ဤစာရွက်စာတမ်းတွင် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း Better မှ ပေးအပ်သည့် ဘဏ္ဍာရေးဝန်ဆောင်မှုများကို အသုံးပြုရာတွင် လိုက်နာရမည့် သက်ဆိုင်မှုရှိသော စည်းမျဉ်းစည်းကမ်းများနှင့် သတ်မှတ်ချက်များကို ဖော်ပြထားပါသည်။ ဤစာရွက်စာတမ်းတွင် ဖော်ပြထားသည့် မည်သည့်ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုကိုမဆို လျှောက်ထားခြင်း သို့မဟုတ် အသုံးပြုခြင်းမပြုမီ အကြောင်းအရာအားလုံးကို သေချာစွာ ဖတ်ရှုနားလည်ရန် လိုအပ်ပါသည်။
အကြောင်းအရာ
၃။ အဖွဲ့အစည်းနှင့် ချိတ်ဆက်ခြင်း
၆။ ဝန်ဆောင်မှု/ကုန်ပစ္စည်းများ ဆန်းစစ်ခြင်း
၇။ Better စတိုး (ငှားရမ်းဝယ်ယူခြင်းအစီအစဥ်)
၈။ လျှောက်ထားခြင်း လုပ်ငန်းစဉ်
၉။ချေးငွေပြန်လည်ကောက်ခံခြင်းလုပ်ငန်းစဉ်
၁၀။ လစဉ်ငွေပေးချေမှု သတ်မှတ်ချက်များ
၁၁။ ဝန်ဆောင်ခများနှင့်အခြားကျသင့်ငွေများ
၁၂။ ငွေတောင်းခံလွှာနှင့်စာရင်းရှင်းတမ်းများ
၁၄။ ပြန်ဆပ်ငွေ ကြိုတင်ပေးသွင်းခြင်း
၁၉။ အကောင့်ရပ်စဲခြင်းနှင့် ပြန်ဆပ်ရန် ပျက်ကွက်ခြင်း
၂၁။ ကိုယ်ရေးအချက်အလက်အသုံးပြုခြင်း
နိဒါန်းနှင့် သဘောတူလက်ခံခြင်း
ဤ စည်းမျဉ်းစည်းကမ်းများ (ဤ “သဘောတူညီချက်”) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်းရှိ အရည်အချင်းပြည့်မီသော အသုံးပြုသူများအား Better ("Better"၊ "ကျွန်ုပ်တို့"၊ "ကျွန်ုပ်တို့၏") ၏ Better စတိုးမှတစ်ဆင့် ပေးအပ်သည့် ချေးငွေနှင့် ငှားရမ်းဝယ်ယူခြင်းအစီအစဥ် အပါအဝင် ဆက်စပ်ဘဏ္ဍာရေးဝန်ဆောင်မှုများကို အသုံးပြုခြင်းအတွက် သက်ဆိုင်သည့် စည်းမျဉ်းစည်းကမ်းများကို သတ်မှတ်ဖော်ပြထားပါသည်။ ဤသဘောတူညီချက်တွင် "ဖောက်သည်"၊ "အသုံးပြုသူ"၊ “ငှားရမ်းဝယ်ယူသူ”၊ "သင်" သို့မဟုတ် "သင့်" ဟု ဖော်ပြထားသည်မှာ အဆိုပါ ဝန်ဆောင်မှုများအား အသုံးပြုသူကို ရည်ညွှန်းပြီး “ချေးငွေ”၊ “ဝန်ဆောင်မှု”၊ “ငှားရမ်းဝယ်ယူမှု” ဟု ဖော်ပြထားသည်မှာ Better တွင် ရယူနိုင်သော ချေးငွေထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုများကို ဆိုလိုသည်။
အသုံးပြုသူသည် Better မှ ပေးအပ်သော မည်သည့် ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုကိုမဆို လျှောက်ထားခြင်း၊ စာရင်းသွင်းခြင်း သို့မဟုတ် အသုံးပြုခြင်းအားဖြင့် အပိုဒ်ခွဲ (၂၂) "စည်းမျဉ်းစည်းကမ်းများ ပြင်ဆင်ခြင်း" အရ အခါအားလျော်စွာ ပြင်ဆင်နိုင်သည့် ဤသဘောတူညီချက်ပါ စည်းမျဉ်းနှင့် စည်းကမ်းချက်များကို ဖတ်ရှု၊ နားလည်ပြီး လိုက်နာရန် သဘောတူပြီးဖြစ်ကြောင်း ဝန်ခံကတိပြုပါသည်။
ဤသဘောတူညီချက်သည် Better မှ ထုတ်ပြန်သည့် သက်ဆိုင်ရာထုတ်ကုန်အလိုက် သတ်မှတ်ချက်များ၊ အာမခံသူ၏ သဘောတူညီချက်များ၊ ခွင့်ပြုချက်ပုံစံများ၊ အသိပေးချက်များအပြင် လိုအပ်သည့်အခြေအနေများရှိပါက ဤသဘောတူညီချက်တွင် ရည်ညွှန်းဖော်ပြထားသော WavePay နှင့် အခြားတတိယအဖွဲ့အစည်းများဖြစ်သော ဝန်ဆောင်မှုပေးသူများ၏ စည်းမျဉ်းစည်းကမ်းများလည်း ပူးတွဲအကျုံးဝင်မည် ဖြစ်သည်။
၁။ အရည်အချင်းသတ်မှတ်ချက်များ
၁-၁ သင်သည် နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) ပါ မွေးသက္ကရာဇ်အရ အသက် (၂၁) နှစ်မှ (၆၀) နှစ်အထိ ရှိသော လူပုဂ္ဂိုလ်တစ်ဦး ဖြစ်ရမည်။
၁-၂ Better သည် အသက်အရွယ် သက်သေခံအထောက်အထားကို မည်သည့်အချိန်၌မဆို တောင်းဆိုပိုင်ခွင့်ရှိပြီး သင်၏ အသက်အရွယ်ကို စိစစ်အတည်ပြုနိုင်ခြင်း မရှိပါက သင်၏ လျှောက်လွှာကို ငြင်းပယ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုလုပ်နိုင်သည်။
၁-၃ သင်သည် Better ၏ ချေးငွေ သို့မဟုတ် ငှားရမ်းဝယ်ယူခြင်း ဝန်ဆောင်မှုအတွက် လျှောက်ထားချိန်မှစ၍ သက်တမ်းတစ်လျှောက်လုံး Better မှ သတ်မှတ်ထားသော ချေးငွေနှင့် ဝန်ဆောင်မှုများရယူရန် အရည်အချင်း စံနှုန်းများနှင့် ကိုက်ညီရမည်ဖြစ်သည်။
၁-၄ Better သည် သင်၏ ဝင်ငွေအခြေအနေ၊ လစဥ်ပြန်ဆပ်ပမာဏများ ပြန်လည်ပေးချေခဲ့သည့် မှတ်တမ်း၊ လက်ရှိကြွေးမြီများ၊ ကြွေးမြီဆိုင်ရာ အချက်အလက်ဗဟိုဌာန (Credit Bureau) မှတ်တမ်းများနှင့် WavePay သို့မဟုတ် အခြားဒစ်ဂျစ်တယ် ဘဏ္ဍာရေးဝန်ဆောင်မှုများမှ ရရှိသော အသုံးပြုမှုဆိုင်ရာ အချက်အလက်များကို အခြေခံ၍ သင့်၏ ဝန်ဆောင်မှုရယူနိုင်သည့် အရည်အချင်းကို အကဲဖြတ်နိုင်ပါသည်။
၁-၅ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများအရ ထုတ်ဖော်ရှင်းလင်းရန် လိုအပ်သည့် အခြေအနေမှအပ၊ Better သည် မည်သည့်လျှောက်လွှာကိုမဆို အတည်ပြုခြင်း၊ ငြင်းပယ်ခြင်း၊ ရပ်ဆိုင်းခြင်း၊ ဆုံးရှုံးကြွေးအဖြစ် စာရင်းပယ်ဖျက်ခြင်း (Write-off) သို့မဟုတ် စည်းကမ်းချက်များကို ပြင်ဆင်ပြောင်းလဲခြင်းတို့ကို မိမိ၏ ဆုံးဖြတ်ပိုင်ခွင့်အရ ဆောင်ရွက်နိုင်ပြီး၊ ယင်းဆုံးဖြတ်ချက်အတွက် အကြောင်းပြချက်ရှင်းလင်းပေးရန် တာဝန်မရှိပါ။ ထိုသို့ ဆုံးဖြတ်ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ သင်သည် Better အပေါ် မည်သည့်တောင်းဆိုခွင့်မျှ မရှိပါ။
၁-၆ သင်သည် လခစားဝန်ထမ်းဖြစ်ပါက လျှောက်ထားသည့် ရက်စွဲတွင် မြန်မာနိုင်ငံ ဥပဒေအရ တရားဝင် မှတ်ပုံတင်ထားပြီး Better ၏ မိတ်ဖက်အဖွဲ့အစည်းအဖြစ် ပူးပေါင်းထားသော ကုမ္ပဏီ/အဖွဲ့အစည်း တစ်ခု၌ အနည်းဆုံး (၆) လ ဆက်တိုက် တာဝန်ထမ်းဆောင်နေသူ ဖြစ်ရမည်။
၁-၇ လခစားဝန်ထမ်း၊ ကိုယ်ပိုင်လုပ်ငန်းလုပ်ကိုင်သူ သို့မဟုတ် အခြားဝင်ငွေရရှိသည့် လုပ်ငန်းတစ်ခုခုတွင် လုပ်ကိုင်နေသူဖြစ်စေ၊ ပြန်လည်ပေးဆပ်ရမည့် ငွေပမာဏကို လုံလောက်စွာ ပေးဆပ်နိုင်ကြောင်း အတည်ပြုနိုင်သည့် ဝင်ငွေရှိကြောင်း အထောက်အထားဖြင့် ပြသနိုင်ရမည်။ Better သည် လစာစလစ်များ၊ ဘဏ်စာရင်းရှင်းတမ်းများ သို့မဟုတ် အခြားသော ဝင်ငွေအထောက်အထားများကို တောင်းဆိုပိုင်ခွင့်ရှိသည်။
၁-၈ ဝန်ဆောင်မှု လျှောက်ထားခြင်းအားဖြင့် သင်သည် သင့်၏ အရည်အချင်းပြည့်မီမှုနှင့် သက်ဆိုင်သော အချက်အလက်များကို WavePay၊ အလုပ်ရှင်များ၊ ကြွေးမြီဆိုင်ရာ အချက်အလက်ဆန်းစစ်သည့် အဖွဲ့အစည်းများ(Credit Reference Agencies)၊ ဆက်သွယ်ရေးဝန်ဆောင်မှုပေးသူများနှင့် သက်ဆိုင်ရာ အစိုးရအာဏာပိုင်အဖွဲ့အစည်းများ အပါအဝင် တတိယအဖွဲ့အစည်းများထံမှ စစ်ဆေးအတည်ပြုရန် Better အား ခွင့်ပြုပါသည်။
၁-၉ ဝန်ဆောင်မှု လျှောက်ထားချိန်တွင် အရည်အချင်းသတ်မှတ်ချက်များနှင့် ကိုက်ညီခြင်းသည် နောင်တွင်လည်း ဆက်လက်ကိုက်ညီမည်ဟု အာမခံခြင်း မဟုတ်ပါ။ Better သည် သင့်၏ အရည်အချင်းပြည့်မီမှုကို မည်သည့်အချိန်တွင်မဆို ပြန်လည်အကဲဖြတ်နိုင်ပြီး၊ သင်သည် သတ်မှတ်ချက်များနှင့် မကိုက်ညီတော့ပါက ဝန်ဆောင်မှုများကို ယာယီရပ်ဆိုင်းခြင်း၊ ကန့်သတ်ခြင်း သို့မဟုတ် ရပ်စဲခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။
၂။ စာရင်းသွင်းခြင်း
၂-၁ Better ၏ အဖွဲ့ဝင်ဖြစ်ခွင့်ကို အဆင့် နှစ်ဆင့်ပါဝင်သော စာရင်းသွင်းခြင်း လုပ်ငန်းစဉ်ဖြင့် ပြီးမြောက်ရမည်ဖြစ်သည်။ စာရင်းသွင်းခြင်းအားဖြင့် သင်သည် ဤသဘောတူညီချက်ပါ စည်းမျဉ်းစည်းကမ်းများအားလုံးကို အပြည့်အဝ လက်ခံသဘောတူကြောင်း အတည်ပြုပါသည်။
၂-၂ အဆင့် ၁ (ကြိုတင် စာရင်းသွင်းခြင်း) - မြန်မာနိုင်ငံတွင် အသုံးပြုနေသော မှန်ကန်သည့် မိုဘိုင်းဖုန်းနံပါတ်ရှိသော မည်သူမဆို ကြိုတင်စာရင်းသွင်းခြင်းကို ပြုလုပ်နိုင်သည်။ အဆင့် (၁) စာရင်းသွင်းခြင်းဖြင့် ကုန်ပစ္စည်းနှင့်ဆိုင်သော အခြေခံအချက်အလက်များကိုသာ ကြည့်ရှုနိုင်မည်ဖြစ်ပြီး၊ မည်သည့်ချေးငွေ သို့မဟုတ် ငှားရမ်းဝယ်ယူခြင်းအစီအစဥ် အစရှိသည့် မည်သည့်ဝန်ဆောင်မှုများကိုမဆို လျှောက်ထားခွင့် သို့မဟုတ် ထုတ်ယူသုံးစွဲခွင့် ရှိမည် မဟုတ်ပါ။
၂-၃ အဆင့် ၂ - အဆင့် ၂ (အဖွဲ့ဝင်အဖြစ် အပြည့်အဝအတည်ပြုခြင်း) သို့ တိုးမြှင့်ရန်အတွက် Better မှ တောင်းဆိုထားသော မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံနှင့် အထောက်အထား စာရွက်စာတမ်းများကို တင်ပြရမည်။ Better သည် အဆင့် ၂ လျှောက်လွှာတစ်ခုစီကို စိစစ်မည်ဖြစ်ပြီး ဥပဒေအရ လိုအပ်သည်မှအပ အကြောင်းပြချက် ပေးရန်မလိုဘဲ မိမိ၏ ဆုံးဖြတ်ချက်အတိုင်း အတည်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုလုပ်နိုင်သည်။
၂-၄ အဆင့် (၂) သို့ အဆင့်မြှင့်တင်ရန် သင်သည် (၁) သက်တမ်းမကုန်သေးသော နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) ကို ကိုင်ဆောင်ထားရမည်ဖြစ်ပြီး၊ (၂) WavePay ၏ ကိုယ်ပိုင်အတည်ပြုလုပ်ငန်းစဉ်များအရ အတည်ပြုပြီးသော WavePay အကောင့်တစ်ခု ရှိရမည်ဖြစ်ပါသည်။ အထက်ပါ သတ်မှတ်ချက်တစ်ခုခု မပြည့်စုံပါက လျှောက်လွှာကို မပြည့်စုံသော လျှောက်လွှာအဖြစ် သတ်မှတ်မည်ဖြစ်ပြီး ဆက်လက်ဆောင်ရွက်မည် မဟုတ်ပါ။
၂-၅ သင်သည် Better အကောင့် (၁) ခုသာ အသုံးပြုခွင့်ရှိပါသည်။ တူညီသော နိုင်ငံသားစိစစ်ရေးကတ်ပြား (မှတ်ပုံတင်) ၊ WavePay အကောင့် သို့မဟုတ် မိုဘိုင်းဖုန်းနံပါတ်ကို အသုံးပြု၍ အကောင့်ထပ်မံဖွင့်လှစ်ခြင်း သို့မဟုတ် မှတ်ပုံတင်ရန် ကြိုးပမ်းခြင်းကို ခွင့်မပြုပါ။ Better သည် အကောင့်တစ်ခုကို အတည်ပြုပြီးနောက် ထပ်တူအကောင့်ရှိကြောင်း တွေ့ရှိပါက၊ ကြိုတင်အကြောင်းကြားရန် မလိုဘဲ သို့မဟုတ် တာဝန်ယူရန်မလိုဘဲ ထပ်တူအကောင့်(များ)ကို ငြင်းပယ်ခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း ပြုလုပ်နိုင်ပါသည်။
၂-၆ Better သည် စည်းမျဉ်းစည်းကမ်း ပြောင်းလဲမှုများ သို့မဟုတ် မိမိ၏ ဆုံးရှုံးနိုင်ခြေဆိုင်ရာ မူဝါဒများနှင့် ကိုက်ညီစေရန်အတွက် မှတ်ပုံတင်ခြင်းလုပ်ငန်းစဉ်၊ လိုအပ်သော စာရွက်စာတမ်းများနှင့် အတည်ပြုစစ်ဆေးခြင်းဆိုင်ရာ သတ်မှတ်ချက်များကို အချိန်မရွေး ပြင်ဆင်ပြောင်းလဲနိုင်ပါသည်။
၃။ အဖွဲ့ဝင်ဖြစ်ခြင်း
၃-၁ အဖွဲ့ဝင်ဖြစ်ခြင်းသည် Better မှ အခါအားလျော်စွာ ပေးအပ်သော ချေးငွေနှင့် ကုန်ပစ္စည်းများကို လျှောက်ထားနိုင်သည့် အရည်အချင်း အပါအဝင် အချို့သော အခွင့်အရေးများကို ရရှိစေမည် ဖြစ်သော်လည်း မည်သည့် ကုန်ပစ္စည်း၊ ချေးငွေပမာဏ ကန့်သတ်ချက် သို့မဟုတ် Better ၏ ဝန်ဆောင်မှုများကို ဆက်လက် ရယူသုံးစွဲနိုင်ခြင်းတို့ကို အာမမခံပါ။
၃-၂ ဤသဘောတူညီချက်အရ ရရှိနိုင်သည့် အကျိုးခံစားခွင့်များသည် အတိအလင်း အခြားနည်းဖြင့် သတ်မှတ်ဖော်ပြထားခြင်းမရှိပါက အခွင့်အရေးများမဟုတ်ဘဲ အခွင့်ထူးများသာ ဖြစ်ပါသည်။ အဆိုပါ အခွင့်ထူးများကို Better မှ မည်သည့်အချိန်တွင်မဆို ပြောင်းလဲခြင်း၊ ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း ပြုလုပ်နိုင်ပါသည်။ အခွင့်အရေးများဆိုသည်မှာ ဤသဘောတူညီချက်အရ အတိအလင်း ပေးအပ်ထားသော သို့မဟုတ် မြန်မာနိုင်ငံ၏ ဥပဒေအရ လိုအပ်သတ်မှတ်ထားသော အခွင့်အရေးများကိုသာ ဆိုလိုပါသည်။
၃-၃ သင်သည် သင်၏ Better အကောင့်၊ Better အက်ပလီကေးရှင်း နှင့် Better မှ ငှားရမ်းဝယ်ယူထားသော ပစ္စည်းများကို ဥပဒေနှင့်အညီ ကိုယ်ရေးကိုယ်တာ အသုံးပြုရန်အတွက်သာ အသုံးပြုရမည်ဖြစ်ပြီး၊ စီးပွားရေးလုပ်ငန်းအတွက် အသုံးမပြုရပါ (Better မှ စာဖြင့်ရေးသား သဘောတူညီထားခြင်းမရှိပါက)။ ထို့အပြင် သင်၏ အကောင့်ကို အခြားမည်သူ့ကိုမျှ အသုံးပြုခွင့် သို့မဟုတ် ဝင်ရောက်အသုံးပြုခွင့် မပေးရပါ။
၃-၄ သင်၏ အကောင့်မှတစ်ဆင့် ဆောင်ရွက်သည့် ပေးချေငွေများ၊ လျှောက်ထားမှု သို့မဟုတ် ညွှန်ကြားချက်များအားလုံးအတွက် သင်သည် အပြည့်အဝ တာဝန်ယူရမည်ဖြစ်သည်။ ယင်းဆောင်ရွက်မှုများကို သင်ကိုယ်တိုင် ခွင့်ပြုထားခြင်း ရှိ၊ မရှိနှင့် မသက်ဆိုင်ပါ။ ။ (ထိုသို့ ခွင့်ပြုချက်မရှိဘဲ အသုံးပြုခြင်းသည် Better ၏ ကြီးလေးသော ပေါ့လျော့မှု သို့မဟုတ် တမင်ပျက်ကွက်မှုကြောင့်သာ ဖြစ်ကြောင်း သက်သေပြနိုင်သည့် အခြေအနေမှလွဲ၍ ဖြစ်သည်။) သင်၏ အကောင့်ကို တစ်စုံတစ်ယောက်မှ ခွင့်ပြုချက်မရှိဘဲ ဝင်ရောက်အသုံးပြုထားကြောင်း သိရှိသည်နှင့် Better ထံသို့ ချက်ချင်းအကြောင်းကြားရမည်ဖြစ်ပါသည်။
၃-၅ သင်၏ Better အကောင့်နှင့် ချိတ်ဆက်ထားသော WavePay အကောင့်သည် စိစစ်အတည်ပြုထားခြင်း မရှိတော့ပါက၊ ပိတ်သိမ်းခံရပါက သို့မဟုတ် WavePay ၏ စိစစ်အတည်ပြုမှု စံချိန်စံညွှန်းများ ပျက်ကွက်ပါက Better သည် ပြန်လည်စိစစ်အတည်ပြုမှု မပြုမီအထိ သင်၏ အကောင့်နှင့် ရရှိထားသော အခွင့်ထူးများကို ချက်ချင်း ဆိုင်းငံ့နိုင်သည်။
၃-၆ သင်သည် ဤသဘောတူညီချက်ကို ဖောက်ဖျက်ခြင်း၊ မမှန်ကန်သော သို့မဟုတ် လွဲမှားစေနိုင်သော အချက်အလက်များကို ပေးအပ်ခြင်း၊ ကြွေးမြီမှတ်တမ်းနှင့်စပ်လျဉ်း၍ အနုတ်လက္ခဏာဆောင်သော စစ်ဆေးတွေ့ရှိချက်များ ရှိခြင်း သို့မဟုတ် သင့်အား အဖွဲ့ဝင်အဖြစ် ဆက်လက်ထားရှိခြင်းသည် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ ဂုဏ်သတင်း သို့မဟုတ် ကြွေးမြီဆိုင်ရာ ဆုံးရှုံးနိုင်ခြေ ရှိသည်ဟု Better မှ အကြောင်းပြချက်ခိုင်လုံစွာ ဆုံးဖြတ်ပါက အတည်ပြုပြီးသည့် နောက်ပိုင်းတွင်ပင်လျှင် Better သည် သင်၏ အဖွဲ့ဝင်ဖြစ်ခွင့်ကို မည်သည့်အချိန်၌မဆို ရုပ်သိမ်းခြင်း၊ ဆိုင်းငံ့ခြင်း သို့မဟုတ် ရပ်ဆိုင်းခြင်း ပြုလုပ်နိုင်သည်။
၃-၇ "အချက်အလက် ပြင်ဆင်ရန်" (To Update) အဆင့်တွင် လိုအပ်သော အချက်အလက်များကို သင် ပေးအပ်ခြင်း မရှိပါက Better သည် သင်၏ အကောင့်ကို ဆက်လက် ဆောင်ရွက်ပေးမည် မဟုတ်ပါ။ ယင်းကြောင့် ဖြစ်ပေါ်လာသော နှောင့်နှေးမှုများအတွက် Better တွင် တာဝန်မရှိပါဘဲ ထိုသို့ ဆိုင်းငံ့ထားသည့် အခြေအနေသည် သင်၏ ပျက်ကွက်မှုကြောင့်သာ ဖြစ်သည်ဟု မှတ်ယူမည်ဖြစ်ပါသည်။
၄။ အဖွဲ့အစည်းနှင့် ချိတ်ဆက်ခြင်း
၄-၁ ကုမ္ပဏီ၊အဖွဲ့အစည်းနှင့် ချိတ်ဆက်ထားသော အကျိုးခံစားခွင့်များ သို့မဟုတ် ထုတ်ကုန်များကို ရယူလိုပါက၊ သင်သည် အဖွဲ့အစည်း၏ အမည်၊ ရာထူးအပါအဝင် အလုပ်အကိုင်နှင့် သက်ဆိုင်သော မှန်ကန်ပြီး ပြည့်စုံသည့် အချက်အလက်များကို ပေးအပ်ရမည်ဖြစ်သည်။ ထို့အပြင် အဆိုပါအချက်အလက်များတွင် ပြောင်းလဲမှုတစ်စုံတစ်ရာရှိပါက Better ထံသို့ ချက်ချင်းအကြောင်းကြားရမည်ဖြစ်ပါသည်။
၄-၂ သင်၏ အဖွဲ့အစည်းနှင့် ချိတ်ဆက်မှုမှတစ်ဆင့် ရရှိနိုင်သည့် ဝန်ဆောင်မှုများနှင့် ကုန်ပစ္စည်းများကို Better နှင့် သက်ဆိုင်ရာ အဖွဲ့အစည်းအကြားရှိ မိတ်ဖက်သဘောတူညီချက်များအပေါ် မူတည်၍ Better ကသာ သီးသန့်ဆုံးဖြတ်မည်ဖြစ်ပါသည်။ Better သည် ထိုဝန်ဆောင်မှုများ သို့မဟုတ် ကုန်ပစ္စည်းများကို ကြိုတင်အကြောင်းကြားခြင်းမရှိဘဲ အချိန်မရွေး ထည့်သွင်းခြင်း၊ ပြင်ဆင်ခြင်း၊ ကန့်သတ်ခြင်း သို့မဟုတ် ရုပ်သိမ်းခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။
၄-၃ သင်သည် မည်သည့်ဒဏ်ကြေးမှ ပေးဆောင်ရန် မလိုဘဲ သင်၏အကောင့်ကို သင်၏ကုမ္ပဏီ/အဖွဲ့အစည်းနှင့် ချိတ်ဆက်ထားခြင်းမှ မည်သည့်အချိန်တွင်မဆို ပြန်လည်ဖြုတ်နိုင်သည်။ထိုသို့ ချိတ်ဆက်မှုဖြုတ်ခြင်းသည် Better မှ သင်၏ တောင်းဆိုချက်ကို ဆောင်ရွက်ပြီးသည့်အချိန်မှ စတင်အကျိုးသက်ရောက်မည်ဖြစ်ပါသည်။ သို့သော် ယခင်က မှာယူပြီးဖြစ်သော လက်ရှိရယူထားသည့် ချေးငွေ သို့မဟုတ် ငှားရမ်းဝယ်ယူမှု ဝန်ဆောင်မှုများနှင့် သက်ဆိုင်သည့် ပြန်လည်ပေးဆပ်ရန် တာဝန်ဝတ္တရားများအပေါ် သက်ရောက်မှုမရှိပါ။
၄-၄ Better သည် မိမိ၏ သဘောဆန္ဒအတိုင်း မိတ်ဖက်အဖွဲ့အစည်းများ၏ ဝန်ထမ်းများအတွက် သီးသန့်ခံစားခွင့်များကို ပေးအပ်နိုင်သည်။ အဆိုပါ ခံစားခွင့်များကို မည်သည့်အချိန်၌မဆို ပြောင်းလဲခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း ပြုလုပ်နိုင်ပြီး ယင်းနှင့်စပ်လျဉ်း၍ သင်သည် Better အပေါ် မည်သည့်တောင်းဆိုခွင့်မျှ မရှိပါ။
၄-၅ မိတ်ဖက်အဖွဲ့အစည်းတစ်ခုသည် မည်သည့်အကြောင်းကြောင့်မဆို Better ၏ မိတ်ဖက်အဖွဲ့အစည်းအဖြစ်မှ ရပ်ဆိုင်းသွားပါက၊ ထိုအဖွဲ့အစည်းနှင့် ချိတ်ဆက်ထားသော ဝန်ထမ်းအကောင့်များအားလုံးအား အလိုအလျောက် ချက်ချင်း ချိတ်ဆက်မှုဖြုတ်မည်ဖြစ်ပါသည်။ ထိုသို့ဖြစ်ပွားခြင်းသည် မူလစည်းကမ်းချက်များအတိုင်း ဆက်လက် တည်ရှိနေမည့် ပေးဆပ်ရန် ကျန်ရှိသော တာဝန်ဝတ္တရားများ၏ တရားဝင်မှုကို မည်သို့မျှ သက်ရောက်မှု မရှိပါ။
၅။ ဝန်ထမ်း၏ သဘောတူညီချက်
၅-၁ သင်၏ Better အကောင့်ကို မိတ်ဖက်အဖွဲ့အစည်းတစ်ခုခုနှင့် ချိတ်ဆက်ခြင်းအားဖြင့် အဆိုပါ အဖွဲ့အစည်းမှ သင်၏ အသားတင်လစာ၊ လုပ်သက်၊ ရာထူး၊ အလုပ်စတင်ဝင်ရောက်သည့်ရက်စွဲ နှင့် ရာထူး အပါအဝင် အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များကို ဤအပိုဒ်ပါ ရည်ရွယ်ချက်များအတွက် Better သို့ မျှဝေပေးရန် သင်မှ သဘောတူခွင့်ပြုပြီးဖြစ်သည်။
၅-၂ Better သည် အဆိုပါ အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များကို ချေးငွေစိစစ်ခြင်း၊ ကြွေးမြီအကဲဖြတ်ခြင်း နှင့် အကောင့်စောင့်ကြည့်စစ်ဆေးခြင်းတို့အတွက်သာ အသုံးပြုမည်ဖြစ်ပြီး အပိုဒ်ခွဲ ၂၃ (ကိုယ်ရေးအချက်အလက် အသုံးပြုခြင်း) အရ ခွင့်ပြုထားသည့်အတိုင်း သို့မဟုတ် ဥပဒေအရ လိုအပ်သည်မှအပ တတိယအဖွဲ့အစည်းများသို့ ထုတ်ဖော်မျှဝေမည် မဟုတ်ပါ။
၅-၃ သင်၏ အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များကို မျှဝေရန်ပေးသော သဘောတူညီချက်သည် အကောင့်ချိတ်ဆက်မှု တစ်ခုချင်းစီအတွက်သာ အကျုံးဝင်ပါသည်။ ယခင်က ပေးထားသော သဘောတူညီချက်သည် နောက်တစ်ကြိမ် အလိုအလျောက် ဆက်လက်အကျုံးမဝင်ပါ။ သင်၏ Better အကောင့်ကို အဖွဲ့အစည်းအသစ်တစ်ခုနှင့် ချိတ်ဆက်သည့်အခါတိုင်း၊ ယင်းအဖွဲ့အစည်းသည် ယခင်အဖွဲ့အစည်းနှင့် တူညီသည်ဖြစ်စေ၊ မတူညီသည်ဖြစ်စေ၊ သင်သည် သဘောတူညီချက်အသစ်ကို ထပ်မံပေးရမည်ဖြစ်သည်။
၅-၄ ဝန်ထမ်း၏ သဘောတူညီချက်သည် ပေးအပ်သည့်နေ့မှစ၍ အများဆုံး (၁၂) လအထိသာ အကျုံးဝင်ပါသည်။ ယင်းကာလကုန်ဆုံးပြီးနောက် သင်၏ အလုပ်အကိုင်ဆိုင်ရာ အချက်အလက်များကို ဆက်လက်စိစစ်အတည်ပြုရန် မဆောင်ရွက်မီ Better သည် သင်၏ သဘောတူညီချက်ကို ထပ်မံရယူမည်ဖြစ်ပါသည်။
၆။ အာမခံသူ၏ သဘောတူညီချက်
၆-၁ အာမခံသူအဖြစ် အဆိုပြုခံရသူ ("အာမခံသူ") သည် အာမခံသူသဘောတူညီချက်ကို ချုပ်ဆိုသည့်နေ့တွင် အသက် (၂၁) နှစ်ပြည့်ပြီး (၆၀) နှစ်မကျော်ရပါ။ ထို့အပြင် Better မှ သတ်မှတ်ထားသော အခြားအရည်အချင်းသတ်မှတ်ချက်များနှင့်လည်း ကိုက်ညီရမည်ဖြစ်ပါသည်။
၆-၂ အာမခံသူသည် အပိုဒ် (၁) "အရည်အချင်းပြည့်မီမှု" တွင် ဖော်ပြထားသည့် စံနှုန်းများနှင့်အညီ အကဲဖြတ်စစ်ဆေးအတည်ပြုနိုင်သော ပုံမှန်ဝင်ငွေရှိရမည်ဖြစ်ပြီး၊ အာမခံသဘောတူညီချက်အရ အာမခံသူအနေဖြင့် တာဝန်ယူရနိုင်သည့် ငွေပေးချေမှုတာဝန်များကို ဆောင်ရွက်နိုင်ရန် လုံလောက်သော ဝင်ငွေရှိရမည်ဖြစ်ပါသည်။
၆-၃ အာမခံတစ်ဦးသည် Better နှင့် ချိတ်ဆက်ထားသော ရယူထားသည့် ချေးငွေ/ငှားရမ်းဝယ်ယူမှု (၁) ခုထက်ပို၍ အာမခံပေးခွင့် မရှိပါ။ အခြားသူတစ်ဦးအတွက် အာမခံပေးထားပြီးသော အဆိုပြုအာမခံသူသည် အဆိုပါ အာမခံချက် အပြည့်အဝ ပြီးဆုံးသည်အထိ အခြားချေးငွေ/ငှားရမ်းဝယ်ယူမှုအတွက် အာမခံသူအဖြစ် လက်ခံမည် မဟုတ်ပါ။
၆-၄ Better သည် မိမိ၏ ဆုံးဖြတ်ပိုင်ခွင့်အရ အဆိုပြုထားသော အာမခံသူကို အကြောင်းပြချက်ဖော်ပြရန်မလိုဘဲ ငြင်းပယ်နိုင်ပြီး၊ သင်၏ လျှောက်လွှာကို ဆက်လက်ဆောင်ရွက်နိုင်ရန် အခြားအာမခံသူတစ်ဦးကို ထပ်မံအမည်စာရင်းတင်သွင်းရန် တောင်းဆိုနိုင်ပါသည်။
၆-၅ သင်သည် ချေးငွေကို သတ်မှတ်ထားသော ရက်အတွင်း ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက၊ သို့မဟုတ် Better မှ သတ်မှတ်ထားသော သင့်လျော်သည့် ကာလအတွင်း မှတ်တမ်းတွင် ဖော်ပြထားသော ဆက်သွယ်ရန်အချက်အလက်များမှတစ်ဆင့် သင့်အား ဆက်သွယ်၍ မရပါက၊ Better ၏ စာဖြင့်ရေးသားထားသော တောင်းဆိုချက်အရ အာမခံသူသည် အောက်ပါအတိုင်း ဆောင်ရွက်ရမည်ဖြစ်ပါသည်။ (က) သင့်အား ရှာဖွေ၍ ဆက်သွယ်နိုင်ရန် ကျိုးကြောင်းဆီလျော်သော ကြိုးပမ်းမှုများကို ဆောင်ရွက်ရမည်ဖြစ်ပြီး၊ (ခ) အထက်ပါ ကြိုးပမ်းမှုများအပြီးတွင်လည်း ပေးဆပ်ရန် ပျက်ကွက်မှုကို မဖြေရှင်းနိုင်သေးပါက၊ အာမခံသူ သဘောတူညီချက်တွင် သတ်မှတ်ထားသော ကျန်ရှိသော ပေးရန်ရှိသည်များကို သင့်ကိုယ်စား ပြန်လည် ပေးဆပ်ရမည်။
၆-၆ Better သည် အာမခံသူ၏ သဘောတူညီချက်ပုံစံကို သင်ပေးအပ်ထားသော အာမခံသူ၏ ဖုန်းနံပါတ်သို့ စာတို (SMS ) သို့မဟုတ် အခြားသော စာတိုပေးပို့သည့် ပလပ်ဖောင်းများမှတစ်ဆင့် ပေးပို့မည်ဖြစ်ပြီး အာမခံစာချုပ်အရ လိုအပ်သော အချက်အလက်များအတွက် အာမခံသူထံ တိုက်ရိုက် ဆက်သွယ်ဆောင်ရွက်မည်ဖြစ်သည်။
၆-၇ အာမခံသူသည် အာမခံစာချုပ်ကို လက်ခံရရှိပြီး ၂၄ နာရီအတွင်း သဘောတူညီချက် ပေးပို့ခြင်း မရှိပါက အဆိုပါ စာချုပ်မှာ ပယ်ဖျက်ခံရမည်ဖြစ်ပြီး သင်၏ ချေးငွေအခြေအနေသည် "အချက်အလက် ပြင်ဆင်ရန်" (To Update) သို့ ပြောင်းလဲသွားမည်ဖြစ်ကာ မှာယူမှုကို ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် အာမခံသူအသစ်တစ်ဦးကို တင်ပြပေးရမည်ဖြစ်သည်။
၇။ ဝန်ဆောင်မှုများ/ကုန်ပစ္စည်းများ ဆန်းစစ်ခြင်း
၇-၁ Better သည် ၎င်း၏ အတွင်းပိုင်း အကဲဖြတ်မှုအပေါ် အခြေခံ၍ သင်ရရှိနိုင်သည့် ဝန်ဆောင်မှုများနှင့် ကုန်ပစ္စည်းများကို သီးသန့်ဆုံးဖြတ်ပိုင်ခွင့်ရှိပါသည်။ ထိုဆုံးဖြတ်ချက်များကို စာရင်းသွင်းမှားယွင်းမှုကဲ့သို့သော ထင်ရှားသည့် အမှားအယွင်းများမှအပ ကန့်ကွက်ခြင်း သို့မဟုတ် အငြင်းပွားခြင်း ပြုလုပ်ခွင့်မရှိပါ။
၇-၂ မည်သည့်ကုန်ပစ္စည်းမဆို ရရှိနိုင်မှု၊ ခွင့်ပြုမည့် ချေးငွေပမာဏ၊ ပြန်လည်ပေးဆပ်ရမည့် ကာလ နှင့် ဈေးနှုန်း သို့မဟုတ် ကျသင့်ငွေများသည် Better မှ ဆုံးဖြတ်ထားသော သင်၏ ကြွေးမြီဆိုင်ရာ အမှတ်ပေးခြင်းနှင့် ဆုံးရှုံးနိုင်ခြေ အခြေအနေ အပေါ် မူတည်၍ ပြောင်းလဲမှု ရှိနိုင်သည်။
၇-၃ Better သည် သင်၏ ကြွေးမြီဆိုင်ရာ အခြေအနေ ကျဆင်းလာခြင်း၊ ဤသဘောတူညီချက်ပါ စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ခြင်း သို့မဟုတ် Better ၏ ဆုံးရှုံးနိုင်ခြေ လက်ခံနိုင်မှု ပြောင်းလဲခြင်း သို့မဟုတ် စည်းမျဉ်းဆိုင်ရာ တာဝန်ဝတ္တရားများ ပြောင်းလဲခြင်းတို့အပါအဝင် မည်သည့်အကြောင်းကြောင့်မဆို သင်အား သတ်မှတ်ပေးထားသော ဝန်ဆောင်မှု သို့မဟုတ် ကုန်ပစ္စည်းကို အသုံးပြုခွင့်အား အချိန်မရွေး ကန့်သတ်ခြင်း၊ ယာယီရပ်ဆိုင်းခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း ပြုလုပ်နိုင်ပါသည်။
၇-၄ သင်သည် မှန်ကန်သော၊ ပြည့်စုံပြီး လက်ရှိအခြေအနေနှင့် ကိုက်ညီသော အချက်အလက်များကို အမြဲပေးအပ်ရမည်ဖြစ်ပြီး၊ Better မှ တောင်းဆိုပါက နောက်ဆုံးအခြေအနေနှင့် ကိုက်ညီသော စာရွက်စာတမ်းများကို ချက်ချင်းပေးအပ်ရမည်ဖြစ်ပါသည်။ ထိုသို့ မဆောင်ရွက်ပါက Better တွင် တာဝန်တစ်စုံတစ်ရာ မရှိဘဲ သင်၏ ဝန်ဆောင်မှု သို့မဟုတ် ကုန်ပစ္စည်း အသုံးပြုခွင့်ကို ယာယီရပ်ဆိုင်းနိုင်ပါသည်။
၈။ Better စတိုး (ငှားရမ်းဝယ်ယူခြင်း အစီအစဥ်)
၈-၁ Better စတိုးမှတစ်ဆင့် ချေးငွေနှင့် ဝန်ဆောင်မှုများ ရယူခြင်းများအတွက် ချေးငွေအတည်ပြုသည့်အခါ သတ်မှတ်ထားသော ကနဦးပမာဏနှင့် ဝန်ဆောင်ခကို ကြိုတင်ပေးချေရမည်ဖြစ်သည်။ ကျန်ရှိသော ကုန်ပစ္စည်းတန်ဖိုးကို သင်ရွေးချယ်ပြီး Better မှ အတည်ပြုထားသော ငွေကြေးစီမံခန့်ခွဲမှုအစီအစဉ်အရ လစဉ်အရစ်ကျ သို့မဟုတ် သတ်မှတ်ထားသော အရစ်ကျပေးချေမှု အစီအစဉ်အတိုင်း ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။
၈-၂ သင်၏ ချေးငွေကို အတည်ပြုပြီးနောက် ကုန်ပစ္စည်းလက်ကျန် စီမံခန့်ခွဲမှုအရ ကုန်ပစ္စည်း၏ မော်ဒယ်၊ အမျိုးအစား၊ အရောင် သို့မဟုတ် အခြားသတ်မှတ်ချက်များကို ပြောင်းလဲခွင့်မရှိပါ။ သင်ရွေးချယ်ထားသော ကုန်ပစ္စည်းကို မရရှိနိုင်တော့ပါက Better သည် အရည်အသွေးနှင့် အမျိုးအစားတူညီသော ကုန်ပစ္စည်းတစ်ခုဖြင့် စားထိုး ပေးအပ်နိုင်ရန် ကြိုးပမ်းမည်ဖြစ်သည်။
၈-၃ သင်သည် ချေးငွေ အတည်မပြုမီ မူရင်းချေးငွေပမာဏ၊ ငွေကြေးထောက်ပံ့မှုပမာဏ၊ ဝန်ဆောင်ခ၊ စုစုပေါင်း ပြန်လည်ပေးဆပ်ရမည့်ပမာဏ၊ လစဉ်ပြန်ဆပ်ရမည့်ပမာဏ၊ ပြန်ဆပ်ကာလနှင့် ပေးချေရမည့်ရက်စွဲများကို သေချာစွာ စစ်ဆေးရမည်ဖြစ်သည်။ ချေးငွေကို အတည်ပြုခြင်းသည် ဘဏ္ဍာရေးစီမံခန့်ခွဲမှု အစီအစဉ်တစ်ခုလုံးကို သဘောတူလက်ခံခြင်းဖြစ်သည်။
၈-၄ Better စတိုးမှ ဝယ်ယူထားသော ကုန်ပစ္စည်းကို သင်ရွေးချယ်ထားသော လာရောက်ထုတ်ယူမည့်နေရာတွင် မူရင်းမှတ်ပုံတင်ကို တင်ပြ၍ ရုံးဖွင့်ရက် (၃) ရက်အတွင်း လာရောက်ထုတ်ယူရမည်ဖြစ်သည်။ သတ်မှတ်ကာလအတွင်း လာရောက်မထုတ်ယူပါက Better သည် သင်၏ငှားရမ်းဝယ်ယူထားသော ကုန်ပစ္စည်းကို ပယ်ဖျက်နိုင်သည်။
၈-၅ Better စတိုး ဝန်ဆောင်မှု၏ လုပ်ငန်းစဉ်မှာ အောက်ပါအတိုင်းဖြစ်သည်-
(က) Better စတိုးတွင် ကုန်ပစ္စည်းများကို ကြည့်ရှုခြင်း
(ခ)ကုန်ပစ္စည်းနှင့် ငှားရမ်းဝယ်ယူခြင်း အစီအစဉ်ကို ရွေးချယ်ခြင်း
(ဂ) သင်၏ အရည်အချင်းပြည့်မီမှုနှင့် ပြန်လည်ပေးဆပ်နိုင်စွမ်းကို စစ်ဆေးအကဲဖြတ်ခြင်း
(ဃ) လျှောက်လွှာကို အတည်ပြုပြီးပါက သင်သည် ကနဦးပမာဏနှင့် ဝန်ဆောင်ခကို ပေးချေခြင်းနှင့်
(င) ချေးငွေ အတည်ပြုပြီးပါက ကုန်ပစ္စည်းကို လာရောက်ထုတ်ယူရန် သင့်အား အကြောင်းကြားမည်ဖြစ်သည်။
၈-၆ အတည်ပြုပြီးဖြစ်သော ချေးငွေများမှလွဲ၍ Better သည် မည်သည့် Better စတိုးရှိ မည်သည့် ကုန်ပစ္စည်း၊ ဘဏ္ဍာရေးစီမံခန့်ခွဲမှုအစီအစဉ် သို့မဟုတ် ပရိုမိုးရှင်းများကိုမဆို အချိန်မရွေး ပြင်ဆင်ခြင်း၊ ရပ်ဆိုင်းခြင်း သို့မဟုတ် ရုပ်သိမ်းခြင်း ပြုလုပ်နိုင်ပြီး၊ ယင်းအတွက် Better တွင် တာဝန်တစ်စုံတစ်ရာ မရှိပါ။
၉။ လျှောက်ထားခြင်း လုပ်ငန်းစဥ်
၉-၁ ချေးငွေ လျှောက်ထားမှု အားလုံးကို မည်သူမည်ဝါဖြစ်ကြောင်း အတည်ပြုချက်၊ အလုပ်အကိုင်/ဝင်ငွေ အထောက်အထားများ နှင့် အပိုဒ်ခွဲ ၂ (အရည်အချင်းသတ်မှတ်ချက်များ) အရ တတိယအဖွဲ့အစည်းများမှ စိစစ်မှုများအတွက် သဘောတူညီချက်များ အပါအဝင် လိုအပ်သော အချက်အလက်များနှင့် စာရွက်စာတမ်းများအားလုံးနှင့်အတူ Better ၏ မိုဘိုင်းအက်ပလီကေးရှင်း သို့မဟုတ် သတ်မှတ်ထားသော အခြားဒစ်ဂျစ်တယ် လမ်းကြောင်းများမှတစ်ဆင့် တင်သွင်းရမည်။
၉-၂ Better သည် အောက်ပါ အကြောင်းရင်းများ အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် လျှောက်လွှာကို ငြင်းပယ်နိုင်သည် - အပိုဒ်ခွဲ ၂ ပါ အရည်အချင်းများနှင့် ကိုက်ညီမှု မရှိခြင်း၊ ကြွေးမြီအကဲဖြတ်မှုရလဒ် မကောင်းမွန်ခြင်း၊ အချက်အလက်များ မပြည့်စုံခြင်း၊ မတိကျခြင်း သို့မဟုတ် လိမ်လည်ထားခြင်း၊ တတိယအဖွဲ့အစည်းများ၏ စိစစ်အတည်ပြုမှု မအောင်မြင်ခြင်း သို့မဟုတ် ချေးငွေ ဆုံးရှုံးနိုင်ခြေအတွက် အရေးကြီးသည်ဟု Better မှ ယူဆသော အခြား အကြောင်းပြချက် မည်သည့်အရာမဆို ဖြစ်သည်။
၉-၃ Better စတိုးမှတစ်ဆင့် လျှောက်ထားသော ချေးငွေနှင့် ချိတ်ဆက်ထားသည့် ကုန်ပစ္စည်းကို ရောင်းချသူက ငြင်းပယ်ပါက (ဥပမာ - အော်ဒါ မှာယူပြီးနောက် ကုန်ပစ္စည်းလက်ကျန်မရှိကြောင်း အတည်ပြုသည့်အခြေအနေမျိုး) Better သည် သင့်အား ချက်ချင်းအကြောင်းကြားမည်ဖြစ်ပြီး၊ အောက်တွင်ဖော်ပြထားသော ငွေပြန်အမ်းခြင်းဆိုင်ရာ စည်းမျဉ်းများနှင့်အညီ ပြန်အမ်းရမည့် ကနဦးပမာဏကို ပြန်လည်ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
၉-၄ ရောင်းချသူ၏ ငြင်းပယ်မှု၊ ဝယ်ယူမှု မပြီးမြောက်မီ အော်ဒါ ပယ်ဖျက်မှု သို့မဟုတ် အတည်ပြုပြီးသော လျှောက်လွှာအား Better မှ ဆက်လက်ဆောင်ရွက်၍ မရခြင်းတို့ကြောင့် ငွေပြန်အမ်းရန် လိုအပ်ပါက၊ Better သည် ပြန်အမ်းရမည့်ငွေကို ရုံးဖွင့်ရက် (၇၂) နာရီအတွင်း သို့မဟုတ် Better မှ ကျိုးကြောင်းဆီလျော်သည်ဟု သတ်မှတ်သည့် အခြားကာလအတွင်း သင်၏ WavePay အကောင့်သို့ ပြန်လည်လွှဲပေးမည်ဖြစ်ပါသည်။ ငွေပြန်အမ်းခြင်းသည် အပိုဒ် (၁၃) "ဝန်ဆောင်ခများနှင့် အခြားကျသင့်ငွေများ" နှင့် အပိုဒ် (၁၇) "နုတ်ထွက်ခွင့်" တို့အရ လျှောက်ထားချိန်တွင် သင့်အား အသိပေးပြီး သင်လက်ခံထားသော ပြန်အမ်း၍မရသည့် ဝန်ဆောင်ခများ သို့မဟုတ် အခြားကျသင့်ငွေများကို နုတ်ယူပြီးမှသာ ဆောင်ရွက်မည်ဖြစ်သည်။
၉-၅ မှာယူမှုမပြီးဆုံးသေးသော ချေးငွေများသည် (၇၂) နာရီအထိသာ အကျုံးဝင်ပါသည်။ သင်သည် မှာယူမှုကို ပြီးမြောက်အောင် မဆောင်ရွက်ပါက ချေးငွေသည် အလိုအလျောက် ပယ်ဖျက်ခံရမည်ဖြစ်ပြီး သင်ကိုယ်တိုင်လည်း ကြိုတင်ပယ်ဖျက်နိုင်သည်။
၁၀။ ချေးငွေပြန်လည်ကောက်ခံခြင်း လုပ်ငန်းစဥ်
၁၀-၁ ကုန်ပစ္စည်းကို ထုတ်ယူပြီးနောက်နှင့် ငွေပေးချေမှုအစီအစဉ် စတင်ပြီးနောက် ဖြစ်ပေါ်လာသည့် ကုန်ပစ္စည်းဆိုင်ရာ ချို့ယွင်းချက်များ၊ ပျက်စီးမှုများ သို့မဟုတ် အခြားပြဿနာများအတွက် ရောင်းချသူနှင့် သင့်တွင်သာ တာဝန်ရှိပြီး Better တွင် တာဝန်အလျဥ်းမရှိပါ။
၁၀-၂ ကုန်ပစ္စည်းလာရောက်ထုတ်ယူခြင်း သို့မဟုတ် ပို့ဆောင်ခြင်းအတွက် ကျသင့်သော ဝန်ဆောင်ခများရှိပါက ယင်းဝန်ဆောင်ခများကို ပို့ဆောင်ရေးဝန်ဆောင်မှုပေးသူထံသို့ တိုက်ရိုက်ပေးချေရမည်ဖြစ်ပါသည်။ အဆိုပါ ဝန်ဆောင်ခများသည် Better နှင့် သက်ဆိုင်မှုမရှိပါ။
၁၀-၃ ရောင်းချသူသည် ကုန်ပစ္စည်းကို ကိုယ်တိုင်ဖြစ်စေ၊ တတိယပုဂ္ဂိုလ် ပို့ဆောင်ရေးဝန်ဆောင်မှုပေးသူမှတစ်ဆင့်ဖြစ်စေ ပို့ဆောင်ပေးပါက၊ ပို့ဆောင်မှုနောက်ကျခြင်း၊ မပို့ဆောင်နိုင်ခြင်း သို့မဟုတ် ပို့ဆောင်မှုနှင့်သက်ဆိုင်သော အခြားချို့ယွင်းချက်များအတွက် ရောင်းချသူ၌သာ တာဝန်ရှိပြီး Better တွင် တာဝန်မရှိပါ။
၁၁။ လစဥ်ငွေပေးချေမှု သတ်မှတ်ချက်များ
၁၁-၁ သင်သည် ချေးငွေ အတည်ပြုစဉ်က ပေးအပ်ထားသော ပြန်လည်ပေးဆပ်မှုစာရင်းတွင် ဖော်ပြထားသည့်အတိုင်း လစဥ်ပြန်ဆပ်ခြင်းကို သတ်မှတ်ရက် သို့မဟုတ် သတ်မှတ်ရက် မတိုင်မီ ပြန်လည် ပေးဆပ်ရမည်။ ပြန်လည်ပေးချေမှု စည်းကမ်းချက်များသည် သဘောတူပြီးပါက အသေအချာ သတ်မှတ်ပြီး ဖြစ်သဖြင့် Better ၏ သဘောဆန္ဒအတိုင်း ဆောင်ရွက်ခြင်းမှအပ ပြင်ဆင်ပြောင်းလဲခြင်း သို့မဟုတ် ပြန်လည်ညှိနှိုင်းခြင်း ပြုလုပ်၍ မရပါ။
၁၁-၂ သင်သည် ပြန်လည်ပေးချေရမည့်ရက်ကို ကျော်လွန်သွားပါက၊ ဒဏ်ကြေးကောက်ခံခြင်းမရှိသော (၅) ရက်တာ သက်ညှာကာလကို ရရှိမည်ဖြစ်သည်။ သက်ညှာကာလ ကျော်လွန်ပြီးနောက် ပြန်လည် မပေးဆပ်ရသေးသည့် နေ့ရက်တိုင်းအတွက် တစ်ရက်လျှင် မြန်မာကျပ် (၂,၀၀၀) နှုန်းဖြင့် နောက်ကျပေးချေမှု ဒဏ်ကြေးကို ကောက်ခံမည်ဖြစ်ပါသည်။ ယင်းဒဏ်ကြေးကောက်ခံခြင်းသည် Better ၏ အခြားဥပဒေအရ သို့မဟုတ် ဤသဘောတူညီချက်အရ ရရှိသည့် အခွင့်အရေးများကို မထိခိုက်စေပါ။
၁၁-၃ သက်ညှာကာလ ပေးအပ်ခြင်းသည် Better ၏ ဆုံးဖြတ်ပိုင်ခွင့်အပေါ် မူတည်ပါသည်။ အနာဂတ်တွင် သက်ညှာကာလ မပေးအပ်ခြင်း သို့မဟုတ် သက်ညှာကာလ၏ ရက်အရေအတွက်ကို ပြောင်းလဲသတ်မှတ်ခြင်းတို့အတွက် သင်သည် ကန့်ကွက်ခြင်း သို့မဟုတ် တိုင်ကြားခြင်း ပြုလုပ်ခွင့်မရှိပါ။
၁၁-၄ ရက်လွန် ပေးချေမှုကို ဖြေရှင်းရန် ဆက်လက် ပျက်ကွက်ပါက အောက်ပါ အခြေအနေများ ဖြစ်ပေါ်လာနိုင်သည် - ထပ်ဆောင်းဒဏ်ကြေးများ ကောက်ခံခြင်း၊ သင်၏ အကောင့်နှင့် ဆက်စပ် ဝန်ဆောင်မှုများကို ကန့်သတ်ခြင်း သို့မဟုတ် ဆိုင်းငံ့ခြင်း၊ ငှားရမ်းဝယ်ယူထားသော ကုန်ပစ္စည်းအား အသုံးပြုခွင့်ပိတ်ခြင်း (အပိုဒ် ၁၅အရ)။ သင်၏ အာမခံသူထံ တောင်းဆိုခြင်း (အပိုဒ်ခွဲ ၇အရ)၊ ကြွေးမြီဆိုင်ရာ အချက်အလက်ဗဟိုဌာနများ သို့မဟုတ် အာဏာပိုင်များထံ သတင်းပို့ခြင်းနှင့် ကြွေးမြီ ပြန်လည်ကောက်ခံခြင်း သို့မဟုတ် ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်ခြင်း (အပိုဒ်ခွဲ ၂၁အရ)။
၁၁-၅ သင်သည် ချေးငွေတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ရှိပါက ပြန်လည်ပေးချေမှုများကို တစ်ကြိမ်ထက်ပို၍ ဆောင်ရွက်နိုင်ပါသည်။ ငွေပေးချေမှု မပြုလုပ်မီ သက်ဆိုင်ရာ ချေးငွေအမှတ်နှင့် ပေးချေရမည့် ငွေပမာဏတို့ကို မှန်ကန်ကြောင်း သေချာစွာ စစ်ဆေးအတည်ပြုရန် သင့်တွင် တာဝန်ရှိပါသည်။
၁၂။ ဝန်ဆောင်ခများနှင့် အခြားကျသင့်ငွေများ
၁၂-၁ ချေးငွေတစ်ခုချင်းစီအတွက် ဝန်ဆောင်ခ ပေးဆောင်ရမည်ဖြစ်သည်။ အဆိုပါဝန်ဆောင်ခကို ကုန်ပစ္စည်းတန်ဖိုး သို့မဟုတ် ငွေကြေးထောက်ပံ့မှုပမာဏ အပေါ် ရာခိုင်နှုန်းဖြင့် တွက်ချက်မည်ဖြစ်ပြီး၊ လျှောက်ထားချိန်တွင် သင့်အား ကြိုတင်အသိပေးဖော်ပြမည်ဖြစ်သည်။
၁၂-၂ ဝန်ဆောင်ခနှုန်းထားများကို Better မှ ကြွေးမြီ ဆုံးရှုံးနိုင်ခြေ အခြေအနေ၊ ချေးငွေ၏ သက်တမ်း၊ ဈေးကွက်အခြေအနေများနှင့် Better ၏ ဈေးနှုန်းသတ်မှတ်ရေးမူဝါဒများအပေါ် အခြေခံ၍ သတ်မှတ်မည်ဖြစ်သည်။ ထို့ကြောင့် ဝန်ဆောင်ခနှုန်းထားများသည် ဖောက်သည်တစ်ဦးနှင့်တစ်ဦးအကြား သို့မဟုတ် ကုန်ပစ္စည်းတစ်ခုနှင့်တစ်ခုအကြား ကွဲပြားနိုင်ပါသည်။
၁၂-၃ Better သည် လျှောက်လွှာအသစ်များအတွက် ဝန်ဆောင်ခနှုန်းထားများကို အချိန်မရွေး ပြောင်းလဲနိုင်သော်လည်း ဥပဒေအရ လိုအပ်သည်မှအပ ရယူထားပြီးသော လက်ရှိ ချေးငွေအတွက် သဘောတူထားပြီးဖြစ်သော ဝန်ဆောင်ခများကို တိုးမြှင့်ခြင်း ပြုလုပ်မည် မဟုတ်ပါ။
၁၂-၄ ချေးငွေကို အတည်ပြု၍ ထုတ်ယူပြီးပါက သင့်ထံ အသိပေးထားပြီးဖြစ်သော ဝန်ဆောင်ခများနှင့် ကျသင့်ငွေများကို ကန့်ကွက်ခြင်း၊ ပြန်လည်ညှိနှိုင်းခြင်း သို့မဟုတ် လျှော့ချပေးရန် တောင်းဆိုခြင်း ပြုလုပ်ခွင့်မရှိပါ။
၁၃။ ငွေတောင်းခံလွှာနှင့်စာရင်းးရှင်းတမ်းများ
၁၃-၁ Better သည် အပိုဒ်ခွဲ (၁၉) (ဆက်သွယ်ဆောင်ရွက်ခြင်းနှင့် အကြောင်းကြားစာ) အရ သတ်မှတ်ထားသော မိုဘိုင်းအက်ပ် သို့မဟုတ် အခြားဆက်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့် ငွေတောင်းခံလွှာကို ထုတ်ပေးမည်ဖြစ်ပါသည်။ အဆိုပါ ငွေတောင်းခံလွှာတွင် ကျန်ရှိနေသော မူရင်းချေးငွေပမာဏ၊ ထပ်တိုး အခကြေးငွေများ၊ကျသင့်သည့် ဒဏ်ကြေးများ (ရှိပါက) နှင့် နောက်တစ်ကြိမ် အရစ်ကျပေးချေရမည့် ငွေပမာဏနှင့် ပေးချေရမည့်ရက်တို့ကို ဖော်ပြထားမည်ဖြစ်သည်။
၁၃-၂ သင်သည် ငွေတောင်းခံလွှာတစ်စောင်ချင်းစီကို လက်ခံရရှိပြီးသည်နှင့် အမြန်ဆုံး စစ်ဆေးရမည်ဖြစ်ပြီး အချက်အလက်ကွဲလွဲမှုတစ်စုံတစ်ရာ တွေ့ရှိပါက Better မှ သတ်မှတ်ထားသော ကာလအတွင်း စာဖြင့်ရေးသား၍ Better ထံသို့ အကြောင်းကြားရမည်ဖြစ်သည်။ ထိုသို့ အကြောင်းကြားခြင်း မပြုပါက ထင်ရှားသော အမှားအယွင်းများမှအပ အဆိုပါ ငွေတောင်းခံလွှာပါ အချက်အလက်များကို တိကျမှန်ကန်ပြီး အတည်ဖြစ်သည်ဟု သတ်မှတ်မည်ဖြစ်သည်။
၁၃-၃ Better မှ သတ်မှတ်ထားသော ဆက်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် ငွေတောင်းခံလွှာကို ထုတ်ပေးရန် သင့်လျော်သော အဆင့်များကို ဆောင်ရွက်ထားပြီးဖြစ်ပါက၊ သင်သည် ငွေတောင်းခံလွှာကို လက်ခံရရှိခြင်းမရှိသော်လည်း ငွေပေးချေရန် သင်၏ တာဝန်ဝတ္တရားသည် ဆက်လက်တည်ရှိနေမည် ဖြစ်ပါသည်။
၁၄။ ငွေပေးချေရန် နောက်ကျခြင်း
၁၄-၁ Better သည် အပိုဒ်(၁၁) တွင် ဖော်ပြထားသော ဒဏ်ကြေးကို သက်ဆိုင်ရာ ကုန်ပစ္စည်းသတ်မှတ်ချက်များတွင် ဖော်ပြထားသည့်အတိုင်း ထပ်ဆောင်းနေ့စဉ် နောက်ကျပေးချေမှုဒဏ်ကြေးအဖြစ် တစ်ရက်လျှင် မြန်မာကျပ် (၂,၀၀၀) ကောက်ခံနိုင်ပါသည်။ သို့ရာတွင် ငွေပေးချေရန် နောက်ကျခြင်းနှင့်သက်ဆိုင်သော စုစုပေါင်းဒဏ်ကြေးနှင့် ဝန်ဆောင်ခများသည် ကျန်ရှိနေသော စုစုပေါင်းပေးရန်ငွေ၏ (၁၅%) ထက် မကျော်လွန်ရပါ။
၁၄-၂ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ ကျိုးကြောင်းဆီလျော်သော ကိုယ်ရေးအချက်အလက်ကာကွယ်မှုဆိုင်ရာ အစီအစဥ်များအတိုင်း Better သည် သင့်၏ ပေးချေမှုပျက်ကွက်ခြင်းကို အပိုဒ် (၁၉) တွင် ဖော်ပြထားသော Facebook Private Group အပါအဝင် Better ၏ တရားဝင်ဆက်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် အများပြည်သူသို့ အသိပေးကြေညာနိုင်သည်။
၁၄-၃ Better သည် ပိုဒ်ခွဲ ၂၂ နှင့် ၂၃ (ကိုယ်ရေးအချက်အလက် ကာကွယ်ခြင်းနှင့် ကိုယ်ရေးအချက်အလက် အသုံးပြုခြင်း) နှင့် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ သင်၏ ပေးချေမှုပျက်ကွက်မှုမှတ်တမ်းနှင့် ပြန်လည်ပေးဆပ်မှုမှတ်တမ်းများကို ကြွေးမြီဆိုင်ရာ အချက်အလက်ဗဟိုဌာနများ၊ သက်ဆိုင်ရာ စည်းကမ်းထိန်းသိမ်းရေး အာဏာပိုင်အဖွဲ့အစည်းများ သို့မဟုတ် ဥပဒေစိုးမိုးရေးအဖွဲ့အစည်းများထံ သတင်းပို့ တင်ပြနိုင်သည်။
၁၄-၄ ပေးချေရန်နောက်ကျမှုဖြစ်ပေါ်ပါက Better သည် လိုက်လံအကြောင်းကြားခြင်း၊ ဆက်သွယ်ဆောင်ရွက်ခြင်း၊ သင်၏ Wallet အကောင့်အတွင်းရှိ ငွေများမှ ပြန်လည်ပေးချေရမည့်ငွေကို နုတ်ယူခြင်း၊ ဥပဒေဆိုင်ရာ အသိပေးစာပေးပို့ခြင်းနှင့် အခြားလိုအပ်သော ဆောင်ရွက်မှုများကို ပြုလုပ်နိုင်ပါသည်။
၁၅။ ပြန်ဆပ်ငွေ ကြိုတင်ပေးသွင်းခြင်း
၁၅-၁ သင်သည် Better သို့ အကြောင်းကြားပြီး စာရင်းရှင်းလင်းသည့် ရက်စွဲအထိ ကျသင့်သော မူလချေးငွေပမာဏ၊ ပေးရန်ကျန်နေသော လက်ကျန်ငွေ ပမာဏအပြင် တိုးပွားလာသော အခကြေးငွေများ၊ ကျသင့်ငွေများနှင့် ဒဏ်ကြေးငွေ အားလုံးကို အပြည့်အဝ ပေးချေခြင်းဖြင့် ချေးငွေကို သတ်မှတ်ကာလမတိုင်မီ အပြည့်အဝ ပြန်လည်ပေးဆပ်နိုင်ပါသည်။
၁၅-၂ သတ်မှတ်ကာလမတိုင်မီ ပြန်လည်ပေးဆပ်သည့်အခါ၊ ယခင်က ပေးဆောင်ထားပြီးဖြစ်သော သို့မဟုတ် ကျသင့်ပြီးဖြစ်သော ဝန်ဆောင်ခနှင့် အခြားကျသင့်ငွေများကို တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ အပြည့်အဝဖြစ်စေ ပြန်လည်အမ်းပေးမည် မဟုတ်ပါ။
၁၅-၃ Better မှ စာရေးသား၍ အတိအလင်း အခြားနည်းဖြင့် သဘောတူထားခြင်းမှအပ ကြိုတင် ပြန်လည်ပေးဆပ်ခြင်းကြောင့် မူလကတည်းက သဘောတူထားသော အငှားဝယ်ယူမှုဆိုင်ရာ ကျသင့်ငွေများ၊ ဘဏ္ဍာရေးဆိုင်ရာ ကျသင့်ငွေများ သို့မဟုတ် ဝန်ဆောင်ခများကို လျှော့ချခြင်း၊ ပြန်အမ်းခြင်း သို့မဟုတ် ကင်းလွတ်ခွင့်ပေးခြင်း ပြုလုပ်မည် မဟုတ်ပါ။
၁၆။ ဖျက်သိမ်းခြင်း
၁၆-၁ ကုန်ပစ္စည်းကို ထုတ်ယူခြင်း၊ စတင်အသုံးပြုခြင်း သို့မဟုတ် သုံးစွဲခြင်းများ ပြုလုပ်ရသေးခြင်း မရှိပါက သက်ဆိုင်ရာ ကုန်ပစ္စည်းဆိုင်ရာ စည်းကမ်းချက်များတွင် ဖော်ပြထားသည့် ကာလအတွင်း သင်သည် လျှောက်လွှာ သို့မဟုတ် အတည်ပြုပြီးသော ချေးငွေမှာယူမှုမှ ပယ်ဖျက်နိုင်သည်။
၁၆-၂ သတ်မှတ်ထားသော ကာလကျော်လွန်ပြီးမှ တင်ပြသော ဖျက်သိမ်းရန်တောင်းဆိုချက်များ သို့မဟုတ် ကုန်ပစ္စည်းကို ထုတ်ယူပြီး၊ စတင်အသုံးပြုပြီး သို့မဟုတ် အသုံးပြုပြီးနောက် တင်ပြသော ဖျက်သိမ်းရန်တောင်းဆိုချက်များကို လက်ခံမည်မဟုတ်ပါ။ သို့ရာတွင် Better က မိမိ၏ ဆုံးဖြတ်ပိုင်ခွင့်အရ အခြားနည်းဖြင့် သဘောတူဆုံးဖြတ်ပါက ခြွင်းချက်အဖြစ် ဆောင်ရွက်နိုင်ပါသည်။
၁၆-၃ သင်၏ ဖျက်သိမ်းရန်တောင်းဆိုချက်သည် သတ်မှတ်ချက်များနှင့် ကိုက်ညီပြီး Better မှ လက်ခံအတည်ပြုပါက၊ လျှောက်ထားချိန်တွင် သင့်အား အသိပေးထားပြီး သင်သဘောတူထားသော ပြန်အမ်း၍မရသည့် ဝန်ဆောင်ခများ သို့မဟုတ် အခြားကျသင့်ငွေများကို နှုတ်ယူပြီးနောက် ကျန်ရှိသော ပြန်အမ်းရမည့်ငွေကို ပြန်လည်ပေးအပ်မည်ဖြစ်သည်။ ငွေပြန်အမ်းခြင်းကို သင်မူလငွေပေးချေခဲ့သော နည်းလမ်းမှတစ်ဆင့် သို့မဟုတ် Better မှ သင့်တော်သည်ဟုသတ်မှတ်သော အခြားနည်းလမ်းဖြင့် ကျိုးကြောင်းဆီလျော်သော ကာလအတွင်း ဆောင်ရွက်မည်ဖြစ်သည်။
၁၆-၄ Better သည် အထက်ဖော်ပြပါ သတ်မှတ်ချက်များနှင့် မကိုက်ညီသော ဖျက်သိမ်းရန် တောင်းဆိုချက်များကို ငြင်းပယ်နိုင်ပါသည်။ ဖျက်သိမ်းရန် တောင်းဆိုချက်၏ တရားဝင်မှု၊ ပြည့်စုံမှုနှင့် သတ်မှတ်ထားသော အချိန်အတွင်း တင်သွင်းထားခြင်း ရှိ၊ မရှိ နှင့် စပ်လျဉ်း၍ Better ၏ ဆုံးဖြတ်ချက်သည် ဥပဒေအရ အခြားနည်းဖြင့် သတ်မှတ်ထားခြင်း မရှိပါက အပြီးသတ်နှင့် အတည်ဖြစ်ပါသည်။
၁၇။ ပစ္စည်းပိုင်ဆိုင်မှု
၁၇-၁ ပစ္စည်း ပို့ဆောင်ပြီးခြင်း၊ သွားရောက်ထုတ်ယူခြင်း သို့မဟုတ် လက်ဝယ် ရရှိထားခြင်းတို့နှင့် မသက်ဆိုင်ဘဲ၊ သင်သည် မူလချေးငွေ ပမာဏ၊ အခကြေးငွေများ နှင့် ဒဏ်ကြေးငွေများ အပါအဝင် ပေးရန်ရှိသည်များကို အပြည့်အဝ ပေးချေပြီးသည်အထိ ငှားရမ်းဝယ်ယူခြင်းအစီအစဥ်ဖြင့် ဝယ်ယူထားသော ကုန်ပစ္စည်း၏ဥပဒေအရ ပိုင်ဆိုင်ခွင့်နှင့် အကျိုးခံစားခွင့်ဆိုင်ရာ ပိုင်ဆိုင်ခွင့်သည် Better (သို့မဟုတ် Better ၏ ဘဏ္ဍာရေး မိတ်ဖက်) ထံ၌သာ ဆက်လက် တည်ရှိမည် ဖြစ်သည်။
၁၇-၂ သင်သည် ပေးရန်ရှိသည့် ငွေပမာဏအားလုံးကို အပြည့်အဝပြန်လည်ပေးဆပ်ခြင်း မပြုမီ ကုန်ပစ္စည်းကို ရောင်းချခြင်း၊ ထပ်ဆင့် ငှားရမ်းခြင်း၊ ပေါင်နှံခြင်း၊ အာမခံပစ္စည်းအဖြစ် ပေးအပ်ခြင်း သို့မဟုတ် အခြားမည်သည့်နည်းလမ်းဖြင့်မဆို တတိယပုဂ္ဂိုလ်ထံ လွှဲပြောင်းခြင်း မပြုရပါ။
၁၇-၃ သင်သည် ဤသဘောတူညီချက်ပါ အရေးကြီးသော တာဝန်ဝတ္တရားများကို ဖောက်ဖျက်ပြီး၊ Better မှ အကြောင်းကြားပြီးနောက် သတ်မှတ်ထားသော ကာလအတွင်း ပြန်လည်ဖြေရှင်းခြင်း မပြုပါက၊ Better သည် မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ ကုန်ပစ္စည်းကို ကိုယ်တိုင်ဖြစ်စေ၊ ခွင့်ပြုထားသော ကိုယ်စားလှယ်များမှတစ်ဆင့်ဖြစ်စေ ပြန်လည်သိမ်းယူနိုင်ပါသည်။ ထို့အပြင် ပြန်လည်သိမ်းယူထားသော ကုန်ပစ္စည်း၏ တန်ဖိုးနှင့် သင်ပေးရန်ကျန်ရှိသော ငွေပမာဏအကြား ကွာဟချက်ရှိပါက၊ အဆိုပါ ကျန်ရှိသောငွေပမာဏကို သင့်ထံမှ ဆက်လက်တောင်းခံပိုင်ခွင့်ရှိပါသည်။
၁၈။ ဆက်သွယ်အကြောင်းကြားခြင်း
၁၈-၁ Better သည် အောက်ပါဆက်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် အသိပေးစာများ သို့မဟုတ် အခြားဆက်သွယ်မှုများကို ပေးပို့နိုင်ပါသည်-
(က) သင်၏ အီးမေးလ်လိပ်စာကို ပေးထားပါက အီးမေးလ် (Email) မှတစ်ဆင့်၊
(ခ)အာမခံသူနှင့်သက်ဆိုင်သော ကိစ္စရပ်များအတွက် သင်မှပေးထားသော အာမခံသူ၏ မိုဘိုင်းဖုန်းနံပါတ်အပါအဝင် သင်မှတ်ပုံတင်ထားသော မိုဘိုင်းဖုန်းနံပါတ်သို့ SMS မှတစ်ဆင့်၊
(ဂ) Viber မှတစ်ဆင့်၊
(ဃ) Better ၏ တရားဝင် Facebook Page မှတစ်ဆင့်၊
(င) Better မိုဘိုင်းအက်ပ်အတွင်းရှိ အသိပေးချက်များမှတစ်ဆင့်။
၁၈-၂ အထက်ဖော်ပြပါ လမ်းကြောင်းများမှ ပေးပို့လိုက်သည်နှင့် တစ်ပြိုင်နက် အကြောင်းကြားစာကို တရားဝင် ပေးပို့ပြီးဖြစ်ကာ လက်ခံရရှိပြီးဖြစ်သည်ဟု မှတ်ယူမည်ဖြစ်သည်။ Better ထံ ပေးအပ်ထားသော သင်၏ ဆက်သွယ်ရန် အချက်အလက်များကို နောက်ဆုံးအခြေအနေနှင့် ကိုက်ညီပြီး တိကျမှန်ကန်နေစေရန် ဆောင်ရွက်ထားရန်မှာ သင်၏ တာဝန်ဖြစ်သည်။
၁၈-၃ သက်ဆိုင်ရာ ဥပဒေများအရ ဆက်သွယ်မှုဆိုင်ရာ ကန့်သတ်ချက်များကို စီမံခန့်ခွဲနိုင်သည့် သင်၏ အခွင့်အရေးကို မထိခိုက်စေဘဲ၊ ဈေးကွက်ရှာဖွေရေး၊ ဝန်ဆောင်မှုပေးရေး နှင့် ကြွေးမြီ ပြန်လည်ကောက်ခံရေးဆိုင်ရာ အကြောင်းကြားချက်များ အပါအဝင် ဆက်သွယ်မှုများကို အဆိုပါ လမ်းကြောင်းများမှတစ်ဆင့် လက်ခံရယူရန် သင်သည် သဘောတူညီသည်။
၁၉။ အကောင့်ဖျက်သိမ်းခြင်း
၁၉-၁ သင်၏ Better အကောင့်ကို ဖျက်သိမ်းလိုပါက၊ Better ၏ မိုဘိုင်းအက်ပ်မှတစ်ဆင့် Better မှ သတ်မှတ်ထားသော လုပ်ငန်းစဉ်အတိုင်း အကောင့်ဖျက်သိမ်းရန် တောင်းဆိုချက်ကို တင်သွင်းရမည်ဖြစ်သည်။
၁၉-၂ အကောင့်ဖျက်သိမ်းရန် တောင်းဆိုသည့်အချိန်တွင် အောက်ပါအခြေအနေများအနက် တစ်ခုခုရှိပါက၊ သင်၏ တောင်းဆိုချက်ကို ဆောင်ရွက်ပေးမည် မဟုတ်ပါ။
(က) ပေးရန် ကျန်ရှိသော ငွေပေးချေမှုတာဝန်တစ်စုံတစ်ရာ ရှိခြင်း၊
(ခ) Better နှင့် သက်ဆိုင်သော ဥပဒေရေးရာ အမှုအခင်း သို့မဟုတ် အငြင်းပွားမှုတစ်ခု ဆက်လက်ဖြစ်ပွားနေခြင်း၊
(ဂ) Better စတိုးမှတစ်ဆင့် ဆောင်ရွက်ခဲ့သော ငှားရမ်းဝယ်ယူမှုနှင့်စပ်လျဉ်း၍ ရောင်းချသူနှင့် မဖြေရှင်းရသေးသော ပြဿနာတစ်စုံတစ်ရာ ရှိခြင်း။
၁၉-၃ အထက်ဖော်ပြပါ အခြေအနေများ မရှိပါက၊ Better သည် အကောင့်ဖျက်သိမ်းရန် တောင်းဆိုချက်ကို လက်ခံရရှိသည့်နေ့မှစ၍ ရက်ပေါင်း (၉၀) အတွင်း ဆောင်ရွက်ပေးမည်ဖြစ်သည်။
၁၉-၄ Better သည် ဥပဒေ၊ စည်းမျဉ်းစည်းကမ်း သို့မဟုတ် အန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ တာဝန်ဝတ္တရားများနှင့် ဆန့်ကျင်နိုင်သည့် အခြေအနေများအပါအဝင် မည်သည့်အကြောင်းကြောင့်မဆို အကောင့်ဖျက်သိမ်းရန် တောင်းဆိုချက်ကို မိမိ၏ ဆုံးဖြတ်ပိုင်ခွင့်အရ အတည်ပြုခြင်း သို့မဟုတ် ငြင်းပယ်ခြင်း ပြုလုပ်နိုင်သည်။
၁၉-၅ အကောင့်ဖျက်သိမ်းခြင်းကြောင့် အကောင့်မဖျက်သိမ်းမီ ဖြစ်ပေါ်ထားသော သင်၏ တာဝန်ဝတ္တရားများ ပျက်ပြယ်သွားမည် မဟုတ်ပါ။ သင်သည် ကျန်ရှိနေသော ငွေပေးချေမှုနှင့် အခြားတာဝန်ဝတ္တရားများအတွက် အပြည့်အဝ ဆက်လက်တာဝန်ယူရမည်ဖြစ်ပါသည်။ ထို့အပြင် Better သည် ငွေကြေးခဝါချမှုတားဆီးရေးနှင့် ဘဏ္ဍာရေးမှတ်တမ်း ထိန်းသိမ်းထားရှိခြင်းဆိုင်ရာ စည်းမျဉ်းများအပါအဝင် တည်ဆဲဥပဒေများက သတ်မှတ်ထားသည့် ကာလအထိ သင်နှင့်သက်ဆိုင်သော မှတ်တမ်းများကို ဆက်လက်သိမ်းဆည်းထားနိုင်သည်။
၂၀။ အကောင့်ရပ်စဲခြင်းနှင့် ပြန်ဆပ်ရန်ပျက်ကွက်ခြင်း
၂၀-၁ ဤသဘောတူညီချက်ကို ဖောက်ဖျက်ခြင်းအခြေအနေများတွင် သတ်မှတ်ထားသောအချိန်အတွင်း ပြန်လည်ပေးဆပ်ရန် ပျက်ကွက်ခြင်း၊ မမှန်ကန်သော၊ လှည့်ဖြားသော သို့မဟုတ် လိမ်လည်ထားသော အချက်အလက်များကို ပေးအပ်ခြင်း၊ ငှားရမ်းဝယ်ယူထားသော ကုန်ပစ္စည်းကို ခွင့်ပြုချက်မရှိဘဲ လွှဲပြောင်းခြင်း၊ အပိုဒ် (၁) "အရည်အချင်းပြည့်မီမှု" ပါ သတ်မှတ်ချက်များနှင့် မကိုက်ညီတော့ခြင်း၊ သင်၏ တာဝန်ဝတ္တရားများကို ဖောက်ဖျက်သည်ဟု Better မှ ကျိုးကြောင်းဆီလျော်စွာ သတ်မှတ်သော အခြားမည်သည့်ဆောင်ရွက်မှုမဆို စသော အလားတူအခြေအနေများ ပါဝင်သည်။
၂၀-၂ သင်သည် ဤသဘောတူညီချက်ကို ဖောက်ဖျက်ပါက၊ Better သည် အခြားဆောင်ရွက်မှုများအပြင် ကျန်ရှိသော ပေးရန်ငွေအားလုံးကို ချက်ချင်းပေးချေရန် တောင်းဆိုခြင်း၊ သင်၏ အကောင့်နှင့် ဝန်ဆောင်မှုအသုံးပြုခွင့်ကို ယာယီရပ်ဆိုင်းခြင်း၊ ပိတ်သိမ်းခြင်း သို့မဟုတ် ရပ်စဲခြင်း၊ အာမခံသူထံမှ ပေးချေရန် တောင်းဆိုခြင်း၊ ငွေကြေးထောက်ပံ့ထားသော ကုန်ပစ္စည်းကို ပြန်လည်သိမ်းယူခြင်း၊ ပေးချေမှုပျက်ကွက်မှုကို ကြွေးမြီဆိုင်ရာ အချက်အလက်ဗဟိုဌာနများ သို့မဟုတ် သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းများထံ အစီရင်ခံခြင်း၊ မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ ဥပဒေဆိုင်ရာ အရေးယူဆောင်ရွက်မှုများ ပြုလုပ်ခြင်းတို့အား ပြုလုပ်နိုင်သည်။
၂၀-၃ Better သည် ချေးငွေဝန်ဆောင်မှုကို ရပ်ဆိုင်းလိုက်ခြင်း အပါအဝင် မည်သည့် အကြောင်းရင်းကြောင့်မဆို အကြောင်းကြားစာ ပေးပို့၍ ဤသဘောတူညီချက်နှင့် သင်၏ အဖွဲ့ဝင်အဖြစ် တည်ရှိမှုကို မည်သည့်အချိန်၌မဆို ပယ်ဖျက်နိုင်ပြီး၊ ရပ်စဲခြင်းမတိုင်မီ ဖြစ်ပေါ်ပြီးသား တာဝန်ဝတ္တရားများကို အကျိုးသတ်ရောက်စေမည် မဟုတ်ပါ။
၂၀-၄ Better မှ ရပ်စဲခြင်းဖြစ်စေ၊ အကောင့်ဖျက်သိမ်းခြင်းမှတစ်ဆင့် ရပ်စဲခြင်းဖြစ်စေ၊ ဤသဘောတူညီချက် မရပ်စဲမီ ဖြစ်ပေါ်ထားသော အခွင့်အရေးများ၊ တာဝန်ဝတ္တရားများနှင့် ဥပဒေဆိုင်ရာ တာဝန်ခံမှုများကို ထိခိုက်စေမည် မဟုတ်ပါ။
၂၁။ မူဝါဒနှင့် လုံခြုံရေး
၂၁-၁ Better သည် ချေးငွေကို ထောက်ပံ့ပေးရန်၊ စီမံခန့်ခွဲရန်နှင့် တိုးတက်ကောင်းမွန်စေရန်၊ ထို့ပြင် မြန်မာနိုင်ငံ ဥပဒေများကို လိုက်နာရန်အတွက် သင်၏ မည်သူမည်ဝါဖြစ်ကြောင်း၊ ဆက်သွယ်ရန်၊ အလုပ်အကိုင်၊ ဘဏ္ဍာရေးနှင့် ငွေကြေးပေးချေမှုဆိုင်ရာ အချက်အလက်များ အပါအဝင် သင်၏ ကိုယ်ရေးအချက်အလက်များကို ကောက်ယူခြင်း၊ စိစစ်ဆောင်ရွက်ခြင်းနှင့် သိမ်းဆည်းခြင်းတို့ ပြုလုပ်သည်။
၂၁-၂ Better သည် အထက်ဖော်ပြပါ ရည်ရွယ်ချက်များအတွက် လိုအပ်သည့်ကာလအထိသာ သင်၏ ကိုယ်ရေးအချက်အလက်များကို သိမ်းဆည်းထားမည်ဖြစ်ပါသည်။ သို့သော် ငွေကြေးခဝါချမှုတားဆီးရေး စည်းမျဉ်းများအပါအဝင် မှတ်တမ်းထိန်းသိမ်းထားရှိရန် ဥပဒေအရ သတ်မှတ်ထားသော တာဝန်ဝတ္တရားများရှိပါက ယင်းကာလထက် ပိုမိုကြာမြင့်စွာ သိမ်းဆည်းထားနိုင်ပါသည်။
၂၁-၃ Better သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ် ၏ စည်းမျဉ်းစည်းကမ်းများနှင့် အခြားသက်ဆိုင်ရာ မြန်မာနိုင်ငံ၏ ကိုယ်ရေးအချက်အလက်ကာကွယ်ရေးနှင့် လျှို့ဝှက်ထားရှိရေးဆိုင်ရာ ဥပဒေများနှင့်အညီ သင်၏ ကိုယ်ရေးအချက်အလက်များကို ကိုင်တွယ်ဆောင်ရွက်ပါသည်။
၂၁-၄ ဤသဘောတူညီချက်ကို လက်ခံခြင်းအားဖြင့် သင်သည် အပိုဒ် (၁၈) "ဆက်သွယ်အကြောင်းကြားခြင်း" တွင် ဖော်ပြထားသော ဆက်သွယ်ရေးလမ်းကြောင်းများမှတစ်ဆင့် Better ထံမှ ဝန်ဆောင်မှုဆိုင်ရာ အကြောင်းကြားချက်များ၊ ကြွေးမြီကောက်ခံခြင်းဆိုင်ရာ ဆက်သွယ်မှုများနှင့် အရောင်းမြှင့်တင်ရေးဆိုင်ရာ သတင်းအချက်အလက်များကို လက်ခံရရှိရန် သဘောတူပါသည်။ ထို့အပြင် သင်၏ အာမခံသူထံသို့ SMS မှတစ်ဆင့် အာမခံသူသဘောတူညီချက်ပုံစံကို ပေးပို့ရန်လည်း သင်သဘောတူပါသည်။
၂၁-၅ Better သည် အာမခံသူ၏ ကိုယ်ရေးအထောက်အထား၊ ဆက်သွယ်ရန်အချက်အလက်နှင့် လိပ်စာအချက်အလက်များအပါအဝင် အာမခံသူနှင့်သက်ဆိုင်သော အချက်အလက်များကို အတည်ပြုစစ်ဆေးရန်နှင့် လိမ်လည်မှုဖြစ်ပွားသည့်အခြေအနေများ သို့မဟုတ် သင့်အား ဆက်သွယ်၍မရသည့် အခြေအနေများတွင် ဆက်သွယ်ရန်အတွက် စုဆောင်းခြင်း၊ အသုံးပြုခြင်း၊ စီမံဆောင်ရွက်ခြင်းနှင့် သိမ်းဆည်းထားခြင်းတို့ကို ဆောင်ရွက်နိုင်ပါသည်။
၂၁-၆ ဤသဘောတူညီချက်ကို မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ နှစ်မျိုးဖြင့် ပြုစုထားပါသည်။ ဘာသာနှစ်မျိုးအကြား ကွဲလွဲမှုတစ်စုံတစ်ရာရှိပါက နှစ်မျိုးစလုံးကို လက်ခံနိုင်သော စာတမ်းများအဖြစ် မှတ်ယူပြီး စာချုပ်ဝင်နှစ်ဖက်၏ ဘုံရည်ရွယ်ချက်ကို ဖော်ထုတ်နိုင်ရန် ပူးတွဲဖတ်ရှုရမည်ဖြစ်ပါသည်။ သို့သော် မြန်မာနိုင်ငံ၏ တရားရုံးများ သို့မဟုတ် စည်းမျဉ်းထိန်းသိမ်းရေးအာဏာပိုင်များရှေ့တွင် ဥပဒေအရ အခြားသတ်မှတ်ထားခြင်းမရှိပါက အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော စာသားကိုသာ ဦးစားပေး အတည်ပြုမည်ဖြစ်ပါသည်။
၂၂။ ကိုယ်ရေးအချက်အလက်အသုံးပြုခြင်း
၂၂-၁ Better သည် အောက်ပါတို့အတွက် သင်၏ ကိုယ်ရေးအချက်အလက်များကို စိစစ်ဆောင်ရွက်သည် - အရည်အချင်း ပြည့်မီမှုနှင့် ကြွေးမြီ ပေးဆပ်နိုင်စွမ်း ဆန်းစစ်ခြင်း၊ အကောင့် စီမံခန့်ခွဲခြင်းနှင့် ဝန်ဆောင်မှု ပေးအပ်ခြင်း၊ လိမ်လည်လှည့်ဖြားမှု ကာကွယ်ခြင်းနှင့် ဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲခြင်း၊ ကြွေးမြီ ပြန်လည်ကောက်ခံခြင်းနှင့် ပြန်လည်ရယူခြင်း၊ စည်းမျဉ်းစည်းကမ်းဆိုင်ရာ သတင်းပို့ တင်ပြခြင်းနှင့် လိုက်နာဆောင်ရွက်ခြင်း၊ နှင့် ထုတ်ကုန်နှင့် ဝန်ဆောင်မှု တိုးတက်ရေးတို့ ဖြစ်သည်။ အာမခံသူ၏ အချက်အလက်များအတွက်မူ အာမခံသူ ဖြစ်နိုင်သည့် အရည်အချင်း၊ လိမ်လည်လှည့်ဖြားမှု ကာကွယ်ခြင်းနှင့် ဆက်သွယ်ရန် လမ်းကြောင်းအဖြစ် အသုံးပြုသည်။
၂၂-၂ Better သည် အပိုဒ် (၄) နှင့် အပိုဒ် (၅) တို့အရ အလုပ်အကိုင်နှင့် ချိတ်ဆက်ထားသော အကျိုးခံစားခွင့်များကို စီမံဆောင်ရွက်ရန် လိုအပ်သည့်အတိုင်းသာ သင့်၏ ကိုယ်ရေးအချက်အလက်များကို မိတ်ဖက်အဖွဲ့အစည်းများ၊ WavePay ကဲ့သို့သော ငွေပေးချေမှုဝန်ဆောင်မှုပေးသူများ၊ ကြွေးမြီဆိုင်ရာ အချက်အလက်အေဂျင်စီများနှင့် ကျွမ်းကျင်ပညာရှင် အကြံပေးသူများအား သင့်လျော်သော လျှို့ဝှက်ထားရှိမှုနှင့် ကိုယ်ရေးအချက်အလက်ကာကွယ်ရေး အစီအမံများဖြင့် မျှဝေပေးနိုင်ပါသည်။
၂၂-၃ Better သည် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် အကြမ်းဖက်မှုကို ဘဏ္ဍာရေးထောက်ပံ့မှု တိုက်ဖျက်ရေးဆိုင်ရာ တာဝန်ဝတ္တရားများ အပါအဝင် ဥပဒေအရ လိုအပ်ပါက သို့မဟုတ် ခွင့်ပြုထားပါက သင်၏ ပျက်ကွက်မှုနှင့် ပြန်လည်ပေးဆပ်မှု မှတ်တမ်းများ အပါအဝင် သင်၏ ကိုယ်ရေးအချက်အလက်များကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ကြွေးမြီဆိုင်ရာ အချက်အလက်ဗဟိုဌာနများ၊ ဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ နှင့် အခြား သက်ဆိုင်ရာ အာဏာပိုင်များထံ သတင်းပို့ တင်ပြနိုင်သည်။
၂၃။ စည်းမျဥ်းများ ပြင်ဆင်ခြင်း
၂၃-၁ Better သည် ဥပဒေ၊ စည်းမျဉ်းများ သို့မဟုတ် Better ၏ လုပ်ငန်း သို့မဟုတ် ဆုံးရှုံးနိုင်ခြေဆိုင်ရာ မူဝါဒများ ပြောင်းလဲမှုကို ထိန်းညှိရန် အပါအဝင် ဤသဘောတူညီချက်၏ မည်သည့် အစိတ်အပိုင်းကိုမဆို ကြိုတင် အကြောင်းကြားစာ ပေးပို့ခြင်း မရှိဘဲ မည်သည့်အချိန်၌မဆို ပြင်ဆင်ခြင်း၊ မွမ်းမံခြင်း၊ ဖြည့်စွက်ခြင်း သို့မဟုတ် အစားထိုးခြင်းတို့ ပြုလုပ်နိုင်သည်။
၂၃-၂ ပြင်ဆင်ပြောင်းလဲချက်များကို အပိုဒ်ခွဲ ၁၉ ပါ လမ်းကြောင်းများမှတစ်ဆင့် အကြောင်းကြားမည် ဖြစ်သည်။ အကြောင်းကြားပြီးနောက် Better ၏ ဝန်ဆောင်မှုများကို ဆက်လက် အသုံးပြုခြင်းသည် ပြင်ဆင်ထားသော စည်းကမ်းချက်များကို သင်က လက်ခံသည်ဟု အဓိပ္ပာယ်ရသည်။
၂၃-၃ Better သည် ဤသဘောတူညီချက်၏ ဗားရှင်းမှတ်တမ်း(ဆင့်ကဲပြောင်းလဲခြင်းမှတ်တမ်း)နှင့် အကျိုးသက်ရောက်သည့်နေ့ အပါအဝင် ဤသဘောတူညီချက်ကို အချိန်မရွေး မွမ်းမံပြင်ဆင်နိုင်ပါသည်။ အသစ်ထုတ်ပြန်သော ဗားရှင်းတစ်ခုစီသည် ၎င်းတွင် ဖော်ပြထားသော အကျိုးသက်ရောက်သည့်နေ့မှစ၍ ယခင်ဗားရှင်းအားလုံးကို အစားထိုးမည်ဖြစ်သည်။
၂၄။ အဆင်မပြေမှုများ
၂၄-၁ သင်သည် Better နှင့် ပတ်သက်၍ အဆင်မပြေသည့် အကြောင်းကိစ္စများကို သုံးစွဲသူ ဝန်ဆောင်မှု ဆက်သွယ်ရေး ဖုန်းနံပါတ်၊ အီးမေးလ် သို့မဟုတ် Better မှ သတ်မှတ်ထားသော အခြား လမ်းကြောင်းတစ်ခုခုမှတစ်ဆင့် ဆက်သွယ်ပြောကြားနိုင်သည်။
၂၄-၂ Better သည် သင်၏ ဝန်ဆောင်မှုများအား တစ်စုံတစ်ရာကြောင့် မကျေနပ်မှုများကို သင့်တော်သော ကာလတစ်ခုအတွင်း လက်ခံရရှိကြောင်း အကြောင်းကြားမည်ဖြစ်ပြီး Better ၏ တိုင်ကြားမှုဆိုင်ရာ မူဝါဒများ၊ မြန်မာနိုင်ငံ၏ စားသုံးသူ ကာကွယ်ရေးဆိုင်ရာ လိုအပ်ချက်များနှင့်အညီ စုံစမ်းစစ်ဆေး၍ ဖြေရှင်းပေးရန် သင့်တော်သော ကြိုးပမ်းမှုများကို ပြုလုပ်ဆောင်ရွက်မည်။
၂၄-၃ ထိုသို့ ဖြေရှင်းပေးမှုအပေါ် သင့်ဘက်မှ စိတ်ကျေနပ်မှု မရှိသေးပါက Better ၏ ဌာနတွင်း အဆင့်ဆင့် တိုင်ကြားရေး လမ်းကြောင်းမှတစ်ဆင့် အထက်သို့ တင်ပြနိုင်ပြီး၊ ထို့နောက်တွင် လိုအပ်ပါက သက်ဆိုင်ရာ စည်းမျဉ်းထိန်းသိမ်းရေး အာဏာပိုင်ထံသို့သော်လည်းကောင်း၊ အပိုဒ်ခွဲ ၂၇ (အုပ်ချုပ်သည့် ဥပဒေ) ပါ အငြင်းပွားမှု ဖြေရှင်းရေး နည်းလမ်းများမှတစ်ဆင့်သော်လည်းကောင်း ဆက်လက် ဆောင်ရွက်နိုင်သည်။
၂၅။ ဝာာဝန်များ
၂၅-၁ သင်သည် Better ၏ ကြိုတင်ရေးသားထားသော သဘောတူညီချက်မရှိဘဲ၊ ဤသဘောတူညီချက်အရ သင်၏ အခွင့်အရေးများ သို့မဟုတ် တာဝန်ဝတ္တရားများကို လွှဲပြောင်းခြင်း၊ လက်လွှဲခြင်း သို့မဟုတ် စာချုပ်အစားထိုးခြင်း တို့ကို မပြုလုပ်ရပါ။ ထိုသို့ ဆောင်ရွက်ရန် ကြိုးပမ်းမှုမှန်သမျှသည် တရားဝင်အကျိုးသက်ရောက်မှု မရှိပါ။
၂၅-၂ Better သည် ဤသဘောတူညီချက်အရ သင်၏ အခွင့်အရေးများနှင့် တာဝန်ဝတ္တရားများကို သင်၏ သဘောတူညီချက်မလိုအပ်ဘဲ၊ ဆက်စပ်အဖွဲ့အစည်း၊ လုပ်ငန်းဆက်ခံသူ သို့မဟုတ် တတိယအဖွဲ့အစည်း ဘဏ္ဍာရေး/ဝန်ဆောင်မှုပေးသည့် မိတ်ဖက်အဖွဲ့အစည်း ထံသို့ သင်၏ သဘောတူညီချက် မပါဘဲ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲပြောင်းခြင်း သို့မဟုတ် စာချုပ်သစ်ဖြင့် အစားထိုး လွှဲပြောင်းခြင်းများ ပြုလုပ်နိုင်သည်။
၂၆။ အုပ်ချုပ်ရေး ဥပဒေ
၂၆-၁ ဤသဘောတူညီချက်၏ တည်ရှိမှု၊ တရားဝင်မှု သို့မဟုတ် ရပ်စဲမှု အပါအဝင် ဤသဘောတူညီချက်မှ ပေါ်ပေါက်လာသော မည်သည့် အငြင်းပွားမှုကိုမဆို မှန်ကန်စွာ ညှိနှိုင်း ဆောင်ရွက်မည်ဖြစ်ပြီး၊ ထိုသို့ ညှိနှိုင်း၍ မပြေလည်ပါက မြန်မာအနုညာတစီရင်ရေးဥပဒေ အရ မြန်မာနိုင်ငံအတွင်း ခုံသမာဓိဖြင့် ဖြေရှင်းခြင်း သို့မဟုတ် Better ၏ ရွေးချယ်မှုအရ သီးသန့် စီရင်ပိုင်ခွင့်ရှိသော ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ သက်ဆိုင်ရာ တရားရုံးများသို့ တင်ပြ ဖြေရှင်းရမည်။
၂၇။ အထွေထွေပြဋ္ဌာန်းချက်များ
၂၇-၁ ဤသဘောတူညီချက်၏ မည်သည့်ပြဋ္ဌာန်းချက်ကိုမဆို တရားရုံး သို့မဟုတ် အနုညာတစီရင်ရေးအဖွဲ့က တရားမဝင်ခြင်း၊ ဥပဒေနှင့်မညီညွတ်ခြင်း သို့မဟုတ် အတည်ပြုအကောင်အထည်ဖော်၍ မရနိုင်ကြောင်း ဆုံးဖြတ်ပါက၊ အဆိုပါပြဋ္ဌာန်းချက်ကို လိုအပ်သည့်အတိုင်းအတာအထိသာ ဖယ်ရှားမည်ဖြစ်ပြီး၊ ကျန်ရှိသော ပြဋ္ဌာန်းချက်များသည် အပြည့်အဝ တရားဝင်ပြီး ဆက်လက်အာဏာသက်ရောက်မှုရှိမည်ဖြစ်သည်။
၂၇-၂ Better သည် ဤသဘောတူညီချက်ပါ အခွင့်အရေး၊ လုပ်ပိုင်ခွင့် သို့မဟုတ် အရေးယူ ကုစားပိုင်ခွင့် တစ်ခုခုကို ချက်ချင်း သုံးစွဲခြင်း မပြုပါက Better အနေဖြင့် အဆိုပါ အခွင့်အရေးကို ပယ်ဖျက်လိုက်သည်ဟု အဓိပ္ပာယ် မရပါ။ Better သည် နောက်ပိုင်းတွင် အခြား ရရှိနိုင်သော အခွင့်အရေး သို့မဟုတ် အရေးယူ ဆောင်ရွက်ပိုင်ခွင့်များနှင့်အတူ အဆိုပါ အခွင့်အရေးကို အပြည့်အဝဖြစ်စေ၊ အစိတ်အပိုင်းလိုက်ဖြစ်စေ ဆက်လက် သုံးစွဲနိုင်သည်။
၂၇-၃ ဤသဘောတူညီချက်သည် Better နှင့် သင်တို့အကြားသာ အကျုံးဝင်မည်ဖြစ်ပြီး၊ အခြားနည်းဖြင့် အတိအလင်းဖော်ပြထားခြင်းမရှိပါက၊ ဤသဘောတူညီချက်တွင် ပါဝင်သူမဟုတ်သော မည်သူမဆို ဤသဘောတူညီချက်အရ မည်သည့် အကျိုးခံစားခွင့်ကိုမျှ တောင်းဆိုပိုင်ခွင့် သို့မဟုတ် စည်းကမ်းချက်များကို အတည်ပြု ဆောင်ရွက်ခွင့် မရှိပါ။
၂၇-၄ ဤသဘောတူညီချက်သည် သက်ဆိုင်ရာ ဝန်ဆောင်မှုနှင့် ကုန်ပစ္စည်းငှားရမ်းဝယ်ယူမှုအလိုက် စည်းကမ်းချက်များ၊ အာမခံသူ သဘောတူညီချက်များ နှင့် ရည်ညွှန်း ဖော်ပြထားသော ထုတ်ဖော်ပြောကြားချက်များနှင့်အတူ ဤအကြောင်းအရာနှင့် ပတ်သက်၍ သင့်နှင့် Better အကြား ပြုလုပ်ထားသော သဘောတူညီချက်တစ်ရပ်လုံးကို ဖွဲ့စည်းထားခြင်းဖြစ်ပြီး၊ ယခင်က စာဖြင့်ဖြစ်စေ၊ နှုတ်ဖြင့်ဖြစ်စေ ပြုလုပ်ထားသော နားလည်သဘောတူမှုများနှင့် သဘောတူညီချက်များအားလုံးကို အစားထိုးသက်ရောက်မည်ဖြစ်သည်။
Comments
0 comments
Please sign in to leave a comment.