၁။ မိတ်ဆက်ခြင်း
Better နှင့် ၎င်း၏လုပ်ငန်းခွဲများ စုပေါင်း၍ (“Better”၊ “ကျွန်ုပ်တို့” ၊ “ကျွန်ုပ်တို့အား” သို့မဟုတ် “ကျွန်ုပ်တို့၏” ဟု ရည်ညွှန်းမည်ဖြစ်သည်) လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို အထူးလေးစားပါသည်။ ဤကိုယ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာ အသိပေးချက်တွင် အောက်ပါတို့နှင့် စပ်လျဉ်း၍ လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များနှင့် အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များကို ကျွန်ုပ်တို့ မည်သို့ရယူခြင်း၊ အသုံးပြုခြင်း၊ ထုတ်ဖော်ခြင်းနှင့် အခြားနည်းလမ်းများဖြင့် ဆောင်ရွက်ခြင်းတို့အား ရှင်းပြထားပါသည်။
- Better ၏ တရားဝင် မိုဘိုင်းအပလီကေးရှင်းနှင့် ကျွန်ုပ်တို့ ဝန်ဆောင်မှုပေးနေသော ဆက်စပ်ပလပ်ဖောင်းများ (စုပေါင်း၍ “ပလပ်ဖောင်းများ”ဟု ခေါ်ဆိုမည်) ကို လူကြီးမင်း အသုံးပြုခြင်း၊
- ကျွန်ုပ်တို့၏ ငွေကြေးဆိုင်ရာ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများ (စုပေါင်း၍ “ဝန်ဆောင်မှုများ”) ကို လျှောက်ထားခြင်းနှင့် အသုံးပြုခြင်း။
ဤကိုယ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာမူဝါဒသည် အထက်ဖော်ပြပါ အခြေအနေများအရ Better နှင့် ဆက်သွယ်ဆောင်ရွက်သူအားလုံးအပေါ် အကျုံးဝင်ပါသည်။ ၎င်းတို့တွင် ဝန်ဆောင်မှုရယူလိုသူများ၊ လက်ရှိအသုံးပြုသူများ၊ ယခင်အသုံးပြုသူများ၊ ဝန်ထမ်းများနှင့် လျှောက်ထားသူများ ပါဝင်ပြီး ဤမူဝါဒတွင် “သင်” သို့မဟုတ် “သင့်” ဟု ရည်ညွှန်းထားပါသည်။ Better Myanmar မိုဘိုင်းအပလီကေးရှင်း သို့မဟုတ် Better ဝဘ်ဆိုက်များသို့ ဝင်ရောက်အသုံးပြုခြင်းဖြင့် လူကြီးမင်းသည် ဤကိုယ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာ အသိပေးချက်ကို ဖတ်ရှုနားလည်ပြီးဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။
ဤကိုယ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာ မူဝါဒတွင် သီးခြားအဓိပ္ပာယ်ဖွင့်ဆိုထားခြင်းမရှိသော စကားရပ်များသည် ကျွန်ုပ်တို့၏ စည်းမျဉ်းစည်းကမ်းများတွင် ဖော်ပြထားသည့် အဓိပ္ပာယ်အတိုင်း သက်ရောက်မည်ဖြစ်သည်။
ကျွန်ုပ်တို့၏ လုပ်ငန်းဆောင်ရွက်ပုံများ၊ နည်းပညာ၊ ဥပဒေလိုအပ်ချက်များ သို့မဟုတ် အခြားသက်ဆိုင်ရာ အခြေအနေများ ပြောင်းလဲလာပါက ဤကိုယ်ရေးအချက်အလက် ကာကွယ်ရေးမူဝါဒကို အချိန်နှင့်တပြေးညီ ပြင်ဆင်နိုင်ပါသည်။ အရေးကြီးသော ပြင်ဆင်ပြောင်းလဲမှုများရှိပါက ပြင်ဆင်ထားသော မူဝါဒကို အက်ပ်အတွင်းတွင် နောက်ဆုံးပြင်ဆင်သည့်ရက်စွဲနှင့်အတူ အသိပေးဖော်ပြပေးမည်ဖြစ်ပါသည်။ ထို့ကြောင့် ဤမူဝါဒကို အခါအားလျော်စွာ ပြန်လည်ဖတ်ရှုစစ်ဆေးရန် အကြံပြုအပ်ပါသည်။
ကျွန်ုပ်တို့၏ပုဂ္ဂိုလ်ရေးအချက်အလက်ဆိုင်ရာ သတိပေးချက်နှင့်ပတ်သက်၍ လူကြီးမင်းတွင် မေးခွန်းများ သို့မဟုတ် စိုးရိမ်ပူပန်မှုများရှိပါက ဤအသိပေးချက်၏ “ဆက်သွယ်ရန်” အပိုင်းတွင် ဖော်ပြထားသော အချက်အလက်များမှတဆင့် ကျွန်ုပ်တို့ထံ ဆက်သွယ်နိုင်ပါသည်။
၂။ ကျွန်ုပ်တို့ ရယူစုဆောင်းသော ကိုယ်ရေးအချက်အလက်များနှင့် အသုံးပြုပုံ
၂-၁ ကိုယ်ရေးအချက်အလက် စုဆောင်းရသည့် ရည်ရွယ်ချက်
ကျွန်ုပ်တို့သည် သင့်၏ ကိုယ်ရေးအချက်အလက်များနှင့် ငွေကြေးဆိုင်ရာ အချက်အလက်များကို အောက်ဖော်ပြပါ အဓိကရည်ရွယ်ချက်များအတွက် စုဆောင်းသိမ်းဆည်းပါသည်။
- ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများအတွက် သင်၏ ချေးငွေလျှောက်ထားမှုကို စိစစ်ရန်နှင့် အဆိုပါ ဝန်ဆောင်မှု ရရှိနိုင်မှု သို့မဟုတ် ချေးငွေထုတ်ပေးနိုင်မှုဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ရန်၊
- ငွေပေးချေမှုများကို စိစစ်ဆောင်ရွက်ရန်နှင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ကြိုတင်ရယူခြင်းနှင့် အသုံးပြုခြင်းတို့ကို ဆောင်ရွက်နိုင်စေရန်။
- သင့်၏ အကောင့်ကို ဖွင့်ရန်၊ စီမံခန့်ခွဲရန်နှင့် ထိန်းသိမ်းရန်။
- သင်၏ မေးမြန်းချက်များ၊ တောင်းဆိုချက်များနှင့် တိုင်ကြားချက်များကို အကြောင်းပြန်ရန်၊
- သင်၏ မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုရန်နှင့် "သုံးစွဲသူကို စိစစ်သိရှိခြင်း (KYC)" နှင့် "ငွေကြေးခဝါချမှု တိုက်ဖျက်ရေး" ဆိုင်ရာ လိုအပ်ချက်များ အပါအဝင် ကျွန်ုပ်တို့ လိုက်နာရမည့် ဥပဒေနှင့် စည်းမျဉ်းဆိုင်ရာ တာဝန်များကို လိုက်နာဆောင်ရွက်ရန်နှင့်
- ကျွန်ုပ်တို့၏ ကုန်ပစ္စည်းများနှင့် ဝန်ဆောင်မှုများကို တိုးတက်ကောင်းမွန်အောင် ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ၎င်းတို့နှင့်ပတ်သက်သော အချက်အလက်များကို သင့်ထံ ဆက်သွယ်အသိပေးခြင်းတို့ဖြစ်သည်။
၂-၂ သင့်မှ ကျွန်ုပ်တို့အား ပေးအပ်သော အချက်အလက်များ
Better သည် လူကြီးမင်းမှ မိမိသဘောဆန္ဒအလျောက် ပေးအပ်ထားသော အောက်ပါ ကိုယ်ရေးအချက်အလက်များကို စုဆောင်းပါသည် -
- အမည်၊ မွေးသက္ကရာဇ်၊ မှတ်ပုံတင်အမှတ်၊ အီးမေးလ်လိပ်စာ၊ လက်ရှိနေရပ်လိပ်စာနှင့် ဖုန်းနံပါတ်ကဲ့သို့သော မည်သူမည်ဝါဖြစ်ကြောင်းနှင့် ဆက်သွယ်ရန် အချက်အလက်များ၊
- အလုပ်ရှင်၊ ရာထူး၊ ဝင်ငွေနှင့် လုပ်သက် စသည်တို့ကဲ့သို့သော အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များ (ဝန်ထမ်းဖြစ်ပါက)၊
- မှတ်ပုံတင် ၊ လူကြီးမင်း၏မှတ်ပုံတင်နှင့် ရိုက်ကူးထားသော ဆဲလ်ဖီဓာတ်ပုံ၊ သန်းခေါင်စာရင်း၊ နေရပ်လိပ်စာ အထောက်အထား၊ ဝင်ငွေအထောက်အထား၊ ကုမ္ပဏီထောက်ခံစာ၊ အီလက်ထရွန်နစ် လက်မှတ်၊ အာမခံသူဆိုင်ရာ အချက်အလက်များ (အမည်၊ မှတ်ပုံတင်၊ အလုပ်အကိုင်အခြေအနေ၊ လက်ရှိနေရပ်လိပ်စာ) ကဲ့သို့သော ကျွန်ုပ်တို့၏ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုများအတွက် လိုအပ်သည့် အထောက်အထားစာရွက်စာတမ်း မိတ္တူ သို့မဟုတ် ဓာတ်ပုံများနှင့်
- လျှောက်လွှာပုံစံများ၊ အီးမေးလ်များ၊ စာတို သို့မဟုတ် အလားတူ စာတိုများ၊ ဖုန်းခေါ်ဆိုမှုများ သို့မဟုတ် အခြားသော ဆက်သွယ်ရေး နည်းလမ်းများမှတစ်ဆင့် ကျွန်ုပ်တို့ထံ ပေးအပ်ထားသော အခြား မည်သည့် အချက်အလက်မဆိုဖြစ်သည်။
အရည်အသွေး ထိန်းသိမ်းခြင်း၊ ဝန်ထမ်းလေ့ကျင့်ပေးခြင်း၊ လုံခြုံရေးနှင့် အငြင်းပွားမှုများကို ဖြေရှင်းခြင်း စသည့် ရည်ရွယ်ချက်များအတွက် ကျွန်ုပ်တို့ထံ ဆက်သွယ်ပြောဆိုသော ဖုန်းခေါ်ဆိုမှုများနှင့် အခြားဆက်သွယ်မှုများကို မှတ်တမ်းတင်ခြင်း သို့မဟုတ် အသံသွင်းခြင်းများပြုလုပ်လေ့ရှိပါသည်။ ဤနည်းလမ်းများမှတစ်ဆင့် ကျွန်ုပ်တို့ထံ ဆက်သွယ်ခြင်းဖြင့် Better ထံမှ အချက်အလက်များကို အလားတူ နည်းလမ်းများမှတစ်ဆင့် ပြန်လည်လက်ခံရရှိရန်နှင့် လူကြီးမင်း၏ ဖုန်းခေါ်ဆိုမှုများနှင့် ဆက်သွယ်မှုများကို အသံဖမ်းယူခြင်း သို့မဟုတ် စောင့်ကြည့်စစ်ဆေးခြင်းပြုလုပ်ရန် လူကြီးမင်းက သဘောတူညီကြောင်း အတည်ပြုပါသည်။
ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ပေးအပ်ရန်၊ လူကြီးမင်းထံ ဆက်သွယ်ရန်၊ ဥပဒေက ခွင့်ပြုထားသည့်အတိုင်းနှင့် လူကြီးမင်း၏ စိတ်ကြိုက်ရွေးချယ်မှုအပေါ် မူတည်၍ ဈေးကွက်မြှင့်တင်ရေး သို့မဟုတ် အခြား ပရိုမိုးရှင်းဆိုင်ရာ အကြောင်းကြားချက်များကို အခါအားလျော်စွာ ပေးပို့ရန် အသုံးပြုပါသည်။
၂-၃ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုသည့်အခါ စုဆောင်းသော အချက်အလက်များ
သင်သည် Better တွင် အဖွဲ့ဝင်အဖြစ် စာရင်းသွင်းခြင်း သို့မဟုတ် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို အသုံးပြုခြင်း ပြုလုပ်ပါက၊ အက်ပ်ပလီကေးရှင်းနှင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို သင်အသုံးပြုခြင်းနှင့် သက်ဆိုင်သော အချက်အလက်များကိုလည်း စုဆောင်းပါသည်။ ယင်းတို့တွင် သင့်၏ လျှောက်လွှာအချက်အလက်များ၊ ကိုယ်ရေးအချက်အလက်များ၊ အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များ (သင်သည် ဝန်ထမ်းဖြစ်ပါက) နှင့် လိုအပ်သော အထောက်အထားစာရွက်စာတမ်းများ (ဥပမာ - မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်း၊ နေရပ်လိပ်စာအထောက်အထား၊ မှတ်ပုံတင်အားကိုင်ဆောင်ထားသောကိုယ်တိုင်ရိုက်ဓာတ်ပုံ ၊ ကုမ္ပဏီထောက်ခံစာ နှင့် သက်ဆိုင်ရာ စာရွက်စာတမ်းများ) ပါဝင်ပါသည်။
ကျွန်ုပ်တို့သည် အဆိုပါ အချက်အလက်များကို အောက်ပါရည်ရွယ်ချက်များအတွက် အသုံးပြုပါသည်။
- သင့်အတွက် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန်နှင့် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန်၊ ထို့အပြင် သင့်လိုအပ်ချက်များနှင့် ကိုက်ညီသော ငွေကြေးဆိုင်ရာ ထုတ်ကုန်များကို ကမ်းလှမ်းပေးရန်၊
- သင်၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားရန်နှင့် သုံးစွဲသူဆိုင်ရာ ကူညီပံ့ပိုးမှုများ (Customer Support) ပေးအပ်ရန်၊
- ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပံ့ပိုးပေးရန်၊ ထိန်းသိမ်းရန်နှင့် ပိုမိုတိုးတက်ကောင်းမွန်အောင် ဆောင်ရွက်ရန်။
- သင်၏ စိတ်ကြိုက်နှစ်သက်မှုများကို နားလည်သဘောပေါက်ခြင်း အပါအဝင် Better တွင် ဝန်ဆောင်မှု ရယူရာ၌ သင့်အတွက် သီးသန့်စိတ်ကြိုက် ဖန်တီးထားသော အတွေ့အကြုံများ ပေးအပ်ရန် နှင့်
- သင်စိတ်ကြိုက်နှစ်သက်မှုနှင့် ကိုက်ညီမည့် သီးသန့် အကြောင်းအရာများနှင့် ကမ်းလှမ်းချက်များကို ပေးအပ်ရန်။
၂-၄ သင်၏ အချက်အလက်များကို စိစစ်ခြင်းနှင့် ထုတ်ဖော်ခြင်း
Better ထံ အချက်အလက်များ ပေးပို့ခြင်းဖြင့် လူကြီးမင်း ပေးအပ်ထားသော ကိုယ်ရေးအချက်အလက်များ၊ အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များ၊ ပိုင်ဆိုင်မှု စာချုပ်စာတမ်းများနှင့် လူကြီးမင်း၏ ကိုယ်ရေး သို့မဟုတ် အလုပ်အကိုင်ဆိုင်ရာ အသေးစိတ် အချက်အလက်များနှင့် သက်ဆိုင်သည့် အခြား မည်သည့် စာရွက်စာတမ်းများကိုမဆို စုံစမ်းစစ်ဆေးရန်၊ စိစစ်ရန်နှင့် ထုတ်ဖော်ရန် ကျွန်ုပ်တို့အား ပိုင်ခွင့်ပေးအပ်ပြီး ဖြစ်သည်။ ဤကိုယ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာ မူဝါဒတွင် ဖော်ပြထားသည့် ရည်ရွယ်ချက်များအတွက်သာမက သက်ဆိုင်ရာ ဥပဒေများနှင့်အညီ ကျွန်ုပ်တို့၏ ဆက်စပ်လုပ်ငန်းများ၊ ကုမ္ပဏီများ၊ ကိုယ်စားလှယ်များ၊ အရာရှိများ၊ အေဂျင်စီများနှင့် မဟာမိတ်အဖွဲ့အစည်းများထံ အဆိုပါ အချက်အလက်များကို မျှဝေခြင်းနှင့် စိစစ်ခြင်းတို့ ဆောင်ရွက်နိုင်သည်။
၃။ သတင်းအချက်အလက်များ အလိုလျောက် စုဆောင်းထိန်းသိမ်းခြင်း
ကျွန်ုပ်တို့၏ Sites များကို သင်သွားရောက်ကြည့်ရှုခြင်း သို့မဟုတ် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို အသုံးပြုခြင်း၊ ကျွန်ုပ်တို့၏ အီးမေးလ်များကိုဖတ်ခြင်း သို့မဟုတ် မိုဘိုင်းလ်စက်ပစ္စည်းတစ်ခုမှတစ်ဆင့် ကျွန်ုပ်တို့နှင့် ထိတွေ့ ဆက်ဆံသည့်အခါ၊ ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ တစ်ဆင့်ခံ မိတ်ဖက်အဖွဲ့အစည်းသည် လူကြီးမင်း၏ ဝင်ရောက်အသုံးပြုပုံ၊ လူကြီးမင်း အသုံးပြုသည့် စက်ပစ္စည်းနှင့် ပတ်သက်သော အချက်အလက်များ၊ Sites များကို သင်ဝင်ရောက်အသုံးပြုပုံနှင့် အချက်အလက်များကို အလိုအလျောက်စုဆောင်းပါသည်။
၃-၁ စက်ပစ္စည်းနှင့် အသုံးပြုမှုဆိုင်ရာ အချက်အလက်များ
ကျွန်ုပ်တို့သည် ပုံမှန်အားဖြင့် cookies များ၊ Flash objects များ၊ web beacons များ၊ embedded scriptsများ၊ တည်နေရာ ခွဲခြားခြင်းနည်းပညာများနှင့် အလားတူ နည်းပညာများအပါအဝင် အမျိုးမျိုးသော ခြေရာခံနည်းပညာများမှတစ်ဆင့် ဤအချက်အလက်များကို စုဆောင်းနိုင်သလို ပြင်ပ မိတ်ဖက်အဖွဲ့အစည်းတစ်ခုခုကို ငှားရမ်း၍လည်း စုဆောင်းနိုင်ပါသည်။ လူကြီးမင်းနှင့် ပတ်သက်၍ ကျွန်ုပ်တို့အလိုအလျောက်စုဆောင်းထားသော အချက်အလက်များထဲတွင် လူကြီးမင်းထံမှ တိုက်ရိုက်မေးမြန်းကောက်ယူထားသော ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် ဝန်ထမ်းအချက်အလက်များ ပါဝင်သကဲ့သို့ အခြားသော အရင်းအမြစ်များမှ ရရှိသည့် အချက်အလက်များလည်း ပါဝင်နိုင်ပါသည်။ လူကြီးမင်းအနေဖြင့် Better sites များကို အသုံးပြုသည့်အခါ ကျွန်ုပ်တို့၏ ဆာဗာများသည် လူကြီးမင်း၏ IP လိပ်စာ၊ အသုံးပြုသည့် Browser အမျိုးအစား၊ လည်ပတ်မှုစနစ်၊ Browser ဘာသာစကားနှင့် ဝန်ဆောင်မှုပေးအပ်သည့် နည်းပညာကုမ္ပဏီ အစရှိသည့် အချက်အလက်များကို အလိုအလျောက် မှတ်တမ်းတင် ထားမည်ဖြစ်ပါသည်။ လူကြီးမင်းသွားရောက်ကြည့်ရှုသည့် စာမျက်နှာများ သို့မဟုတ် နှိပ်လိုက်သည့် ကြော်ငြာများ သို့မဟုတ် လင့်ခ်များ အစရှိသဖြင့် ကျွန်ုပ်တို့၏ Sites ပေါ်တွင် လူကြီးမင်း၏ လှုပ်ရှားဆောင်ရွက်မှုအားလုံးကို စုဆောင်းထားမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် အမျိုးမျိုးသော လုပ်ငန်းတာဝန်များအတွက် ဤအချက်အလက်များကို တရားဝင် ရယူခွင့် ရှိပါသည်။
- ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်အောင် ဆောင်နိုင်ရွက်ခြင်း၊ လူကြီးမင်း၏ အက်ပ်အသုံးပြုသည့် လုပ်ဆောင်ချက်များကို စောင့်ကြည့်လေ့လာပြီး ကျွန်ုပ်တို့၏ တွေ့ရှိချက်များကို အခြေခံ၍ ဝန်ဆောင်မှုအသစ်များ ပေးအပ်ခြင်း
- လူကြီးမင်းစိတ်ဝင်စားနိုင်သော ထုတ်ကုန်များနှင့် စျေးကွက်ရှာဖွေရေးတို့ကို ခွဲခြားသတ်မှတ်နိုင်ခြင်း၊
- ကျွန်ုပ်တို့၏ ဝန်ဆောင်မှုကို လူကြီးမင်းအတွက် စိတ်တိုင်းကျပြင်ဆင်ပေးနိုင်ခြင်း၊
- ကျွန်ုပ်တို့၏အသုံးပြုသူများနှင့် ၎င်းတို့လိုလား သော ထုတ်ကုန်/ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်စွာ နားလည်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ကိန်းဂဏန်းဆိုင်ရာ ခွဲခြမ်းစိတ်ဖြာမှုနှင့် သုတေသနကို ဆောင်ရွက်နိုင်ခြင်းနှင့်
- အသုံးပြုသူများ၏ နည်းပညာနှင့် အကျွမ်းဝင်မှုကို ထည့်သွင်းစဉ်းစားရန်အပြင် SITESနှင့် အသုံးပြုသူ၏ အတွေ့အကြုံနှင့် အသုံးပြုရာတွင် ကြုံတွေ့ရသည့် ပြဿနာများကို ဖော်ထုတ်ပြီး ပေးအပ်သည့်ဝန်ဆောင်မှုများကို လိုက်လျောညီထွေဖြစ်စေရန် ပြင်ဆင်ရာတွင်လည်း ဤအချက်အလက်များကို အသုံးပြုနိုင်ပါသည်။
၃-၂ IP လိပ်စာများနှင့် အခြားအချက်အလက်များကိုလည်း အလိုအလျောက် စနစ်ဖြင့် စုဆောင်းရရှိခြင်း
ကျွန်ုပ်တို့၏စနစ်များနှင့် ပြဿနာများကို ရှာဖွေဖော်ထုတ်ရန်၊ စနစ်စီမံခန့်ခွဲရန်၊ ကျွန်ုပ်တို့၏ မိတ်ဖက်လုပ်ငန်းများထံသို့ စုစည်းထားသော အချက်အလက်များကို အစီရင်ခံရန်၊ ဝက်ဆိုဒ်အသုံးပြုမှုကို စစ်ဆေးရန် စသည်တို့အတွက် ကျွန်ုပ်တို့၏ site များသို့ ဝင်ရောက်သည့်အခါ လူကြီးမင်း၏ IP လိပ်စာများကို ကျွန်ုပ်တို့က စုဆောင်းနိုင်ပါသည်။ သတ်မှတ်ထားသော အခြေအနေများတွင် ကျွန်ုပ်တို့အနေဖြင့် ကျွန်ုပ်တို့၏ ဝန်ဆောင်မှု၊ site များ၊ အသုံးပြုသူများနှင့် အခြားသောအရာများကို ကာကွယ်ရန်၊ လူကြီးမင်းထံမှ အတည်ပြုချက်ရန်တို့တွင် အထောက်အကူပြုစေရန်အတွက် လူကြီးမင်း၏ IP လိပ်စာများကို အသုံးပြုနိုင်ပါသည်။
၃-၃ လှုပ်ရှားဆောင်ရွက်မှုများ ပြန်လည်ပြသခြင်း
SITES ကို စီမံခန့်ခွဲရန်နှင့် ရရှိလာသော အချက်အလက်များကို ခွဲခြမ်းစိတ်ဖြာရန်အတွက် ကျွန်ုပ်တို့သည် လူကြီးမင်း၏ Browser အမျိုးအစား၊ အင်တာနက်ဝန်ဆောင်မှုပေးသူ (ISP)၊ ရည်ညွှန်းစာမျက်နှာများ၊ အထွက်စာမျက်နှာများ၊ ကျွန်ုပ်တို့၏SITESတွင် ကြည့်ရှုသည့် စာမျက်နှာများ၊ လည်ပတ်မှုစနစ်၊ ရက်စွဲ/အချိန် သို့မဟုတ် အသုံးပြုနေစဉ် Website ပေါ်တွင် လူကြီးမင်း၏ လှုပ်ရှားဆောင်ရွက်မှု ဒေတာအချက်အလက်များကို စုဆောင်းထားမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ဝက်ဘ်ဆိုက်သို့ လူကြီးမင်းဝင်ရောက်သည့်အခါ သွားရောက်ကြည့်ရှု ခဲ့သည့် စာမျက်နှာများနှင့် SITES ရှိ ဖြည့်သွင်းထားသည့် ဖောင်များအပါအဝင် SITES ပေါ်ရှိ လူကြီးမင်း၏ရှာဖွေမှုဆိုင်ရာ အချက်အလက်များကိုလည်း ကျွန်ုပ်တို့အနေဖြင့် မှတ်တမ်းတင် ထားနိုင်ပါသည်။ SITESများ၏လည်ပတ်မှုတွင် နည်းပညာဆိုင်ရာပြဿနာများကို သိရှိနိုင်ရန်နှင့် SITES များ အပြင်ပုံသဏ္ဍာန် (user interface) ကို ပိုမိုကောင်းမွန်လာစေရန်အတွက် ပြန်လည်သုံးသပ်ရာတွင် ဤအချက်အလက်များကို အသုံးပြုမည်ဖြစ်ပါသည်။ ကျွန်ုပ်တို့သည် ဝန်ဆောင်မှုပေးအပ်ရန် အတွက် ပြင်ပအဖွဲ့အစည်းထံမှ အကူအညီတောင်းခံရန် လိုအပ်လာပါက ဤအချက်အလက်များကို ပြင်ပအဖွဲ့အစည်း/ လုပ်ငန်းစု ထံသို့ ပေးပို့မည်ဖြစ်ပါသည်။ လူကြီးမင်းအား ဤဝန်ဆောင်မှုများပေးအပ်နိုင်ရန်အတွက် ကျွန်ုပ်တို့အနေဖြင့် ဤအချက်အလက်များကို ပြင်ပမှ တဆင့်ခံဝန်ဆောင်မှုပေးသူများနှင့်သာ မျှဝေပါမည်။ Cookies များ အသုံးပြုရခြင်း၏ ရည်ရွယ်ချက်များ၊ ကြော်ငြာထည့်သွင်းရန်အတွက် အခြားသော နည်းပညာပိုင်းဆိုင်ရာ ခြေရာခံစနစ်များ အသုံးပြုခြင်းနှင့် စပ်လျဉ်းသည့် အချက်များ သတင်းအချက်အလက် ထိန်းသိမ်းခြင်းများနှင့် သက်ဆိုင်သည့် အကြောင်းအရာများကို ပိုမိုဖတ်ရှုလို သည်ဆိုလျှင် အောက်တွင် ဖော်ပြထားသော ကြော်ငြာခြင်းနှင့် စိတ်ကြိုက်ရွေးချယ်ခြင်းကဏ္ဍတွင် ဖတ်ရှုနိုင်ပါသည်။
၄။ ပုဂ္ဂိုလ်ရေးကိုယ်ရေးအချက်အလက်များ သိမ်းဆည်းခြင်း
Better သည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်းရှိ ဆာဗာများကိုသာ အသုံးပြုပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ရှိ ပုဂ္ဂိုလ်ရေးအချက်အလက်များ စီမံဆောင်ရွက်ပေးခြင်းဆိုင်ရာဥပဒေများသည် လူကြီးမင်း၏ မူလမွေးဖွားရာ နိုင်ငံရှိ ဥပဒေများနှင့် တူညီနိုင်မည်မဟုတ်ကြောင်း သတိပြုပါ။ Better တွင်ပါဝင်ပြီး ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကိုအသုံးပြုခြင်းဖြင့် လူကြီးမင်းသည် မိမိ၏ ပုဂ္ဂိုလ်ရေးနှင့် ငွေကြေးဆိုင်ရာအချက်အလက်များကို ဤမူဝါဒတွင် ဖော်ပြထားသည့် ရည်ရွယ်ချက်များအတွက် လူကြီးမင်းမွေးဖွားရာ မိခင်နိုင်ငံပြင်ပသို့ လွှဲပြောင်းလိုက်ခြင်းကို လူကြီးမင်းက သဘောတူလိုက်ခြင်း ဖြစ်ပါသည်။ လူကြီးမင်း၏ ကိုယ်ရေးအချက်အလက်များကို နိုင်ငံနယ်နိမိတ်ဖြတ်ကျော်၍ လွှဲပြောင်းပေးပို့ရသည့် အခြေအနေများတွင်၊ ဤကိုယ်ရေးအချက်အလက် ကာကွယ်ရေးမူဝါဒနှင့် ကိုက်ညီသည့် ကာကွယ်မှုအဆင့်ကို ဆက်လက်ရရှိစေရန် ကျွန်ုပ်တို့သည် သင့်လျော်ပြီး လက်တွေ့ကျသော အကာအကွယ်လုပ်ဆောင်ချက်များကို ဆောင်ရွက်ပါသည်။
၅။ ပုဂ္ဂိုလ်ရေးအချက်အလက်များ ထုတ်ဖော်ခြင်း
ကျွန်ုပ်တို့သည် ကန့်သတ်အခြေအနေများတွင် တတိယပုဂ္ဂိုလ်၊ အဖွဲ့အစည်းများထံသို့ အချက်အလက်များကို မျှဝေပါသည်။ အဆိုပါ အခြေအနေများမှာ Better ၏ ဆက်စပ်ဝန်ဆောင်မှုများကို ဝန်ဆောင်မှုပေးဆောင်ရန်၊ လူကြီးမင်း တောင်းဆိုထားသော ငွေပေးချေခြင်းကို ဆောင်ရွက်ရန်၊ လူကြီးမင်းအား ပုဂ္ဂိုလ်ရေးသီးသန့် ဝန်ဆောင်မှုများ ပေးရန်၊ သို့မဟုတ် အချက်အလက်များကို စုဆောင်းထားရသည့် ရည်ရွယ်ချက်များနှင့် ကိုက်ညီသော၊ ဥပဒေဖြင့် ခွင့်ပြုထားသော အခြားအခြေအနေများ ပါဝင်ပါသည်။
- ကျွန်ုပ်တို့သည် လုပ်ငန်းလည်ပတ်ရန်၊ ပြုပြင်ထိန်းသိမ်းရန်၊ စီမံခန့်ခွဲရန်၊ ဝန်ဆောင်မှုများ၊ SITES များကို အရည်အသွေးမြှင့်တင်ရန်၊ ကြီးကြပ်ကွပ်ကဲရန်၊ လူကြီးမင်း၏ တောင်းဆိုမှုများကို ဖြည့်ဆည်းဝန်ဆောင်မှုပေးရန်တို့အတွက် ကျွန်ုပ်တို့၏ ကိုယ်စား သို့မဟုတ် ကျွန်ုပ်တို့၏ညွှန်ကြားချက်များတိုင်း လုပ်ဆောင်ပေးသည့် ပြင်ပရှိ ကန်ထရိုက်တာများ၊ အကြံပေးများ၊ အတိုင်ပင်ခံများအနေဖြင့် လူကြီးမင်း၏ကိုယ်ရေးကိုယ်တာ အချက်အလက် များကို ထုတ်ဖော်နိုင်ခြင်း
- လုပ်ငန်းရည်ရွယ်ချက်များ ပြည့်မီအောင် ဆောင်ရွက်ရာတွင် လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များကို ထိန်းချုပ်ထားသော အခြားကုမ္ပဏီများ၊ ဌာနတွင်းစီမံခန့်ခွဲမှုနှင့် စီမံခန့်ခွဲရေးဆိုင်ရာရည်ရွယ်ချက်များအပါအဝင် ကျွန်ုပ်တို့၏ တွဲဖက်ကုမ္ပဏီများနှင့် မျှဝေနိုင်ရန်နှင့်
- အချက်အလက်ကို ထိန်းသိမ်းထားသည့် လုပ်ငန်းများနှင့် ကော်ပိုရိတ်ငွေပေးငွေယူ၊ ဆက်လက် ချိတ်ဆက်လုပ်ဆောင်ခြင်း သို့မဟုတ် ပြန်လည်ဖွဲ့စည်းခြင်းနှင့်ပတ်သက်၍ လူကြီးမင်း၏ပုဂ္ဂိုလ်ရေး အချက်အလက်များကို ကျွန်ုပ်တို့အနေဖြင့် ထုတ်ဖော်နိုင်ပါသည်။
ကျွန်ုပ်တို့သည် လိုအပ်သည့်အခြေအနေများတွင် သင့်၏ တည်နေရာအချက်အလက်အပါအဝင် ကိုယ်ရေးအချက်အလက်များကိုလည်း ထုတ်ဖော်နိုင်ပါသည်။
- တရားရေးလုပ်ငန်းစဉ် (ဥပမာ၊ တရားရုံးအမိန့်၊ ရှာဖွေဝရမ်း သို့မဟုတ် တရားရုံးဆင့်ခေါ်စာ) သို့မဟုတ် တရားဥပဒေစိုးမိုးရေး သို့မဟုတ် စည်းမျဉ်းအာဏာပိုင်များထံမှ တောင်းဆိုလာလျှင်
- SITES များ၊ Better ဝန်ဆောင်မှုများသည် ကျွန်ုပ်တို့ သတ်မှတ်ထားသော မူဝါဒများချိုးဖောက်ခြင်း၊ တည်ဆဲဥပဒေ ချိုးဖောက်ခြင်း သို့မဟုတ် မှုခင်းကျူးလွန်မှုတွင် တစ်နည်းနည်းဖြင့် ပါဝင်ခြင်းများ ရှိလျှင်
- လူကြီးမင်း သို့မဟုတ် အခြားသူတစ်ဦး၏ လုံခြုံရေးကို ခြိမ်းခြောက်နိုင်သည့် အရေးပေါ်အခြေအနေတစ်ခု သို့မဟုတ်
- Better သို့မဟုတ် တတိယ အဖွဲ့အစည်းများ၏ အခွင့်အရေး သို့မဟုတ် ပိုင်ဆိုင်မှုကို ကာကွယ်ရန် လိုအပ်သည့်အခြေအနေမျိုးတွင်လည်း Better အနေဖြင့် လူကြီးမင်း၏ ပုဂ္ဂိုလ်ရေးအချက်အလက်များကို ထုတ်ဖော်နိုင်ပါသည်။
၆။ ကြော်ငြာခြင်း၊ Cookies နှင့် အလားတူနည်းပညာများ
၆-၁ ကြော်ငြာခြင်းနှင့် စိတ်ကြိုက်ရွေးချယ်ခြင်း
Better သည် လူကြီးမင်းအား SMS သို့မဟုတ် အပလီကေးရှင်းတွင်း အသိပေးချက်များ မှတစ်ဆင့် ပေးပို့ခြင်းအပါအဝင် စျေးကွက်ရှာဖွေရေးနှင့် ကြော်ငြာခြင်းဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများကို အသိပေးရန်အတွက် လူကြီးမင်း စိတ်တိုင်းကျ၊ လူကြီးမင်းတစ်ဦးတည်းအတွက် အထူးသီးသန့် ပြုလုပ်ထားသော အကြောင်းအရာနှင့် အချက်အလက်များကို ပေးအပ်နိုင်ရန်အတွက် လူကြီးမင်း၏ ပုဂ္ဂိုလ်ရေးအချက်အလက် များကို အသုံးပြုမည်ဖြစ်ပါသည်။ လူကြီးမင်းထံသို့ ပရိုမိုးရှင်းအီးမေးလ်များ မပို့စေလိုပါက သက်ဆိုင်ရာ ဆက်သွယ်ရေး လမ်းကြောင်းမှ ပေးအပ်ထားသော အသိပေးချက် ပိတ်သိမ်းခြင်းဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း ဆောင်ရွက်နိုင်ပါသည်။
၆-၃ Cookies အသုံးပြုမှု
Better သည် လူကြီးမင်း၏ ကွန်ပျူတာ သို့မဟုတ် မိုဘိုင်းကိရိယာရှိ Browsers များတွင် ထည့်သွင်းထားသော Cookies များ၊ Flash objects များနှင့် အခြားခြေရာခံနည်းပညာများကို အသုံးပြုပြီး Better တွင် လူကြီးမင်း၏ ဝင်ရောက်မှုကို အတည်ပြုရန်နှင့် ပိုမိုကောင်းမွန်သော သုံးစွဲမှုအတွေ့အကြုံများ ရရှိစေရန်အတွက် အသုံးပြုနိုင်သည်။ ကျွန်ုပ်တို့သည် ဘရောက်ဆာကို ပိတ်လိုက်သည်နှင့် သက်တမ်းကုန်ဆုံးသွားပြီး အသုံးပြုသူ၏ အကောင့်အခြေအနေနှင့် မည်သူမည်ဝါဖြစ်ကြောင်း ထိန်းသိမ်းရန် အသုံးပြုသည့် Session Cookies များနှင့် စက်ပစ္စည်းပေါ်တွင် အချိန်ကာလတစ်ခုအထိ သိုလှောင်ကျန်ရစ်ပြီး လူကြီးမင်း၏ စိတ်ကြိုက်ရွေးချယ်မှုများကို မှတ်သားရန်နှင့် အသုံးပြုမှု အတွေ့အကြုံကို တိုးတက်စေရန် ကူညီပေးသည့် Persistent Cookies နှစ်မျိုးလုံးကို အသုံးပြုပါသည်။
ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏တတိယပါတီဖြစ်သော တစ်ဆင့်ခံ မိတ်ဖက် အဖွဲ့အစည်းများသည် Cookies များနှင့် ခြေရာခံခြင်းနည်းပညာများမှတစ်ဆင့် စုဆောင်းရရှိထားသော အောက်ပါ အချက်အလက်ကို အသုံးပြုမည်ဖြစ်ပါသည်-
- (က) မိမိတို့ SITESအတွင်းသို့ ဝင်ရောက်ခြင်း သို့မဟုတ် မိမိတို့၏ ဝန်ဆောင်မှုများကို နောက်တစ်ကြိမ် အသုံးပြုသည့်အခါတွင် ပထမအကြိမ် ဖြည့်သွင်းထားသော အချက်အလက်များကို ထပ်မံ၍ ပြန်လည်ဖြည့်သွင်းရန် မလိုအပ်စေရအောင် အချက်အလက်များကို မှတ်သားထားခြင်း၊
- (ဂ) ကျွန်ုပ်တို့၏ဝန်ဆောင်မှုများတွင် လာရောက်လည်ပတ်သူ စုစုပေါင်းအရေအတွက်၊ အသုံးပြုမှုနှင့် လူဦးရေစာရင်းပုံစံများကဲ့သို့သော စုစည်းတိုင်းတာမှုများကို စောင့်ကြည့်စစ်ဆေးခြင်း၊
- (ဃ) နည်းပညာဆိုင်ရာ ပြဿနာများကို ရှာဖွေဖော်ထုတ်ခြင်း သို့မဟုတ် ပြင်ဆင်ခြင်း၊
- (င) လိမ်လည်မှု သို့မဟုတ် အလွဲသုံးစားမှုများအား ရှာဖွေပြီး တားဆီးခြင်း သို့မဟုတ်
- (စ) ကျွန်ုပ်တို့၏ဝန်ဆောင်မှုများကို အဆင့်မြှင့်တင်ရန်ပြင်ဆင်ခြင်း သို့မဟုတ် အဆင့်မြှင့်တင်ခြင်း။
၆.၃ Cookies ဆိုင်ရာ စိတ်ကြိုက် ရွေးချယ်နိုင်ခွင့်များ
လူကြီးမင်းအနေဖြင့် Cookies များကို လက်မခံလိုပါက ဘရောက်ဆာအများစုတွင် အောက်ပါအတိုင်း ပြောင်းလဲသတ်မှတ်နိုင်ပါသည် -
- Cookie ရရှိသည့်အခါ သတိပေးချက်ပြသပေးရန် ပြောင်းလဲသတ်မှတ်ခြင်းဖြင့် လက်ခံ/မခံ ရွေးချယ်နိုင်ခြင်း၊
- ရှိနှင့်ပြီးသား Cookies များကို ပိတ်ထားခြင်း၊ သို့မဟုတ်
- Cookies များကို အလိုအလျောက် ငြင်းပယ်ရန် ဘရောက်ဆာတွင် စက်ရုံထုတ်အတိုင်း ပြင်ဆင်ထားခြင်း။
လူကြီးမင်း ကွန်ပျူတာပေါ်ရှိ Macromedia Flash အပလီကေးရှင်း သို့မဟုတ် Macromedia Flash Player ဝဘ်ဆိုက်မှတစ်ဆင့် Flash cookies များကို ကြည့်ရှုခြင်း၊ ပြင်ဆင်ခြင်းနှင့် ဖျက်ဆီးခြင်းတို့ကို ပြုလုပ် ထိန်းချုပ်နိုင်ပါသည်။ ဘရောက်ဆာ သို့မဟုတ် Flash cookies များကို ငြင်းပယ်ပါက ကျွန်ုပ်တို့ ဝဘ်ဆိုက်၏ အချို့သော အစိတ်အပိုင်းများမှ ပုံမှန်အတိုင်း အလုပ်လုပ်ဆောင်နိုင်မည် မဟုတ်ပါ။လူကြီးမင်း အသုံးပြုသော စက်ပစ္စည်းနှင့် စနစ်ပေါ်မူတည်၍ ခြေရာခံ နည်းပညာများ အားလုံးကို ဖျက်ဆီးရန် သို့မဟုတ် ပိတ်ပင်ရန် မဖြစ်နိုင်သည်လည်း ရှိနိုင်ပါသည်။ ထို့အပြင် ကျွန်ုပ်တို့ထံမှ ပေးပို့သော အီးမေးလ်များကို ဖွင့်ကြည့်ခြင်း သို့မဟုတ် တုံ့ပြန်ဆောင်ရွက်ခြင်း ရှိမရှိ သိရှိနိုင်သည့် နည်းပညာများ ပါဝင်နိုင်သော ဓာတ်ပုံ/ပုံရိပ်များကို အလိုအလျောက် ဒေါင်းလုဒ်မဆွဲယူစေရန်အတွက် လူကြီးမင်း၏ အီးမေးလ် ဆက်တင်များတွင်လည်း ပြင်ဆင်သတ်မှတ်နိုင်ပါသည်။
၆-၄ အွန်လိုင်းကြော်ငြာနှင့် ပြင်ပကုမ္ပဏီကြော်ငြာကွန်ရက်များ
Better သည် လူကြီးမင်း၏ ဝဘ်ဆိုက်ကြည့်ရှုမှု မှတ်တမ်းအပေါ် မူတည်၍ ပစ်မှတ်ထား ကြော်ငြာများ ပြသနိုင်ရန် ပြင်ပကုမ္ပဏီ ကြော်ငြာကွန်ရက် ဝန်ဆောင်မှုပေးသူများကို အသုံးပြုပါသည်။ အဆိုပါ ဝန်ဆောင်မှုပေးသူများသည် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ၊ လူကြီးမင်း အသုံးပြုသော အခြားဝဘ်ဆိုက်များ၊ အပလီကေးရှင်းများ သို့မဟုတ် ဝန်ဆောင်မှုများနှင့် အခြား စက်ပစ္စည်းများပေါ်တွင် ကြော်ငြာများ ပြသနိုင်ရန် မိုဘိုင်းအက်ပ်များ အပါအဝင် ကျွန်ုပ်တို့၏ ဝဘ်ဆိုက်များကို လူကြီးမင်း သုံးစွဲမှုဆိုင်ရာ အချက်အလက်များကို အချိန်နှင့်အမျှ ရယူစုဆောင်းရန် Cookies သို့မဟုတ် အလားတူ နည်းပညာများကို အသုံးပြုကြသည်။ စက်ပစ္စည်းအမျိုးမျိုးတွင် လူကြီးမင်းကို ခွဲခြားသိရှိနိုင်ရန် ကျွန်ုပ်တို့၏ အသုံးများသော အကောင့်အမှတ်အသားကို ပြင်ပကုမ္ပဏီ ကြော်ငြာမိတ်ဖက်များနှင့် မျှဝေကောင်း မျှဝေနိုင်ပါသည်။ ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ မိတ်ဖက်များသည် လူကြီးမင်း မြင်တွေ့ရသော ကြော်ငြာများကို လူကြီးမင်း စိတ်ဝင်စားမှုနှင့် ပိုမိုကိုက်ညီစေရန်၊ အစီရင်ခံစာ ထုတ်ပြန်ခြင်း၊ ရလဒ်စိစစ်ခြင်း၊ အချက်အလက် ဆန်းစစ်ခြင်းနှင့် ဈေးကွက်သုတေသန ပြုလုပ်ခြင်းကဲ့သို့သော ဆက်စပ်ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန် ဤအချက်အလက်များကို အသုံးပြုပါသည်။
အကြောင်းအရာနှင့် ကြော်ငြာကွန်ရက် ဝန်ဆောင်မှုပေးသူများ၏ Cookies များ၊ Web Beacons များ သို့မဟုတ် အလားတူ နည်းပညာများ အသုံးပြုမှုသည် ဤကိုယ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာ မူဝါဒနှင့် မသက်ဆိုင်ဘဲ ၎င်းတို့၏ ကိုယ်ပိုင် ကိုယ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာ မူဝါဒများအတိုင်းသာ သက်ဆိုင်မည် ဖြစ်သည်။
NAI သို့မဟုတ် DAA ၏ အွန်လိုင်း အရင်းအမြစ်များမှတစ်ဆင့် စိတ်ဝင်စားမှုအပေါ် အခြေခံသည့် ကြော်ငြာများကို ငြင်းပယ်ခြင်းသည် အဆိုပါ ဆောင်ရွက်ချက် ပြုလုပ်ခဲ့သော ဘရောက်ဆာ သို့မဟုတ် စက်ပစ္စည်းအတွက်သာ သက်ရောက်မည်ဖြစ်ရာ လူကြီးမင်း အသုံးပြုသည့် ဘရောက်ဆာ သို့မဟုတ် စက်ပစ္စည်း တိုင်းအတွက် ငြင်းပယ်ခြင်းကို ထပ်မံ လုပ်ဆောင်ရမည် ဖြစ်သည်။ ထို့အပြင် ထိုသို့ ရွေးချယ်မှုများသည် Cookies အပေါ် အခြေမခံသော ကြော်ငြာများအပေါ် သက်ရောက်မှု ရှိမည် မဟုတ်ပါ။ လူကြီးမင်း၏ ဘရောက်ဆာက Cookies များကို လက်ခံမှသာ အချို့သော ငြင်းပယ်မှုများ ထိရောက်မှု ရှိမည်ဖြစ်ပြီး၊ Cookies များကို ဖျက်ဆီးခြင်း၊ ဘရောက်ဆာ ဆက်တင်များ ပြောင်းလဲခြင်း သို့မဟုတ် ဘရောက်ဆာ၊ ကွန်ပျူတာ သို့မဟုတ် စနစ် ပြောင်းလဲသုံးစွဲခြင်းများ ပြုလုပ်ပါက ထိုသို့ ငြင်းပယ်ခြင်းကို ပြန်လည် ဆောင်ရွက်ရန် လိုအပ်နိုင်သည်။
လူကြီးမင်းအနေဖြင့် မိမိစက်ပစ္စည်း၏ ဆက်တင်များအတွင်း “Limit Ad Tracking” (iOS) သို့မဟုတ် “Opt out of Ads Personalization” (Android) ကို ရွေးချယ်ခြင်းဖြင့် မိုဘိုင်း အခြေပြု စိတ်ဝင်စားမှုအပေါ် မူတည်သည့် ကြော်ငြာများကို ကန့်သတ်နိုင်ပါသည်။ App Choices သို့ ဝင်ရောက်၍ သက်ဆိုင်ရာ အက်ပ်ကို ဒေါင်းလုဒ်ဆွဲခြင်းဖြင့် မိုဘိုင်းကြော်ငြာ ကွန်ရက်များမှ ပြသသော စိတ်ဝင်စားမှုအပေါ် အခြေခံသည့် ကြော်ငြာ အချို့ကို ငြင်းပယ်နိုင်ပြီး၊ စက်ပစ္စည်း၏ တည်နေရာ ဆက်တင်များမှတစ်ဆင့် ကြော်ငြာ ရည်ရွယ်ချက်အတွက် တည်နေရာ အချက်အလက်များ အသုံးပြုမှုကိုလည်း ကန့်သတ်နိုင်ပါသည်။ သီးခြားပြင်ပအဖွဲ့အစည်းများ၏ ငြင်းပယ်ခြင်းဆိုင်ရာ ရွေးချယ်မှုများ သို့မဟုတ် ပရိုဂရမ်များ၏ ထိရောက်မှု၊ လိုက်နာမှု သို့မဟုတ် ၎င်းတို့နှင့် ပတ်သက်သည့် ဖော်ပြချက်များ၏ တိကျမှုတို့အတွက် ကျွန်ုပ်တို့တွင် တာဝန်မရှိပါ။
စိတ်ဝင်စားမှုအပေါ် အခြေခံသည့် ကြော်ငြာများကို ငြင်းပယ်ခြင်းသည် ကျွန်ုပ်တို့ထံမှ သို့မဟုတ် ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများပေါ်တွင် ကြော်ငြာများကို လုံးဝ မြင်တွေ့ရတော့မည် မဟုတ်ဟု အဓိပ္ပာယ်မသက်ရောက်ပါ။ ထို့အပြင် ပြင်ပကုမ္ပဏီ အဖွဲ့အစည်းများသည် အချက်အလက် ဆန်းစစ်ခြင်း၊ လိမ်လည်မှုများ ကာကွယ်ခြင်းနှင့် အခြား ကြော်ငြာမဟုတ်သော ရည်ရွယ်ချက်များအတွက် ကျွန်ုပ်တို့ ဝန်ဆောင်မှုများအား လူကြီးမင်း သုံးစွဲမှုဆိုင်ရာ အချက်အလက်များကို ရယူစုဆောင်းရန် Cookies များကို ဆက်လက် အသုံးပြုကောင်း အသုံးပြုနိုင်ပါသည်။.
၆.၅ အချက်အလက် ဆန်းစစ်ခြင်း၊ အက်ပ်အတွင်းသုံး ကိရိယာများနှင့် ကြော်ငြာ နည်းပညာများ
အသုံးပြုသူများ ကျွန်ုပ်တို့၏ ဝဘ်ဆိုက်များ၊ မိုဘိုင်းအက်ပ်နှင့် ဝန်ဆောင်မှုများကို မည်သို့ အပြန်အလှန် အသုံးပြုသည်ကို နားလည်သဘောပေါက်စေရန် Google Analytics ကို အသုံးပြုထားသည့်အပြင် CleverTap နှင့် Amplitude အပါအဝင် အခြားသော အချက်အလက် ဆန်းစစ်ခြင်း၊ တိုင်းတာခြင်းနှင့် အက်ပ်အတွင်း အပြန်အလှန် ဆက်သွယ်မှုဆိုင်ရာ ကိရိယာများကိုလည်း အသုံးပြုကောင်း အသုံးပြုနိုင်ပါသည်။ အဆိုပါ ကိရိယာများသည် စက်ပစ္စည်း အမှတ်အသားများ၊ အသုံးပြုသူ အမှတ်အသားများ၊ အက်ပ်အတွင်း လှုပ်ရှားမှုများ၊ လုပ်ဆောင်ချက်ဆိုင်ရာ အသုံးပြုမှုများ၊ အသုံးပြုချိန်အတွင်း လှုပ်ရှားမှုများ၊ အပြန်အလှန် တုံ့ပြန်မှုဆိုင်ရာ အချက်အလက်များ၊ အက်ပ်မှစွမ်းဆောင်ရည်ချို့ယွင်းသွားခြင်း သို့မဟုတ် စွမ်းဆောင်ရည်ဆိုင်ရာ အချက်အလက်များနှင့် အခြားနည်းပညာ သို့မဟုတ် အသုံးပြုမှုဆိုင်ရာ အချက်အလက်များကို ရယူစုဆောင်းခြင်း သို့မဟုတ် စိစစ်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ၏ စွမ်းဆောင်ရည်ကို တိုင်းတာရန်နှင့် တိုးတက်စေရန်၊ အသုံးပြုသူ၏ အမူအကျင့်များကို ဆန်းစစ်ရန်၊ အကြောင်းအရာများနှင့် အတွေ့အကြုံများကို သီးသန့် စိတ်ကြိုက် ပြင်ဆင်ပေးရန်၊ ပြဿနာများကို ဖြေရှင်းရန်၊ သုတေသနပြုခြင်းနှင့် အစီရင်ခံစာ ထုတ်ပြန်ခြင်းများ ပြုလုပ်ရန်၊ ထုတ်ကုန် တိုးတက်ရေးနှင့် လုပ်ငန်းဆိုင်ရာ အချက်အလက် ဆန်းစစ်ခြင်းများကို ပံ့ပိုးရန်အတွက် ဤအချက်အလက်များကို အသုံးပြုပါသည်။
အချက်အလက် ဆန်းစစ်ခြင်း၊ တိုင်းတာခြင်း၊ ရလဒ် စိစစ်ခြင်း၊ သုံးစွဲသူ အုပ်စု ခွဲခြားခြင်း၊ သီးသန့် စိတ်ကြိုက် ပြင်ဆင်ခြင်း၊ အက်ပ်အတွင်း စာတို ပေးပို့ခြင်း၊ ကမ်ပိန်းများ စီမံခန့်ခွဲခြင်းနှင့် ဆက်စပ် ဝန်ဆောင်မှုများ ဆောင်ရွက်နိုင်ရန်အတွက် သီးခြား အမှတ်အသားများ၊ အသွင်ပြောင်း ဝှက်ထားသော ဆက်သွယ်ရန် အချက်အလက်များ၊ စက်ပစ္စည်း အချက်အလက်များ သို့မဟုတ် အသုံးပြုမှုဆိုင်ရာ လှုပ်ရှားမှုများ ကဲ့သို့သော ကန့်သတ်ထားသည့် အချက်အလက်များကို အဆိုပါ ဝန်ဆောင်မှု ပေးသူများနှင့် မျှဝေခြင်း သို့မဟုတ် ပေးအပ်ခြင်းတို့ ပြုလုပ်နိုင်ပါသည်။ ၎င်းဝန်ဆောင်မှု ပေးသူများသည် အချက်အလက်များကို သက်ဆိုင်ရာ ၎င်းတို့၏ ကိုယ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာ မူဝါဒများနှင့် သက်ဆိုင်ပါက ကျွန်ုပ်တို့၏ လမ်းညွှန်ချက်များနှင့်အညီ စိစစ်ဆောင်ရွက်ကြသည်။ ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများနှင့် လူကြီးမင်း၏ အပြန်အလှန် ဆက်သွယ်မှုများအပေါ် အခြေခံ၍ ကြော်ငြာများ သို့မဟုတ် သီးသန့် အကြောင်းအရာများကို အသိပေးရန်၊ အကောင်းဆုံး ဖြစ်စေရန်နှင့် ပြသရန်အတွက် ပြန်လည်ဈေးကွက်တင်ခြင်း၊ ကြော်ငြာပြသမှုအစီရင်ခံခြင်းနှင့် လူဦးရေဆိုင်ရာအချက်အလက်များနှင့် စိတ်ဝင်စားမှုများဆိုင်ရာ အစီရင်ခံခြင်း နှင့် အလားတူ လုပ်ဆောင်ချက်များ အပါအဝင် အချို့သော ကြော်ငြာ ပြသခြင်းနှင့် အဆင့်မြင့် အချက်အလက် ဆန်းစစ်ခြင်းဆိုင်ရာ လုပ်ဆောင်ချက်များကိုလည်း အသုံးပြုနိုင်ပါသည်။
အဆိုပါ လုပ်ဆောင်ချက်များ ရရှိနိုင်ပါက လူကြီးမင်း၏ စက်ပစ္စည်း ဆက်တင်များ၊ အက်ပ် ဆက်တင်များ သို့မဟုတ် သက်ဆိုင်ရာ ဝန်ဆောင်မှု ပေးသူများမှ ပေးအပ်ထားသော အသိပေးချက် ပိတ်သိမ်းခြင်း ကိရိယာများမှတစ်ဆင့် အချို့သော အချက်အလက် ဆန်းစစ်ခြင်း၊ ကြော်ငြာခြင်း သို့မဟုတ် အသိပေးချက် ဆိုင်ရာ စိတ်ကြိုက် ရွေးချယ်မှုများကို ထိန်းချုပ် ဆောင်ရွက်နိုင်ပါသည်။ သို့သော်လည်း အချို့သော ခွင့်ပြုချက်များ သို့မဟုတ် ခြေရာခံ နည်းပညာများကို ပိတ်ထားပါက ကျွန်ုပ်တို့ အက်ပ် သို့မဟုတ် ဝန်ဆောင်မှုများ၏ အချို့သော လုပ်ဆောင်ချက်များ ရရှိနိုင်မှု သို့မဟုတ် လုပ်ဆောင်နိုင်စွမ်းများကို ထိခိုက်စေနိုင်ပါသည်။
၆.၆ လူမှုကွန်ရက် ကြော်ငြာများနှင့် လူမှုကွန်ရက် မျှဝေခြင်းဆိုင်ရာ လုပ်ဆောင်ချက်များ
လူကြီးမင်းအား စိတ်ဝင်စားမှုအပေါ် အခြေခံသည့် ကြော်ငြာများ ပြသရန်၊ မည်သည့် ကြော်ငြာများကို မပြသသင့်ကြောင်း ဆုံးဖြတ်ရန်နှင့် အဆိုပါ ကြော်ငြာများနှင့် အပြန်အလှန် တုံ့ပြန်မှုများကို တိုင်းတာရန်အတွက် Facebook၊ Viber နှင့် အခြားသော လူမှုကွန်ရက် ပလပ်ဖောင်းများမှ ပေးအပ်ထားသည့် ကြော်ငြာ ပလပ်ဖောင်းများကို ကျွန်ုပ်တို့ အသုံးပြုနိုင်ပါသည်။ ဝဘ်ဆိုက် ခြေရာခံ ကိရိယာများကို အသုံးပြုခြင်း သို့မဟုတ် အသွင်ပြောင်း ဝှက်ထားသော အီးမေးလ် စာရင်းများ ကဲ့သို့သော အချို့သော အချက်အလက်များကို အဆိုပါ ပလပ်ဖောင်းများနှင့် မျှဝေခြင်းဖြင့် ဤသို့ ဆောင်ရွက်နိုင်သည်။ အဆိုပါ ကြော်ငြာများသည် သက်ဆိုင်ရာ လူမှုကွန်ရက် ကုမ္ပဏီများ၏ ကိုယ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာ မူဝါဒများအတိုင်း လိုက်နာဆောင်ရွက်မည် ဖြစ်သည်။ လူကြီးမင်း၏ လူမှုကွန်ရက်များပေါ်တွင် ပစ်မှတ်ထား ကြော်ငြာများကို မရယူလိုပါက အဆိုပါ ပလပ်ဖောင်းများရှိ လူကြီးမင်း၏ အကောင့် ဆက်တင်များအတွင်း ကြော်ငြာ စိတ်ကြိုက် ရွေးချယ်မှုများကို ပြင်ဆင်နိုင်ပါသည် (ဥပမာ- Facebook ၏ ကြော်ငြာနှင့် ကိုယ်ရေးအချက်အလက် လုံခြုံမှုဆိုင်ရာ ဆောင်ရွက်ချက်များကို ပြန်လည် သုံးသပ်နိုင်သည်)။ အခြား လူမှုကွန်ရက် ပလပ်ဖောင်းများတွင်လည်း အလားတူ ကြော်ငြာ ပရိုဂရမ်များကို ကျွန်ုပ်တို့ အသုံးပြုကောင်း အသုံးပြုနိုင်ပါသည်။
ထို့ပြင် သုံးစွဲသူအုပ်စုခွဲခြားခြင်း၊ အသုံးပြုသူ လမ်းကြောင်း ဆန်းစစ်ခြင်း၊ ထုတ်ကုန် အသုံးပြုမှု ဆန်းစစ်ခြင်း၊ ကမ်ပိန်း စွမ်းဆောင်ရည် တိုင်းတာခြင်း၊ အက်ပ်အတွင်း စာတိုပေးပို့ခြင်းနှင့် အလားတူ လုပ်ဆောင်ချက်များကို ပံ့ပိုးရန်အတွက် အက်ပ်အတွင်း အပြန်အလှန် ဆက်သွယ်မှု၊ ရလဒ် စိစစ်မှု၊ အချက်အလက် ဆန်းစစ်မှုနှင့် ဆက်သွယ်ရေးဆိုင်ရာ ကိရိယာများကိုလည်း အသုံးပြုနိုင်ပါသည်။ အဆိုပါ ကိရိယာများသည် အသုံးပြုသူများ ကျွန်ုပ်တို့၏ အက်ပ်နှင့် ဝန်ဆောင်မှုများကို မည်သို့ အပြန်အလှန် အသုံးပြုသည်ကို နားလည်စေရန်၊ သက်ဆိုင်ရာ ဆက်သွယ်မှုများကို ပေးပို့နိုင်ရန်၊ သုံးစွဲသူ အတွေ့အကြုံကို တိုးတက်စေရန်နှင့် ကျွန်ုပ်တို့၏ ထုတ်ကုန်၊ ဈေးကွက်မြှင့်တင်ရေးနှင့် အပြန်အလှန် ဆက်သွယ်မှုဆိုင်ရာ လုပ်ဆောင်ချက်များ၏ ထိရောက်မှုကို သုံးသပ်ရန်အတွက် ကူညီပေးပါသည်။
၆-၇ ခြေရာခံမှုမပြုရန် အချက်ပြမှုများ
အချို့ Browser များသည် ဝင်ရောက်ကြည့်ရှုရာတွင် "ခြေရာခံခြင်းမပြုလုပ်ရန်" ကိုရွေးချယ်နိုင်ပါသည်။ Better မှလုပ်ဆောင်သော SITES များသည် အဆိုပါ အချက်ပြမှုများကို လောလောဆယ်တုံ့ပြန်နိုင်ခြင်းမရှိပါ။ Cookies များကို ပိတ်ခြင်း သို့မဟုတ် ငြင်းပယ်ခြင်းတို့ပြုလုပ်ထားသော်လည်း ဤနေရာတွင် ဖော်ပြထားသော ခြေရာခံခြင်းအားလုံး ရပ်တန့်နိုင်မည်မဟုတ်ပါ။
၇။ တတိယပါတီ၏ ဝန်ဆောင်မှုများနှင့်ချိတ်ဆက်ခြင်း
ကျွန်ုပ်တို့၏ Sites များတွင် Better ၏ ပုဂ္ဂိုလ်ရေးအချက်အလက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် မတူညီသော ပုဂ္ဂိုလ်ရေးအချက်အလက်ဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ကျင့်သုံးဆောင်ရွက်သည့် အခြား SITES များ သို့မဟုတ် မိုဘိုင်း အက်ပလီကေးရှင်းများ၏ လင့်ခ်များပါဝင်နိုင်သည်။ ပြင်ပကုမ္ပဏီ SITES များနှင့် အွန်လိုင်းဝန်ဆောင်မှုများ သို့မဟုတ် အခြားတတိယပါတီများ၏ ပုဂ္ဂိုလ်ရေးအချက်အလက်ဆိုင်ရာ ကျင့်ထုံးများအတွက် ကျွန်ုပ်တို့တွင် တာဝန်မရှိပါ။ လူကြီးမင်းအနေဖြင့် ဝင်ရောက်ကြည့်ရှုသည့် SITES သို့မဟုတ် လူကြီးမင်းအသုံးပြုသည့် မိုဘိုင်းအက်ပ်ပလီကေးရှင်း၏ ပုဂ္ဂိုလ်ရေးအချက်အလက်ဆိုင်ရာ မူဝါဒကို ဂရုတစိုက်ဖတ်ရှုရန် ကျွန်ုပ်တို့ တိုက်တွန်းအပ်ပါသည်။
၈။ ကိုယ်ရေးကိုယ်တာအချက်အလက်ကို ပြန်လည်သုံးသပ်ခြင်းနှင့် ပြင်ဆင်ခြင်း
Betterသည် သင်၏ကိုယ်ရေးကိုယ်တာ အချက်အလက်များတွင် မှားယွင်းမှုများရှိပါက ဖော်ထုတ်သိရှိနိုင်ရန်အတွက် ထိုအချက်အလက်များကို သင့်အနေဖြင့် သင့်လျော်ပြီး လက်တွေ့ကျသော နည်းလမ်းဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ရန် ဆောင်ရွက်ထားပါသည်။ သင်မှတောင်းဆိုလာလျှင် Better သည် သင်၏ ကိုယ်ရေးကိုယ်တာအချက်အလက်များကို လက်ဝယ် ကိုင်ဆောင်ထားခြင်းရှိ/ မရှိနှင့်ပတ်သက်၍ သင့်အားအသိပေး ပေးနိုင်ပါသည်။ အကယ်၍ မှားယွင်းမှုတစ်စုံတစ်ရာကို အသိပေးလာပါက ကျွန်ုပ်တို့သည် လုပ်ငန်းပိုင်းအရ လက်တွေ့လုပ်ဆောင်နိုင်သော အခြေအနေတွင် သင့်လျော်သော ပြင်ဆင်မှုများကို ပြုလုပ်နိုင် ပါသည်။ တည်ဆဲဥပဒေများအရ လူကြီးမင်း၏ ကိုယ်ရေးကိုယ်တာ အချက်အလက်များ၏ မိတ္တူကို ကျွန်ုပ်တို့အနေဖြင့် တောင်းဆိုခွင့်ရှိပြီး မှားယွင်းမှုများရှိပါက ပြန်လည်ပြင်ဆင်ခွင့် တောင်းခံ နိုင်ပါသည်။
၉။ ပုဂ္ဂိုလ်ရေးအချက်အလက်ဆိုင်ရာသတိပေးချက်
ကျွန်ုပ်တို့သည် ဤကိုယ်ရေးကိုယ်တာသတိပေးချက်ကို အခါအားလျော်စွာ ပြောင်းလဲပြင်ဆင်နိုင်သောကြောင့် မကြာခဏ ပြန်လည်ဖတ်ရှုရန် အကြံပြုလိုပါသည်။ ကျွန်ုပ်တို့၏ ဝက်ဘ်ဆိုဒ် သို့မဟုတ် အခြားနည်းလမ်းများမှတစ်ဆင့် ဤပုဂ္ဂိုလ်ရေးအချက်အလက်ဆိုင်ရာ သတိပေးချက်အတွက် အပြောင်းအလဲများရှိလာပါက လူကြီးမင်းကို အသိပေးမည်ဖြစ်ပြီး ပြင်ဆင်ထားသော စည်းကမ်း ချက်များအားလုံးသည်လည်း ပြင်ဆင်သည့်နေ့မှစ၍ အလိုအလျောက် အသက်ဝင်မည် ဖြစ်ပါသည်။ ဤပုဂ္ဂိုလ်ရေးအချက်အလက်ဆိုင်ရာသတိပေးချက်ကို ကျွန်ုပ်တို့အနေဖြင့် ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်သည့်အခါ ပုဂ္ဂိုလ်ရေးအချက်အလက်ဆိုင်ရာ သတိပေးချက်၏အစတွင် "နောက်ဆုံးမွမ်းမံပြင်ဆင်ထားသော" ရက်စွဲကို ပြောင်းလဲဖော်ပြထားမည်ဖြစ်ပါသည်။ Better ဝန်ဆောင်မှုကို ဆက်လက်အသုံးပြုခြင်းသည် Better က ပြန်လည်ပြင်ဆင်ထားသော ပုဂ္ဂိုလ်ရေးအချက်အလက်ဆိုင်ရာ သတိပေးချက်များကို လူကြီးမင်းက လက်ခံလိုက်ခြင်း ဖြစ်သည်ဟု ကျွန်ုပ်တို့က မှတ်ယူလိုက်မည်ဖြစ်ပါသည်။
၁၀။ ဆက်သွယ်ရန်
ကျွန်ုပ်တို့၏ ပုဂ္ဂိုလ်ရေးအချက်အလက်များ ကိုင်တွယ်ဖြေရှင်းပုံနှင့်ပတ်သက်၍ မေးမြန်းလိုပါက hello@better.com.mm သို့ ရုံးဖွင့်ချိန် တစ်နှစ်ပတ်လုံး ကျွန်ုပ်တို့ထံသို့ အီးမေးလ်ရေးသားပေးပို့နိုင်သလို 09949238837 သို့ လည်း ခေါ်ဆိုနိုင်ပါသည်
Comments
0 comments
Please sign in to leave a comment.