ပြီးပြည့်စုံတဲ့ အကောင့်တစ်ခု ဖန်တီးဖို့အတွက် အဆင့် ၂ဆင့်ပဲ လိုအပ်ပါတယ်။
အဆင့်(၁)
ပထမဦးဆုံးအဆင့်အနေဖြင့် မည်သည့်ဖုန်းနံပါတ်ဖြင့်မဆို ကြိုတင်စာရင်းပေးသွင်းခြင်းကို အဆင့် (၁)ဟု သတ်မှတ်ပါသည်။ အဆင့် (၁) အသုံးပြုခွင့်ရရှိရုံဖြင့် အက်ပလီကေးရှင်းအတွင်း ဝင်ရောက်ကြည့်ရှုခြင်းနှင့် ဘဏ္ဍာရေးစီမံခန့်ခွဲခြင်းတို့ကို လေ့လာကြည့်ရှုနိုင်သော်လည်း၊ ဝန်ဆောင်မှုများ အားလျှောက်ထားခြင်းကို ပြုလုပ်နိုင်မည်မဟုတ်ပါ။
အဆင့်(၂)
အဆင့် (၂) သို့ အဆင့်မြှင့်တင်ရန်အတွက် သင်၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) အမှတ်၊ မွေးသက္ကရာဇ် နှင့် မှတ်ပုံတင်နှင့်တကွ ရိုက်ကူးထားသော ကိုယ်တိုင်ရိုက်ဓာတ်ပုံ (ID Selfie) ကဲ့သို့သော အထွေထွေအချက်အလက်များကို ပေးအပ်ရန် လိုအပ်ပါသည်။ ထို့အပြင် အတည်ပြုပြီးသား Wave Level 2 အကောင့်တစ်ခု ရှိရန်လည်း မဖြစ်မနေ လိုအပ်ပါသည်။ ပေးပို့လာသော အချက်အလက်အားလုံးကို Better မှ စစ်ဆေးအတည်ပြုပြီးပါက သင်သည် အဆင့် (၂) ဖြင့် မှတ်ပုံတင်ထားသော ဖုန်းနံပါတ်ကို အသုံးပြု၍ အကောင်ထဲသို့ ဝင်ရောက်နိုင်မည် ဖြစ်သည်။
အကယ်၍ သင်သည် အဆင့် (၁) တွင်သာ ရှိနေသေးပါက အကောင့်သို့ ဝင်ရောက်ရန်အတွက် မိမိ၏ အဆင့် (၁) ဖုန်းနံပါတ်ကိုသာ ဆက်လက်အသုံးပြုနိုင်ပါသည်။
Comments
0 comments
Please sign in to leave a comment.