ဘယ်လိုရှာဖွေပြီး စိစစ်ရွေးချယ်မလဲ။
Retail (ယခုဝယ်နောက်မှပေးချေ) ဝန်ဆောင်မှုအတွက် ရရှိနိုင်သော ပစ္စည်းများအားလုံးကို Retailဝန်ဆောင်မှုမှတစ်ဆင့် ရရှိနိုင်မည့် ပစ္စည်းအမျိုးအမည်အားလုံးကို အသေးစိတ် ကြည့်ရှုနိုင်ပါသည်။ မိမိတို့ အလိုရှိသော ကုန်ပစ္စည်းများကို လျင်မြန်လွယ်ကူစွာ ရှာဖွေနိုင်ရန် ရှာဖွေမှုစနစ် (Search) နှင့် စစ်ထုတ်မှုစနစ် (Filter) များကို ထားရှိထားပါသည်။ သင်တို့အနေဖြင့် ကုန်ပစ္စည်းများကို ရှာဖွေမှုရလဒ်များမှသော်လည်းကောင်း၊ ကုန်ပစ္စည်းအုပ်စုအမျိုးအစား (Product Category) မှသော်လည်းကောင်း စစ်ထုတ်ရှာဖွေနိုင်ပါသည်။ မိမိတို့ လိုလားသော ရလဒ်အတိအကျကို ပိုမိုတိကျစွာ ရှာဖွေလိုပါက အမှတ်တံဆိပ် (Brand)၊ အမျိုးအစား (Category)၊ ဆိုင် (Merchant) သို့မဟုတ် ကုန်ပစ္စည်းစျေးနှုန်းအပိုင်းအခြား (Product Price Range) အလိုက် စစ်ထုတ်၍ ရှာဖွေနိုင်ပါသည်။
ဘာတွေကို စိစစ်ရွေးချယ်နိုင်မလဲ။
- အမှတ်တံဆိပ် (Brand) ဆိုသည်မှာ ကုန်ပစ္စည်း၏ အမှတ်တံဆိပ်အမည်ကို ဆိုလိုခြင်း ဖြစ်သည်။ (ဥပမာ - ဖုန်းများအတွက် Apple, Samsung, Xiaomi သို့မဟုတ် Redmi စသည်ဖြင့်)
- အမျိုးအစား (Category) ဆိုသည်မှာ ကုန်ပစ္စည်း၏ အမျိုးအစားကို ဆိုလိုခြင်း ဖြစ်သည်။ (ဥပမာ - လက်ကိုင်ဖုန်းများ၊ တီဗွီများ သို့မဟုတ် အိမ်သုံးလျှပ်စစ်ပစ္စည်းများ စသည်ဖြင့်)
- ဆိုင် (Merchant) ဆိုသည်မှာ အဆိုပါကုန်ပစ္စည်းများကို တရားဝင်ရောင်းချသူ သို့မဟုတ် ဖြန့်ဖြူးသူများကို ဆိုလိုခြင်း ဖြစ်ပါသည်။
- စျေးနှုန်းအပိုင်းအခြား (Price Range) သည် ကုန်ပစ္စည်းများ၏ စျေးနှုန်းများကို စစ်ထုတ်ရန်အတွက်ဖြစ်သည်။ ဥပမာ သင်သည် ကျပ် ၃၀၀,၀၀၀ မှ ကျပ် ၅၀၀,၀၀၀ ကြား တန်ဖိုးရှိသော ကုန်ပစ္စည်းများကိုသာ ရှာဖွေလိုပါက အဆိုပါ စျေးနှုန်းအပိုင်းအခြားကို သတ်မှတ်နိုင်ပြီး၊ Better အနေဖြင့် သတ်မှတ်ချက်အတွင်းရှိ ကုန်ပစ္စည်းများကိုသာ ဖော်ပြပေးမည် ဖြစ်ပါသည်။
Comments
0 comments
Please sign in to leave a comment.