မှာယူမှုလျှောက်ထားခြင်း ဘယ်လိုစတင်လုပ်ဆောင်ရမလဲဆိုတာ ကြည့်ရအောင်။
အဆင့်(၁) - ဝန်ဆောင်မှုနှင့် ပစ္စည်းများရွေးချယ်ပါ
- ပထမဦးစွာ ဝန်ဆောင်မှုများစာမျက်နှာ (Services page) သို့ ဝင်ရောက်၍ ရရှိနိုင်မည့် ဝန်ဆောင်မှုအားလုံးကို ကြည့်ရှုပြီး မိမိအလိုရှိရာ ဝန်ဆောင်မှုတစ်ခုကို ရွေးချယ်ရပါမည်။ ထို့နောက် အဆိုပါဝန်ဆောင်မှုအောက်ရှိ ကုန်ပစ္စည်းများကို လေ့လာ၍ အသေးစိတ်အချက်အလက်များကို သိရှိနိုင်ရန် မိမိဝယ်ယူလိုသော ကုန်ပစ္စည်းပေါ်သို့ နှိပ်ရပါမည်။
- ဆက်လက်၍ ကုန်ပစ္စည်း၏ အမျိုးအစားခွဲ (ရှိလျှင်)၊ ကနဦးပေးချေမှုစနစ် (ရှိလျှင်)၊ ပြန်လည်ပေးချေရမည့် ကာလ နှင့် ကုန်ပစ္စည်းထုတ်ယူမည့်နေရာ (လိုအပ်ပါက) တို့ကို စိတ်ကြိုက်ရွေးချယ်ရပါမည်။
- ထို့နောက် လိုအပ်သော အချက်အလက်များကို ဖြည့်စွက်၍ မှာယူခြင်းလုပ်ငန်းစဉ် (Checkout) ကို ဆောင်ရွက်ရပါမည်။
အဆင့်(၂) - အာမခံသူ၏အတည်ပြုချက်ရယူပါ။
- အကယ်၍ သင်၏မှာယူမှုသည် အာမခံသူလိုအပ်ပါက သင်၏မှာယူမှုနှင့် ပတ်သတ်၍ အာမခံသူအား ကြိုတင်ရှင်းပြထားပြီး အာမခံသူစာချုပ်အား ၂၄နာရီအတွင်း သဘောတူညီချက်ပြုလုပ်ပေးရန် အသိပေးပါ။
အဆင့်(၃) - ကနဦးပေးချေမှု ပြုလုပ်ပါ။
- အကယ်၍ ကနဦးပေးချေမှု (Down payment) ပေးသွင်းရန် လိုအပ်ပါက အဆိုပါပေးချေမှုကို Wave မှတစ်ဆင့် ဆောင်ရွက်ရမည် ဖြစ်ပါသည်။
အဆင့်(၄) - ပစ္စည်းအား ထုတ်ယူပါ။
- ငွေပေးချေမှု အောင်မြင်ကြောင်း အတည်ပြုပြီးပါက သင်ရွေးချယ်ထားသော ဆိုင်ခွဲ၌ ကုန်ပစ္စည်းကို သွားရောက်ထုတ်ယူနိုင်ပါသည်။
မှာယူမှုရယူနိုင်ခြင်း ရှိမရှိ သတ်မှတ်ချက်များကို Better မှသာလျှင် ဆုံးဖြတ်ပိုင်ခွင့်ရှိပြီး၊ ဤဆုံးဖြတ်ချက်နှင့် ပတ်သက်၍ Better မှ အဆုံးအဖြတ်ပေးပိုင်ခွင့်ကို အပြည့်အဝ အခွင့်အာဏာ ရယူထားပါသည်။
Comments
0 comments
Please sign in to leave a comment.