Wave မှတဆင့် ပေးချေမှုများ ပြုလုပ်ပါ။
ကျွန်ုပ်တို့အဖွဲ့အစည်းအနေဖြင့် ငွေပေးချေမှုများကို Wave မှတစ်ဆင့်သာ လက်ခံဆောင်ရွက်ပေးပါသဖြင့် လူကြီးမင်းတို့၏ လစဉ်ပေးချေမှုများကို Better အက်ပလီကေးရှင်းအတွင်းရှိ ငွေပေးချေမှုစာမျက်နှာ (Payment page) မှတစ်ဆင့် လွယ်ကူစွာ ပေးချေနိုင်ပါသည်။ လတစ်လစာတည်းအတွက် ပေးချေလိုသည်ဖြစ်စေ၊ တစ်လထက်ပိုသော အကြိမ်အရေအတွက် ပေးချေလိုသည်ဖြစ်စေ Better အက်ပလီကေးရှင်းမှတစ်ဆင့် တိုက်ရိုက် ပေးချေနိုင်မည် ဖြစ်ပါသည်။ ပေးသွင်းလာသော ငွေပမာဏကို စစ်ဆေးအတည်ပြုပြီးပါက ပြေစာ (Receipt)တွင် ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဒေါင်းလုဒ် (Download) ရယူ သိမ်းဆည်းထားနိုင်ပါသည်။ ရွေးချယ်ထားသော လအလိုက် အသေးစိတ် ပေးချေမှု အစီအစဉ်စာရင်း (Detailed payment schedule) များကို သက်ဆိုင်ရာ မှာယူမှုအမှတ်စဉ် (Loan ID) တစ်ခုချင်းစီ၏ အောက်တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ သတ်မှတ်ရက်ထက် စောလျင်စွာ ပြန်လည်ပေးချေခြင်း (Early repayments) များကိုလည်း ခွင့်ပြုထားပြီး၊ အဆိုပါ စောလျင်စွာ ပြန်လည်ပေးချေမှုများအတွက် မည်သည့် အပိုဆောင်းဝန်ဆောင်ခ သို့မဟုတ် ဒဏ်ကြေးမျှ ကောက်ခံခြင်း ရှိမည်မဟုတ်ပါ။
Comments
0 comments
Please sign in to leave a comment.