးမင်း၏ မိုဘိုင်းပစ္စည်းရှိ ကျွန်ုပ်တို့APPLICATION၏ လုပ်ဆောင်နိုင်စွမ်းကို ပိုမိုနားလည် နိုင်စေရန် ကျွန်ုပ်တို့က Mobile Analytics (မိုဘိုင်း ပိုင်းခြားစိတ်ဖြာမှုဆော့ဖ်ဝဲ) ကို အသုံးပြုနိုင်ပါသည်။ ကျွန်ုပ်တို့၏ ခွဲခြမ်းစိတ်ဖြာချက်များသည် APPLICATIONကို လူကြီးမင်း အသုံးပြုသည့် အကြိမ်ရေ၊ အသုံးပြုပုံ၊ ပေါင်းစပ်အသုံးပြုပုံ၊ စွမ်းဆောင်ရည်ဒေတာနှင့် APPLICATIONကို ဒေါင်းလုဒ်ပြုလုပ်သည့်တည်နေရာတို့ကို မှတ်တမ်းတင်ထားနိုင်ပါသည်။
မိုဘိုင်း GPS နှင့် Push Notifications - လူကြီးမင်းခွင့်ပြုပါက APPLICATIONများကို အသုံးပြုသည့်အခါ ဖုန်းအတွင်းရှိ GPS ကို အသုံးပြု၍ တည်နေရာအမှတ်အသားများကို စုဆောင်းနိုင်ပါသည်။
လူကြီးမင်း ရောက်ရှိနေသည့်နေရာကို အနီးစပ်ဆုံးသိရှိခြင်းက လူကြီးမင်းနှင့် အနီးဆုံးတွင် ရှိသော Yoma Car Share တည်နေရာကို ရှာဖွေနိုင်ပြီး ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများကို လည်း ပေးစွမ်းနိုင်မည်ဖြစ်ပါသည်။
App သည် လူကြီးမင်း၏ တည်နေရာအပေါ် အခြေခံ၍ push notifications သို့မဟုတ် အခြား ဆက်သွယ်မှုများ (ဥပမာ၊ အနီးတစ်ဝိုက်တွင်ရှိနေသော အထူးဝန်ဆောင်မှုများ) ကို ပေးပို့ရာတွင်လည်း ကူညီပေးပါလိမ့်မည်။ အရေးပေါ် သတိပေးချက် သို့မဟုတ် အခြားဝန်ဆောင်မှု အသိပေးချက်များ၊ အကြောင်းပြန်ကြား ချက်များ၊ ယာဉ်တည်နေရာနှင့် စပ်လျဉ်းသည့် အချက်အလက်များ၊ ကျွန်ုပ်တို့၏ထုတ်ကုန်၊ ဝန်ဆောင်မှုများနှင့် ပတ်သက်သော အသေးစိတ်အချက်များ စသည့် ဝန်ဆောင်မှုများ ပေးဆောင်ရန်အတွက် push notifications များကို ပေးပို့ သွားမည်ဖြစ်ပါသည်။
လူကြီးမင်းအား ဤဝန်ဆောင်မှုများပေးအပ်နိုင်ရန်အတွက် ကျွန်ုပ်တို့အနေဖြင့် ဤအချက်အလက်များကို ပြင်ပမှ တစ်ဆင့်ခံဝန်ဆောင်မှုပေးသူများနှင့်သာ မျှဝေပါမည်။
အသိပေးချက်များကို လူကြီးမင်းအနေဖြင့် လက်ခံရရှိရန်အတွက် လူကြီးမင်းအသုံးပြုသည့် အီလက်ထရောနစ်ပစ္စည်း၏ လည်ပတ်ပုံစနစ်၊ အသုံးပြုသူ ကိုယ်ရေးအချက်အလက် စသည်ဖြင့် လိုအပ်သော အချက်အလက်များကို ကျွန်ုပ်တို့က စုဆောင်းရန် လိုအပ်ပါသည်။
တည်နေရာမျှဝေခြင်း၊ push notifications ပေးပို့ခြင်းများကို ပိတ်လိုပါက လူကြီးမင်း၏ မိုဘိုင်းဖုန်း Setting တွင် ဝင်ရောက်၍ ပိတ်နိုင်ပါသည်။ ကျွန်ုပ်တို့သည် ပေးအပ်သော ဝန်ဆောင်မှုများအတွက် သွားလာမှုနှင့် အသုံးပြုမှု လမ်းကြောင်းများကို တိုင်းတာရန်၊ အသုံးပြုသူများ၏ လူဦးရေ ပုံသဏ္ဍာန်ကို ပိုမိုသိရှိနိုင် စေရန်အတွက် ခွဲခြမ်းစိတ်ဖြာမှုဒေတာကို စုဆောင်းခြင်း သို့မဟုတ် Google Analytics ကဲ့သို့သော ပြင်ပမှ ခွဲခြမ်းစိတ်ဖြာမှုကိရိယာများကို အသုံးပြုခြင်းတို့ဖြင့် ဆောင်ရွက်နိုင်သည်။
Cookies များ အသုံးပြုရခြင်း၏ ရည်ရွယ်ချက်များ၊ ကြော်ငြာထည့်သွင်းရန်အတွက် အခြားသော နည်းပညာပိုင်းဆိုင်ရာ ခြေရာခံစနစ်များ အသုံးပြုခြင်းနှင့် စပ်လျဉ်းသည့် အချက်များ သတင်းအချက်အလက် ထိန်းသိမ်းခြင်းများနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ပိုမိုဖတ်ရှုလို သည်ဆိုလျှင် အောက်တွင် ဖော်ပြထားသော ကြော်ငြာနှင့် Personalized Content ကဏ္ဍတွင် ဖတ်ရှုနိုင်ပါသည်။
အရွယ်မရောက်သေးသူများနှင့်ပတ်သက်သည့် မူဝါဒ
အသုံးပြုသူတစ်ဦးသည် အသက် ၁၈ နှစ်အောက် အရွယ်မရောက်သေးသူတစ်ဦးဖြစ်ကြောင်း ကျွန်ုပ်တို့ ကြိုတင်သိရှိထားပါက ၎င်းတို့ထံမှ အချက်အလက်များကို တောင်းဆိုခြင်း သို့မဟုတ် စုဆောင်းခြင်းတို့ ပြုလုပ်မည်မဟုတ်ပါ။
ပုဂ္ဂိုလ်ရေးကိုယ်ရေးအချက်အလက်များ သိမ်းဆည်းခြင်း
Yoma Car Share သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ဆာဗာများကိုသာ အသုံးပြုပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရှိ ပုဂ္ဂိုလ်ရေးအချက်အလက်များ စီမံဆောင်ရွက်ပေးခြင်းဆိုင်ရာဥပဒေများသည် လူကြီးမင်း၏ မူလမွေးဖွားရာ နိုင်ငံရှိ ဥပဒေများနှင့် တူညီနိုင်မည်မဟုတ်ကြောင်း သတိပြုပါ။
Yoma Car Share တွင်ပါဝင်ပြီး ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကိုအသုံးပြုခြင်းဖြင့် လူကြီးမင်းသည် မိမိ၏ ပုဂ္ဂိုလ်ရေးနှင့် ငွေကြေးဆိုင်ရာအချက်အလက်များကို ဤမူဝါဒတွင် ဖော်ပြထားသည့် ရည်ရွယ်ချက်များအတွက် လူကြီးမင်းမွေးဖွားရာ မိခင်နိုင်ငံပြင်ပသို့ လွှဲပြောင်းလိုက်ခြင်းကို လူကြီးမင်းက သဘောတူလိုက်ခြင်း ဖြစ်ပါသည်။
ပုဂ္ဂိုလ်ရေးအချက်အလက်များ ထုတ်ဖော်ခြင်း
Yoma Car Share သည် ကန့်သတ်အခြေအနေများတွင် Yoma Group ပြင်ပရှိ တတိယပုဂ္ဂိုလ်၊ အဖွဲ့အစည်းများထံသို့ အချက်အလက်များကို မျှဝေပါသည်။ အဆိုပါ အခြေအနေများမှာ Yoma Car Share ဝန်ဆောင်မှုကို ပေးဆောင်ရန်၊ လူကြီးမင်း တောင်းဆိုထားသော ငွေပေးချေခြင်းကို ဆောင်ရွက်ရန်၊ လူကြီးမင်းအား ပုဂ္ဂိုလ်ရေးသီးသန့် ဝန်ဆောင်မှုများ ပေးရန်၊ သို့မဟုတ် အချက်အလက်များကို စုဆောင်းထားရသည့် ရည်ရွယ်ချက်များနှင့် ကိုက်ညီသော၊ ဥပဒေဖြင့် ခွင့်ပြုထားသော အခြားအခြေအနေများ ပါဝင်ပါသည်။
ဥပမာအားဖြင့် ကျွန်ုပ်တို့သည် လုပ်ငန်းလည်ပတ်ရန်၊ ပြုပြင်ထိန်းသိမ်းရန်၊ စီမံခန့်ခွဲရန်၊ ဝန်ဆောင်မှုများ၊ SITESများကို အရည်အသွေးမြှင့်တင်ရန်၊ ကြီးကြပ်ကွပ်ကဲရန်၊ လူကြီးမင်း၏ တောင်းဆိုမှုများကို ဖြည့်ဆည်းဝန်ဆောင်မှုပေးရန်တို့အတွက် ကျွန်ုပ်တို့၏ ကိုယ်စား သို့မဟုတ် ကျွန်ုပ်တို့၏ညွှန်ကြားချက်များတိုင်း လုပ်ဆောင်ပေးသည့် Yoma Group အတွင်းနှင့် ပြင်ပရှိ ကန်ထရိုက်တာများ၊ အကြံပေးများ၊ အတိုင်ပင်ခံများအနေဖြင့် ကျွန်ုပ်တို့၏ မော်တော်ယာဉ်များ အတွင်းရှိ GPS အချက်အလက်များ၊ အပါအဝင် လူကြီးမင်း၏ကိုယ်ရေးကိုယ်တာ အချက်အလက် များကို ထုတ်ဖော်နိုင်ပါသည်။
အကယ်၍ လူကြီးမင်းသည် Yoma Car Share အဖွဲ့ဝင်ရန် လျှောက်ထားပါက လူကြီးမင်းဖြည့်သွင်းထားသော လူကြီးမင်း၏ မောင်းနှင်မှုမှတ်တမ်း သို့မဟုတ် အခြားသော ပုဂ္ဂိုလ်ရေးအချက်အလက်များကို ဥပဒေရေးရာအဖွဲ့အစည်းများ၊ သို့မဟုတ် မိမိတို့မှ တစ်ဆင့်ငှားရမ်းထားသည့် ဝန်ဆောင်မှုပေးသူများထံသို့ မျှဝေနိုင်ပါသည်။ ထို့အပြင် လူကြီးမင်းသည် အခြားပင်မအကောင့်တစ်ခုနှင့် ဆက်စပ်နေပါက (ဥပမာ၊ လူကြီးမင်းသည် တွဲဖက်အဖွဲ့ဝင် သို့မဟုတ် လုပ်ငန်းတစ်ခုနှင့် ဆက်စပ်နေပါက) ပင်မအကောင့် ကိုင်ဆောင်ထားသူ (လုပ်ငန်းတစ်ခုကဲ့သို့) သည် ယေဘုယျအားဖြင့် သတ်မှတ်ထားသော RESERVATION အသေးစိတ် များအပါအဝင် လူကြီးမင်း၏ အကောင့် သို့မဟုတ် ဝန်ဆောင်မှုများကို အသုံးပြုခြင်း ဆိုင်ရာ အချက်အလက်အချို့ကို ယေဘူယျအားဖြင့် ရရှိမည်ဖြစ်ပါသည်။
လုပ်ငန်းရည်ရွယ်ချက်များ ပြည့်မီအောင် ဆောင်ရွက်ရာတွင် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို Yoma Group မှပိုင်ဆိုင်သော သို့မဟုတ် ထိန်းချုပ်ထားသော အခြားကုမ္ပဏီများ၊ ဌာနတွင်းစီမံခန့်ခွဲမှုနှင့် စီမံခန့်ခွဲရေးဆိုင်ရာရည်ရွယ်ချက်များအပါအဝင် ကျွန်ုပ်တို့၏ တွဲဖက်ကုမ္ပဏီများနှင့် မျှဝေနိုင်ပါသည်။ အချက်အလက်ကို ထိန်းသိမ်းထားသည့် လုပ်ငန်းများနှင့် ကော်ပိုရိတ်ငွေပေးငွေယူ၊ ဆက်လက် ချိတ်ဆက်လုပ်ဆောင်ခြင်း သို့မဟုတ် ပြန်လည်ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ လူကြီးမင်း၏ပုဂ္ဂိုလ်ရေး အချက်အလက်များကို ကျွန်ုပ်တို့အနေဖြင့် ထုတ်ဖော်နိုင်ပါသည်။
လူကြီးမင်းဖြည့်သွင်းထားသည့် အချက်အလက်များကို ထိန်းသိမ်းရန်အတွက် လုပ်ငန်းဆိုင်ရာငွေလွှဲ ငွေထုတ်ခြင်း၊ လုပ်ငန်းများ စတင်ဆောင်ရွက်ခြင်းနှင့် ပြန်လည်ဖွဲ့စည်းခြင်းပြုလုပ်ရာတွင် အဆိုပါအချက်အလက်များကို မိမိတို့အနေဖြင့် ဖော်ထုတ်ပြသနိုင်ပါသည်။ Yoma Car Share ၏ ပိုင်ဆိုင်မှု သို့မဟုတ် ၎င်း၏လုပ်ငန်းများ ပေါင်းစည်းခြင်း၊ ဝယ်ယူခြင်း သို့မဟုတ် အခြားကုမ္ပဏီတစ်ခုသို့ လွှဲပြောင်းခြင်းတို့ကြောင့် အပြောင်းအလဲများ ဖြစ်ပေါ်ခဲ့လျှင် လူကြီးမင်း၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကိုပါ မျှဝေခြင်း သို့မဟုတ် လွှဲပြောင်းပေးခြင်းများ ရှိနိုင်ပါသည်။
Yoma Car Share သည် တရားရေးလုပ်ငန်းစဉ် (ဥပမာ၊ တရားရုံးအမိန့်၊ ရှာဖွေဝရမ်း သို့မဟုတ် တရားရုံးဆင့်ခေါ်စာ) သို့မဟုတ် တရားဥပဒေစိုးမိုးရေး သို့မဟုတ် စည်းမျဉ်းအာဏာပိုင်များထံမှ တောင်းဆိုလာလျှင် တည်နေရာ/GPS ဒေတာများအပါအဝင် လူကြီးမင်း၏ပုဂ္ဂိုလ်ရေး အချက်အလက်များကို ထုတ်ဖော်နိုင်ပါသည်။ SITESများ၊ Yoma Car Share ဝန်ဆောင်မှု သို့မဟုတ် ကျွန်ုပ်တို့၏မော်တော်ယာဉ်များသည် ကျွန်ုပ်တို့ သတ်မှတ်ထားသော မူဝါဒများချိုးဖောက်ခြင်း၊ တည်ဆဲဥပဒေ ချိုးဖောက်ခြင်း သို့မဟုတ် မှုခင်းကျူးလွန်မှုတွင် တစ်နည်းနည်းဖြင့် ပါဝင်ခြင်းများ ရှိသည်ဟု ကျွန်ုပ်တို့က ယူဆပါက လူကြီးမင်း၏ပုဂ္ဂိုလ်ရေးအချက်အလက်များကို ထုတ်ဖော်နိုင် ပါသည်။ ထို့အပြင် လူကြီးမင်း သို့မဟုတ် အခြားသူတစ်ဦး၏ လုံခြုံရေးကို ခြိမ်းခြောက်နိုင်သည့် အရေးပေါ်အခြေအနေတစ်ခု သို့မဟုတ် Yoma Car Share သို့မဟုတ် တတိယ အဖွဲ့အစည်းများ၏ အခွင့်အရေး သို့မဟုတ် ပိုင်ဆိုင်မှုကို ကာကွယ်ရန် လိုအပ်သည့်အခြေအနေမျိုးတွင်လည်း Yoma Car Share အနေဖြင့် လူကြီးမင်း၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို ထုတ်ဖော်နိုင်ပါသည်။
ကြော်ငြာခြင်းနှင့် စိတ်ကြိုက်ရွေးချယ်ခြင်း
စိတ်ကြိုက်ရွေးချယ်နိုင်သည့် ကမ်းလှမ်းမှုများ။ Yoma Car Share သည် လူကြီးမင်းအား စျေးကွက်ရှာဖွေရေး သို့မဟုတ် ကြော်ငြာဆက်သွယ်မှုများကို အီးမေးလ် သို့မဟုတ် အွန်လိုင်းမှတစ်ဆင့် ပေးပို့ခြင်းအပါအဝင် စျေးကွက်ရှာဖွေရေးနှင့် ကြော်ငြာခြင်းဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများကို အသိပေးရန်အတွက် လူကြီးမင်း စိတ်တိုင်းကျ၊ လူကြီးမင်းတစ်ဦးတည်းအတွက် အထူးသီးသန့် ပြုလုပ်ထားသော အကြောင်းအရာနှင့် အချက်အလက်များကို ပေးအပ်နိုင်ရန်အတွက် လူကြီးမင်း၏ ပုဂ္ဂိုလ်ရေးအချက်အလက် များကို အသုံးပြုမည်ဖြစ်ပါသည်။ လူကြီးမင်းထံသို့ ပရိုမိုးရှင်းအီးမေးလ်များ မပို့စေလိုပါက ထိုအီးမေးလ်များ၏ အောက်ခြေတွင် အီးမေးလ်ပေးပို့မှုများရပ်ဆိုင်းခြင်းကို ရွေးချယ်နိုင်ပါသည်။
Cookies များ။
Yoma Car Share သည် လူကြီးမင်း၏ ကွန်ပြူတာ သို့မဟုတ် မိုဘိုင်းကိရိယာရှိ Browsers များတွင် ထည့်သွင်းထားသော Cookies များ၊ Flash objects များနှင့် အခြားခြေရာခံနည်းပညာများကို အသုံးပြုပြီး Yoma Car Share Sites တွင် လူကြီးမင်း၏ ဝင်ရောက်မှုကို အတည်ပြုရန်နှင့် ပိုမိုကောင်းမွန်သော သုံးစွဲမှုအတွေ့အကြုံများ ရရှိစေရန်အတွက် အသုံးပြုနိုင်သည်။ ကျွန်ုပ်တို့သည် Section ID Cookies များနှင့် ဆက်တိုက်တည်ရှိနေသော Cookies နှစ်ခုလုံးကို အသုံးပြုပါသည်။
ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏တတိယပါတီဖြစ်သော တစ်ဆင့်ခံ မိတ်ဖက် အဖွဲ့အစည်းများသည် Cookies များနှင့် ခြေရာခံခြင်းနည်းပညာများမှတစ်ဆင့် စုဆောင်းရရှိထားသော အောက်ပါ အချက်အလက်ကို အသုံးပြုမည်ဖြစ်ပါသည်-
- မိမိတို့ SITESအတွင်းသို့ ဝင်ရောက်ခြင်း သို့မဟုတ် မိမိတို့၏ ဝန်ဆောင်မှုများကို နောက်တစ်ကြိမ် အသုံးပြုသည့်အခါတွင် ပထမအကြိမ် ဖြည့်သွင်းထားသော အချက်အလက်များကို ထပ်မံ၍ ပြန်လည်ဖြည့်သွင်းရန် မလိုအပ်စေရအောင် အချက်အလက်များကို မှတ်သားထားခြင်း၊
- ကျွန်ုပ်တို့ဝန်ဆောင်မှုများ၏ ထိရောက်မှုကို အထောက်အပံ့ဖြစ်စေရန် စောင့်ကြည့်စစ်ဆေးခြင်း၊
- ကျွန်ုပ်တို့၏ဝန်ဆောင်မှု Platform များပေါ်တွင် လာရောက်လည်ပတ်သူ စုစုပေါင်း အရေအတွက်၊ ယာဉ်အသွားအလာ၊ အသုံးပြုမှုနှင့် လူဦးရေစာရင်းပုံစံများ ကဲ့သို့သော စုစည်းတိုင်းတာမှုများကို စောင့်ကြည့်စစ်ဆေးခြင်း၊
- နည်းပညာဆိုင်ရာ ပြဿနာများကို ရှာဖွေဖော်ထုတ်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း၊
- လိမ်လည်မှု သို့မဟုတ် အလွဲသုံးစားမှုများအား ရှာဖွေပြီး တားဆီးခြင်း သို့မဟုတ်
- ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို အဆင့်မြှင့်တင်ရန်ပြင်ဆင်ခြင်း သို့မဟုတ် အဆင့်မြှင့်တင်ခြင်း။
အကယ်၍ လူကြီးမင်းသည် Cookies များကို လက်မခံလိုပါကလည်း Browsers အများစုတွင် တားမြစ်နိုင်ပါသည်။
(i) Cookie တစ်ခုလက်ခံရရှိသောအခါတွင် လက်ခံမည်/ လက်မခံပါ ဆုံးဖြတ်ရန်အတွက် လူကြီးမင်းအား ကြိုတင် အသိပေးနိုင်ရန် Browser Setting များကို ရွေးချယ်သတ်မှတ်နိုင်ပါသည်။
(ii) ရှိပြီးသား Cookie များကို ပိတ်ခြင်း သို့မဟုတ်
(iii) Cookies များကို အလိုအလျောက်ငြင်းပယ်ခြင်းတို့ကိုလည်း Browser Setting အတွင်း ရွေးချယ်သတ်မှတ်နိုင်ပါသည်။
လူကြီးမင်း၏ ကွန်ပြူတာရှိ Macromedia Flash Application မှတစ်ဆင့် Flash cookies များကို ထိန်းချုပ်ခြင်း၊ ကြည့်ရှုခြင်း၊ ပြင်ဆင်ခြင်း၊ ပယ်ဖျက်ခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။ သို့သော် Browsers သို့မဟုတ် flash cookies များအားလုံးကို ငြင်းပယ်ပါက ကျွန်ုပ်တို့ Sites ၏ အချို့သောနေရာများသည် ကောင်းမွန်စွာ သို့မဟုတ် လုံးဝ အလုပ်လုပ်ဆောင်နိုင်မည်မဟုတ်ပါ။ လူကြီးမင်း၏ Device နှင့် လည်ပတ်မှုစနစ် (Operating System) အပေါ် မူတည်၍ ခြေရာခံနည်းပညာများ အားလုံးကို ဖျက်ခြင်း သို့မဟုတ် ပိတ်ဆို့ခြင်းတို့ ဆောင်ရွက်နိုင်မည် မဟုတ်ပါ။ ကျွန်ုပ်တို့ ပေးပို့သော အီးမေးလ်များကို ဝင်ရောက်ဖတ်ရှုသည့်အခါတွင် အီးမေလ်းတွင် အတူပေးပို့ထားသည့် ဓါတ်ပုံများကို အလိုလျောက် ဒေါင်းလုဒ်ပြုလုပ်ခြင်း မဖြစ်ပေါ်စေရန်အတွက် လူကြီးမင်းအနေဖြင့် Setting အတွင်း ရွေးချယ်သတ်မှတ်နိုင်ပါသည်။
အွန်လိုင်းကြော်ငြာနှင့် ပြင်ပကုမ္ပဏီကြော်ငြာကွန်ရက်များ။
Yoma Car Share သည် လူကြီးမင်း၏ ရှာဖွေကြည့်ရှုမှုမှတ်တမ်းအပေါ်တွင် အခြေခံ၍ လူကြီးမင်း သိရှိလိုသော ကြော်ငြာများကို ဝန်ဆောင်မှုပေးရန်အတွက် ပြင်ပကုမ္ပဏီ ကြော်ငြာကွန်ရက်ကို ချိတ်ဆက် အသုံးပြုထားပါသည်။
ဤဝန်ဆောင်မှုပေးသူများသည် ကျွန်ုပ်တို့၏ SITES များတွင် လူကြီးမင်း အသုံးပြုမှုနှင့် ပတ်သက်သော အချက်အလက်များ စုဆောင်းရန်အတွက် Cookies များ သို့မဟုတ် အလားတူခြေရာခံ နည်းပညာများကို အသုံးပြုမည်ဖြစ်ပါသည်။ ထို့အပြင် ကျွန်ုပ်တို့၏ မိုဘိုင်းAPPLICATIONများ အပါအဝင် အခြားသော ကျွန်ုပ်တို့၏ ဝင်ဆောင်မှု Platform များ၊ အခြား SITESများ၊ APPLICATIONများ သို့မဟုတ် လူကြီးမင်းအသုံးပြုနိုင်သော ဝန်ဆောင်မှုများနှင့် အသုံးပြုနိုင်သည့် အခြား Device များတွင် သုံးစွဲမှု အချိန်ကြာလာသည်နှင့်အမျှ ကြော်ငြာများပြသနိုင်စေရန်တို့အတွက် အသုံးပြုမည်ဖြစ်ပါသည်။
ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ပြင်ပကြော်ငြာကုမ္ပဏီဖြစ်သော မိတ်ဖက်အဖွဲ့အစည်းများနှင့် ဘုံအကောင့် သတ်မှတ်စနစ်မှတစ်ဆင့် Device တစ်ခုနှင့်တစ်ခုအကြား လူကြီးမင်း၏ ဝင်ရောက်မှုကို အတည်ပြုနိုင်ရန်အတွက် အချက်အလက်များ မျှဝေနိုင်ပါသည်။ ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ ပြင်ပမိတ်ဖက်အဖွဲ့အစည်းများသည် အွန်လိုင်းတွင် လူကြီးမင်း တွေ့မြင်ရသော ကြော်ငြာများကို လူကြီးမင်း၏ စိတ်ဝင်စားမှုများနှင့် ကိုက်ညီမှုရှိစေရန် သတင်းပို့ခြင်း၊ ထည့်သွင်းတွက်ချက်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနှင့် စျေးကွက်ရှာဖွေခြင်းကဲ့သို့သော ကြော်ငြာဆိုင်ရာ ဝန်ဆောင်မှုများပေးဆောင်ရန်အတွက် ဤအချက်အလက်များကိုအသုံးပြုမည်ဖြစ်ပါသည်။
အကြောင်းအရာနှင့် ကြော်ငြာကွန်ရက်ပံ့ပိုးပေးသူများမှ Cookies များ၊ web beacons များ သို့မဟုတ် အလားတူနည်းပညာများကို အသုံးပြုခြင်းသည် ကျွန်ုပ်တို့၏ မူဝါဒများမဟုတ်ဘဲ ၎င်းတို့၏ မူဝါဒများနှင့်သာ သက်ဆိုင်ပါသည်။
NAI နှင့် DAA ၏ အွန်လိုင်းရင်းမြစ်များမှတစ်ဆင့် ကြော်ငြာများလက်ခံရယူခြင်းကို ရပ်ဆိုင်းခြင်း သည် သုံးစွဲသူတစ်ဦးအား အဆိုပါ Browser သို့မဟုတ် Device တွင် အကျိုးစီးပွားအခြေခံသော ကြော်ငြာများလက်ခံရရှိခြင်းကိုသာ ပိတ်ထားလိုက်ခြင်းဖြစ်ပြီး အခြားသော Device များတွင် စိတ်ဝင်စားမှုအခြေခံသော ကြော်ငြာများကို လက်ခံရရှိဆဲဖြစ်ကြောင်း ကျေးဇူးပြု၍ သတိပြုပါ။ လူကြီးမင်း အသုံးပြုသည့် Browsers သို့မဟုတ် Device တစ်ခုချင်းစီတွ်ပါ ပိတ်ထားရမည် ဖြစ်ပါသည်။
ဤသို့ ဆောင်ရွက်ခြင်းသည် cookie-based မဟုတ်သော အွန်လိုင်းကြော်ငြာအပေါ် သက်ရောက်မှုရှိမည်မဟုတ်ပါ။ လူကြီးမင်း၏ Browser သည် cookies များကိုလက်ခံရန် သတ်မှတ်ထားခြင်းမရှိပါက ထိုကဲ့သို့ ပိတ်ထားခြင်းသည်လည်း ထိရောက်မည်မဟုတ်ပါ။ cookies များကို ဖျက်သိမ်းခြင်း၊ Browser Setting များကို ပြောင်းလဲခြင်း၊ Browers များ သို့မဟုတ် အသုံးပြုသော ကွန်ပြူတာကို ပြောင်းလဲခြင်း သို့မဟုတ် အခြားသော လည်ပတ်မှုစနစ် (Operating System) များကို အသုံးပြုခြင်းတို့ ဆောင်ရွက်ပါက လူကြီးမင်းအနေဖြင့် ထပ်မံ၍ ပိတ်ဆို့မှုများ ပြုလုပ်ရန် လိုအပ်နိုင်ပါသည်။
"ကန့်သတ်ကြော်ငြာခြေရာခံခြင်း" (iOS) သို့မဟုတ် "စိတ်ပါဝင်စားမှုအခြေခံ ကြော်ငြာများကို ပိတ်ခြင်း" (Android) တို့ကိုရွေးချယ်ခြင်းဖြင့် လူကြီးမင်း၏ မိုဘိုင်းကိရိယာရှိ Setting များမှတစ်ဆင့် မိုဘိုင်းလ်စိတ်ဝင်စားမှုအခြေခံသော ကြော်ငြာများကို ကန့်သတ်နိုင်မည်ဖြစ်သည်။ http://youradchoices.com/appchoices သို့ဝင်ရောက်ပြီး မိုဘိုင်း AppChoices APPLICATION ကို ဒေါင်းလုဒ်လုပ်ခြင်းဖြင့်လည်း မိုဘိုင်းလ်ကြော်ငြာကွန်ရက်များမှ ဝန်ဆောင်မှုပေးသော စိတ်ဝင်စားမှု အခြေခံသည့် ကြော်ငြာပေါ်လာခြင်းကို ပိတ်ထားနိုင်မည်ဖြစ်သည်။
လူကြီးမင်း၏ မိုဘိုင်းဖုန်းတွင် တည်နေရာပြသော Setting များကို ချိန်ညှိခြင်းဖြင့် ကြော်ငြာများ ပေါ်လာခြင်းအတွက် တည်နေရာဒေတာအသုံးပြုမှုကို ကန့်သတ်ထားနိုင်ပါသည်။ ပြင်ပကုမ္ပဏီ များ၏ ရွေးချယ်မှုများ သို့မဟုတ် ပရိုဂရမ်များ သို့မဟုတ် ၎င်းတို့၏ ပရိုဂရမ်များနှင့် ပတ်သက်သည့် ၎င်းတို့၏ ထုတ်ပြန်ချက်များ တိကျမှုရှိ/မရှိ နှင့် စပ်လျဉ်း၍ ကျွန်ုပ်တို့တွင် တာဝန်မရှိပါ။
စိတ်ဝင်စားမှုကို အခြေခံသော ကြော်ငြာများကို လက်ခံရယူခြင်းအား ပိတ်သည့်အခါ လူကြီးမင်း သည် ကျွန်ုပ်တို့ထံမှ ကြော်ငြာများ သို့မဟုတ် ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို တွေ့ရတော့မည် မဟုတ်ဟု ဆိုလိုခြင်းမဟုတ်ပါ။ ထို့အပြင် ခွဲခြမ်းစိတ်ဖြာမှုများနှင့် တရားမဝင် လိမ်လည်မှုတားဆီး ကာကွယ်ရန်၊ အခြားသောကြော်ငြာမဟုတ်သည့် ရည်ရွယ်ချက်များဆောင်ရွက်ရန်အတွက် လိုအပ်သော အချက်အလက်များ စုဆောင်းရန်အလို့ငှာ ပြင်ပအဖွဲ့အစည်းများအနေဖြင့် Cookies များကို ဆက်လက်အသုံးပြုနိုင်ပါသည်။
Google Analytics နှင့် ကြော်ငြာခြင်း။ လူကြီးမင်း၏ Browser သို့မဟုတ် မိုဘိုင်းဖုန်းပေါ်ရှိ ကျွန်ုပ်တို့၏ SITESများ သို့မဟုတ် ဝန်ဆောင်မှုများကို လူကြီးမင်း၏ အကောင့်ဖြင့် သွားရောက်ကြည့်ရှုသည့်အခါတွင် အချက်အလက်များကို မှတ်မိရန်နှင့် ချိတ်ဆက်ရန်အတွက် ကျွန်ုပ်တို့အနေဖြင့် Google Analytics ကို အသုံးပြုပါသည်။
ဝန်ဆောင်မှုကို လွယ်ကူချောမွေ့စေရန် သုံးစွဲသူ၏ ID သို့မဟုတ် hashed email address ကဲ့သို့ ထူးခြားသော identifier ကို Google နှင့် မျှဝေပါသည်။ အသုံးပြုသူများအနေဖြင့် ကျွန်ုပ်တို့၏ဝန်ဆောင်မှုအပေါ် တုံ့ပြန်ပုံများ၊ ကျွန်ုပ်တို့၏ကြော်ငြာများနှင့် အကြောင်းအရာများကို လူကြီးမင်း၏ လိုလားချက်နှင့် အံဝင်ခွင်ကျဖြစ်စေရန် Google Analytics က ကူညီပံ့ပိုးပေးပါသည်။
ကျွန်ုပ်တို့အနေဖြင့် Google Analytics အသုံးပြုခြင်းမှတစ်ဆင့် ပြန်လည်စျေးကွက်ချဲ့ထွင်ခြင်း၊ Google Display Network Impression Reporting၊ DoubleClick Campaign Manager ပေါင်းစပ်ခြင်းနှင့် Google Analytics လူဦးရေနှင့် စိတ်ဝင်စားမှုအစီရင်ခံခြင်းကဲ့သို့သော အချို့သော ပြသ ကြော်ငြာပုံစံများနှင့် အခြားအဆင့်မြင့်အင်္ဂါရပ်များကို အသုံးပြုနိုင်ပါသည်။
ဤအင်္ဂါရပ်များသည် Site အတွင်း လူကြီးမင်း၏ ယခင်လာရောက်လည်ပတ်မှု အပေါ်တွင် မူတည်၍ ကြော်ငြာများထည့်သွင်းနိုင်ရန်အတွက် အသိပေးခြင်း၊ အကောင်းဆုံးဖြစ်အောင် ပြင်ဆင်းခြင်း၊ ဖော်ပြခြင်းများပြုလုပ်နိုင်ရန်အတွက် ကျွန်ုပ်တို့အနေဖြင့် ပထမပါတီ Cookiesများ (Google Analytics Cookies ကဲ့သို့သော) နှင့် တတိယပါတီ Cookies များ(ဥပမာ DoubleClick ကြော်ငြာ Cookies များကဲ့သို့) နှင့် နောက်ထပ် တတိယပါတီ၏ Cookies များ ကို အသုံးပြုနိုင်အောင် ပံ့ပိုးပေးပါသည်။ Google Analytics Browser Ad-On အပါအဝင် Google Analytics ၏ လက်ရှိရရှိနိုင်သော ရွေးချယ်မှုများအကြောင်းကို ဤနေရာတွင် လေ့လာနိုင်ပါသည်။ www.google.com/policies/privacy/partners/, https://google.com/ads/preferences ရှိ Google Ads Preferences Manager သို့သွား ရောက်ခြင်းဖြင့် လူကြီးမင်း၏ကြော်ငြာဦးစားပေးမှုများကို ထိန်းချုပ်နိုင်သည် သို့မဟုတ် အချို့သော Google ကြော်ငြာထုတ်ကုန်များကို ပေါ်မလာအောင် ပိတ်ထားနိုင်မည်ဖြစ်ပါသည်။
လူမှုကွန်ရက်တွင် ကြေငြာခြင်း။
စိတ်ဝင်စားမှုအခြေခံသော ကြော်ငြာများကို ကြော်ငြာရန် (သို့မဟုတ် အချို့သော ကြော်ငြာများကို လူကြီးမင်းထံတွင် ပေါ်မလာရန်) နှင့် အသုံးပြုသူများ မည်ကဲ့သို့ တုံ့ပြန်ကြောင်းကို တိုင်းတာရန်အတွက် Facebook၊ Twitter နှင့် အခြားသော လူမှုကွန်ရက် SITESများမှ ပေးဆောင်သော ကြော်ငြာပလပ်ဖောင်းများကိုလည်း အသုံးပြုနိုင်ပါသည်။ ဤရည်ရွယ်ချက်အတွက် ဝဘ်ခြေရာခံကိရိယာများကို အသုံးပြု၍ သို့မဟုတ် အချို့သောအချက်အလက်များ ( hashed email lists ကဲ့သို့သော) ကို ဤပလပ်ဖောင်းများနှင့် မျှဝေခြင်းဖြင့် လုပ်ဆောင်နိုင်ပါသည်။
ဤကြော်ငြာများကို သက်ဆိုင်ရာ လူမှုမီဒီယာကုမ္ပဏီများ၏ ပုဂ္ဂိုလ်ရေးအချက်အလက်ဆိုင်ရာ မူဝါဒများအရ စီမံဆောင်ရွက်လေ့ရှိပါသည်။ လူကြီးမင်းအနေဖြင့် လူမှုကွန်ရက်များပေါ်တွင် ကြော်ငြာများတက်လာခြင်းကို လက်မခံလိုပါက ထိုလူမှုကွန်ရက်များပေါ်ရှိ လူကြီးမင်း၏ Setting များမှတစ်ဆင့် ကြော်ငြာဦးစားပေးမှုများကို ချိန်ညှိနိုင်ပါသည်။ အောက်ပါလင့်ခ်များကိုနှိပ်ခြင်းဖြင့် ကြော်ငြာဦးစားပေးမှုများအကြောင်း ပိုမိုလေ့လာနိုင်ပါသည်။ https://www.facebook.com/about/privacy/.
ကျွန်ုပ်တို့အနေဖြင့် လူကြီးမင်း အသုံးပြုသည့် အခြားသော ဆိုရှယ်မီဒီယာ SITES များအတွက် အလားတူ ကြော်ငြာပရိုဂရမ်များကိုလည်း အသုံးပြုနိုင်ပါသည်။ ဤလင့်ခ်များကို လူကြီးမင်း အဆင်ပြေစေရန်အတွက်သာ ပံ့ပိုးပေးထားကြောင်း ကျေးဇူးပြုပါ။ ဤတတိယပါတီဝန်ဆောင်မှုများတွင် ရရှိနိုင်သည့် အကြောင်းအရာ သို့မဟုတ် အင်္ဂါရပ်များကို ကျွန်ုပ်တို့အနေဖြင့် ထိန်းချုပ်ထားခြင်း မရှိပါ။
လူမှုကွန်ရက်တွင် မျှဝေခြင်းနှင့် လင့်ခ်များ။ ကျွန်ုပ်တို့၏ Web SITES တွင် Facebook Like ခလုတ်နှင့် မျှဝေခြင်းခလုပ် (Share) တို့ကဲ့သို့သော လူမှုမီဒီယာအင်္ဂါရပ်များ ပါဝင်သည်။ ဤအင်္ဂါရပ်များသည် လူကြီးမင်း၏ IP လိပ်စာနှင့် ကျွန်ုပ်တို့၏ SITES များပေါ်တွင် သွားရောက်လည်ပတ်နေသည့် မည်သည့်စာမျက်နှာကိုမဆို သိရှိနိုင်ပြီး အင်္ဂါရပ်ကို ကောင်းမွန်စွာလုပ်ဆောင်နိုင်စေရန်အတွက် Cookies တစ်ခု သတ်မှတ်နိုင်ပါသည်။ ဆိုရှယ် မီဒီယာအင်္ဂါရပ်များနှင့် widget များကို ပြင်ပအဖွဲ့အစည်းမှ လက်ခံဆောင်ရွက်ပေးခြင်းမျိုး ရှိနိုင်သလို ကျွန်ုပ်တို့၏ Sites များပေါ်တွင် တိုက်ရိုက်လက်ခံဆောင်ရွက်ခြင်းမျိုးလည်း ဖြစ်နိုင်ပါသည်။ ဤအင်္ဂါရပ်များနှင့် အသုံးပြုနေစဉ်အတွင်း လူကြီးမင်း၏ တုံ့ပြန်ဆောင်ရွက်မှု များကို သက်ဆိုင်ရာ ဝန်ဆောင်မှုပေးသည့် ကုမ္ပဏီ၏ ကိုယ်ရေးအချက်အလက်ဆိုင်ရာ မူဝါဒအတိုင်း ဆောင်ရွက်မည်ဖြစ်ပါသည်။
ခြေရာခံခြင်းမရှိစေရန်။
ကျွန်ုပ်တို့၏ဝက်ဆိုဒ်များသည် လူကြီးမင်း၏ ခြေရာခံခြင်းမပြုရန် အသိပေးချက် Do Not Track signals များကို မည်သို့တုံ့ပြန်မည်ဖြစ်ကြောင်းကိုလည်း အသိပေး သွားမည်ဖြစ်ပါသည်။ အချို့ Browser များသည် ဝင်ရောက်ကြည့်ရှုရာတွင် "မခြေရာခံရန်" ရွေးချယ်နိုင်ပါသည်။ Yoma Car Share မှလုပ်ဆောင်သော SITESများသည် အဆိုပါ အချက်ပြမှုများကို လောလောဆယ်တုံ့ပြန်နိုင်ခြင်းမရှိပါ။ Cookies များကို ပိတ်ခြင်း သို့မဟုတ် ငြင်းပယ်ခြင်းတို့ပြုလုပ်ထားသော်လည်း ဤနေရာတွင် ဖော်ပြထားသော ခြေရာခံခြင်းအားလုံး ရပ်တန့်နိုင်မည်မဟုတ်ပါ။
တတိယပါတီ၏ ဝန်ဆောင်မှုများနှင့်ချိတ်ဆက်ခြင်း
ကျွန်ုပ်တို့၏ Sites များတွင် Yoma Car Share ၏ ပုဂ္ဂိုလ်ရေးအချက်အလက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် မတူညီသော ပုဂ္ဂိုလ်ရေးအချက်အလက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ကျင့်သုံးဆောင်ရွက်သည့် အခြား Web SITES များ သို့မဟုတ် မိုဘိုင်း APPLICATION များ၏ လင့်ခ်များပါဝင်နိုင်သည်။ ပြင်ပကုမ္ပဏီ Web SITES များနှင့် အွန်လိုင်းဝန်ဆောင်မှုများ သို့မဟုတ် အခြားတတိယပါတီများ၏ ပုဂ္ဂိုလ်ရေးအချက်အလက်ဆိုင်ရာ ကျင့်ထုံးများအတွက် ကျွန်ုပ်တို့တွင် တာဝန်မရှိပါ။ လူကြီးမင်းအနေဖြင့် ဝင်ရောက်ကြည့်ရှုသည့် Web SITES သို့မဟုတ် လူကြီးမင်းအသုံးပြုသည့် မိုဘိုင်း APPLICATION ၏ ပုဂ္ဂိုလ်ရေးအချက်အလက်ဆိုင်ရာ မူဝါဒကို ဂရုတစိုက်ဖတ်ရှုရန် ကျွန်ုပ်တို့ တိုက်တွန်းအပ်ပါသည်။
ကိုယ်ရေးကိုယ်တာအချက်အလက်ကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ခြင်း။
Yoma Car Share သည် လူကြီးမင်း၏အချက်အလက်များအား ကျိုးကြောင်းဆီလျော်ပြီး လက်တွေ့ကျသော ဝင်ရောက်ခွင့်ကို ပေးဆောင်ရန် ကတိပြုပါသည်။ လူကြီးမင်းက တောင်းဆို လာလျှင် Yoma Car Share သည် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို လက်ဝယ် ကိုင်ဆောင်ထားခြင်းရှိ/ မရှိနှင့်ပတ်သက်၍ လူကြီးမင်းအား အသိပေး ပေးနိုင်ပါသည်။
အကယ်၍ လူကြီးမင်းသည် Yoma Car Share ၏အဖွဲ့ဝင်ဖြစ်ပါက "ကျွန်ုပ်၏အကောင့်" အောက်ရှိ "အကောင့်ဆက်တင်များ" ကိုနှိပ်ပြီး "ကျွန်ုပ်၏အကောင့်" "ကျွန်ုပ်၏RESERVATIONများ" နှင့် "ကျွန်ုပ်၏ထုတ်ပြန်ချက်" တို့ကို နှိပ်ခြင်းဖြင့် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပြန်လည် သုံးသပ်ပြီး ပြုပြင်/အပ်ဒိတ်လုပ်နိုင်ပါသည်။ စာမျက်နှာများ။ Yoma Car Share မှ ထိန်းသိမ်းထားသော အခြားသော ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များကို ဝင်ရောက်၍ ဖျက်ခြင်း နှင့်/သို့မဟုတ် ပြင်ဆင်ခြင်းတို့ ပြုလုပ်လိုပါက ကျေးဇူးပြု၍ အောက်ပါနည်းလမ်းများဖြင့် ကျွန်ုပ်တို့ထံသို့ ဆက်သွယ်နိုင်ပြီး လူကြီးမင်း၏တောင်းဆိုမှုကို ရက်ပေါင်း ၃၀ အတွင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
အကယ်၍ မှားယွင်းမှုတစ်စုံတစ်ရာကို အသိပေးလာပါက ကျွန်ုပ်တို့သည် လုပ်ငန်းပိုင်းအရ လက်တွေ့လုပ်ဆောင်နိုင်သောအခြေအနေတွင် သင့်လျော်သော ပြင်ဆင်မှုများကို ပြုလုပ်နိုင် ပါသည်။ တည်ဆဲဥပဒေများအရ လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ၏ မိတ္တူကို ကျွန်ုပ်တို့အနေဖြင့် တောင်းဆိုခွင့်ရှိပြီး မှားယွင်းမှုများရှိပါက ပြန်လည်ပြင်ဆင်ခွင့် တောင်းခံ နိုင်ပါသည်။ (ထိုကဲ့သို့သော အချက်အလက်တောင်းဆိုမှုများအတွက် ကျိုးကြောင်းဆီလျော်သော အခကြေးငွေကို ကျွန်ုပ်တို့ကောက်ခံနိုင်ပြီး လူကြီးမင်းအနေဖြင့် အထောက်အထား မှန်ကန်ကြောင်းကို သက်သေပြရန် လိုအပ်သည်)။
လူကြီးမင်း၏ အကောင့်ကို ဖျက်သိမ်းလိုပါက ကျွန်ုပ်တို့ထံသို့ ဆက်သွယ်နိုင်ပါသည်။ လူကြီးမင်း၏ အကောင့် အသက်ဝင်နေသရွေ့ ယေဘူယျအားဖြင့် ကျွန်ုပ်တို့သည် အချက်အလက်များကို အနည်းဆုံး သိမ်းဆည်းထားမည်ဖြစ်သည်။ သို့သော်လည်း ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ တရားဝင် တာဝန်များကို လိုက်နာရန်၊ အငြင်းပွားမှုများကို ဖြေရှင်းရန်၊ ကျွန်ုပ်တို့၏သဘောတူညီချက်များကို လိုက်နာဆောင်ရွက်ရန် သို့မဟုတ် ကျွန်ုပ်တို့၏စနစ်များ၏ အရန်ထားရှိမှု သို့မဟုတ် မှတ်တမ်းများကို ထိန်းသိမ်းထားရန်အတွက် အချက်အလက်များကို အချိန်ပိုကြာအောင် ထိန်းသိမ်းထား နိုင်သည်။
သို့ရာတွင် လူကြီးမင်း၏ အရောင်းအ၀ယ်မှတ်တမ်းများအပါအဝင် အခြားသော အချက်အလက်များကို လူကြီးမင်းအတွက် ကျွန်ုပ်တို့က သိမ်းဆည်းထားခြင်းမဟုတ်ကြောင်း သတိပြုပါ။ လူကြီးမင်းအနေဖြင့် Yoma Car Share နှင့် ဆောင်ရွက်သည့် ငွေလွှဲ၊ ငွေပို့ ကိစ္စများနှင့် ပတ်သက်၍ လိုအပ်သော မှတ်တမ်းများကို ကိုယ်တိုင်သိမ်းဆည်းထားရမည်ဖြစ်ပါသည်။
ကိုယ်ရေးကိုယ်တာအချက်အလက်များကို ကာကွယ်ရန် ဆောင်ရွက်ချက်များ
Yoma Car Share သည် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာအချက်အလက်များ၏ ခိုင်မာမှုနှင့် လုံခြုံရေးကိုကာကွယ်ရန် အကာအကွယ်များနှင့် လုံခြုံရေးအလေ့အကျင့်များကို ထည့်သွင်း ထားပါသည်။ သို့သော် ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ စနစ်များ၏ လုံခြုံရေးကို အချိန်ပြည့် အာမခံချက်မပေးနိုင်ပါ။ ခိုင်မာသော စကားဝှက်ကို ရွေးချယ်ရန်၊ ကာကွယ်ရန်နှင့် စကားဝှက်ကို အခြားသူများသို့ မည်သည့်အခါတွင်မျှ ထုတ်ဖော်ပြောကြားခြင်းမပြုရန် လူကြီးမင်းတွင် တာဝန်ရှိပါသည်။ အကယ်၍ လူကြီးမင်းသည် ကျွန်ုပ်တို့အား ဖုန်းဖြင့် ဆက်သွယ်ပြီး အကောင့် ဝင်ရောက်ခွင့် တောင်းဆိုလာပါက လိုအပ်သော အချက်အလက်ဆိုင်ရာ စုံစမ်းမေးမြန်းပြီး ကျွန်ုပ်တို့က အတည်ပြုပြီးမှသာ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပါသည်။
ပုဂ္ဂိုလ်ရေးအချက်အလက်ဆိုင်ရာသတိပေးချက်
ကျွန်ုပ်တို့သည် ဤကိုယ်ရေးကိုယ်တာသတိပေးချက်ကို အခါအားလျော်စွာ ပြောင်းလဲနိုင်သော ကြောင့် မကြာခဏ ပြန်လည်ဖတ်ရှုရန် အကြံပြုလိုပါသည်။ ကျွန်ုပ်တို့၏ Web Site သို့မဟုတ် အခြားနည်းလမ်းများမှတစ်ဆင့် ဤပုဂ္ဂိုလ်ရေးအချက်အလက်ဆိုင်ရာ သတိပေးချက်အတွက် အပြောင်းအလဲများရှိလာပါက လူကြီးမင်းကို အသိပေးမည်ဖြစ်ပြီး ပြင်ဆင်ထားသော စည်းကမ်း ချက်များအားလုံးသည်လည်း ပြင်ဆင်သည့်နေ့မှစ၍ အလိုအလျောက် အသက်ဝင်မည် ဖြစ်ပါသည်။ ဤပုဂ္ဂိုလ်ရေးအချက်အလက်ဆိုင်ရာသတိပေးချက်ကို ကျွန်ုပ်တို့ အနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သည့်အခါ ပုဂ္ဂိုလ်ရေးအချက်အလက်ဆိုင်ရာသတိပေးချက်၏ အစတွင် "နောက်ဆုံးမွမ်းမံထားသော" ရက်စွဲကို ပြောင်းလဲဖော်ပြထားမည်ဖြစ်ပါသည်။ Yoma Car Share ဝန်ဆောင်မှုကို ဆက်လက်အသုံးပြုခြင်းသည် Yoma Car Share က ပြန်လည်ပြင်ဆင်ထား သော ပုဂ္ဂိုလ်ရေးအချက်အလက်ဆိုင်ရာသတိပေးချက်များကို လူကြီးမင်းက လက်ခံလိုက်ခြင်း ဖြစ်သည်ဟု ကျွန်ုပ်တို့က မှတ်ယူလိုက်မည်ဖြစ်ပါသည်။
ဆက်သွယ်ရန်
ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေးအချက်အလက်များ ကိုင်တွယ်ဖြေရှင်းပုံနှင့်ပတ်သက်၍ မေးမြန်းလိုပါက aung@yomafleet.com သို့ ၂၄ နာရီ ၇ ရက် တစ်နှစ်ပတ်လုံး ကျွန်ုပ်တို့ထံသို့ အီးမေးလ်ရေးသားပေးပို့နိုင်သလို 09YOMAFLEET (09966235338) သို့ လည်း ခေါ်ဆိုနိုင်ပါသည်။
Comments
0 comments
Please sign in to leave a comment.