Better သည် လက်ရှိတွင် Retail (Buy Now, Pay Later) ဝန်ဆောင်မှုကို ပေးအပ်နေသော ဘဏ္ဍာရေးဝန်ဆောင်မှုပေးသူ ဖြစ်ပါသည်။ Account ဖွင့်ပြီး အဆင့်မြှင့်တင်ခြင်းဖြင့် ဝန်ဆောင်မှုများကို အပြည့်အဝ အသုံးပြုနိုင်ပြီး ဝန်ဆောင်မှုများကို လျှောက်ထားခြင်းနှင့် ပြန်လည်ပေးချေခြင်းများကို လွယ်ကူစွာ ဆောင်ရွက်နိုင်ပါသည်။ Better ဖြင့် ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို ဝယ်ယူပြီး သတ်မှတ်ကာလအတွင်း လစဉ်ပြန်လည် ပေးချေနိုင်ပါသည်။
Better ၏ အဓိက အကျိုးကျေးဇူးများ-
လျင်မြန်သော လျှောက်ထားမှုစနစ် - အချိန်ကုန်သက်သာစေပြီး ရှုပ်ထွေးမှုမရှိဘဲ လျင်မြန်ချောမွေ့စွာ လျှောက်ထားနိုင်ပါသည်။
လွယ်ကူစွာ အသုံးပြုနိုင်ခြင်း - မည်သည့်အချိန်၊ မည်သည့်နေရာတွင်မဆို မိမိတို့စိတ်ကြိုက် အဆင်ပြေချောမွေ့စွာ ဝင်ရောက်အသုံးပြုနိုင်ပါသည်။
သင့်တင့်မျှတသော နှုန်းထားများ - စျေးကွက်စံနှုန်းများနှင့် ကိုက်ညီသည့် ဝန်ဆောင်ခနှုန်းထားများအတိုင်း ဆောင်ရွက်ထားပါသည်။
လိုက်လျောညီထွေမှုရှိသော ပြန်လည်ပေးချေမှု - လူကြီးမင်းတို့၏ ငွေကြေးစီမံခန့်ခွဲမှု လိုအပ်ချက်များနှင့် ကိုက်ညီမည့် ပြန်လည်ပေးချေမှု ကာလများကို ရွေးချယ်နိုင်ပါသည်။
ပွင့်လင်းမြင်သာမှုနှင့် လုံခြုံစိတ်ချရမှု - တိကျခိုင်မာသော မူဝါဒများ၊ လုံခြုံစိတ်ချရသော ငွေပေးချေမှုစနစ်များနှင့်အတူ ယုံကြည်စိတ်ချရသည့် လုပ်ထုံးလုပ်နည်းများကို ကျင့်သုံးပါသည်။
သီးသန့် အထူးခံစားခွင့်များ - Better အသုံးပြုသူများအတွက်သာ သီးသန့်ရည်ရွယ်ထားသော အထူးအစီအစဉ်များနှင့် ပရိုမိုးရှင်းများကို ရယူနိုင်ပါသည်။
Comments
0 comments
Please sign in to leave a comment.